
ဘေးနားမှာလှဲနေတဲ့ သူမဟာ အသက်ရှုတွေကြပ်နေတဲ့ သားဖြစ်သူသက်သာစေဖို့ ခေါင်းအုံးတစ်လုံးကိုယူကာ ကူညီ ပေးခဲ့ပါတယ်။ “ဒါကို အဆုံးသတ်ရမယ်လို့ ကျွန်မတွေးတယ်။ ကျွန်မဆက်ပြီးမခံစားနိုင်တော့ဘူး။ ခေါင်းအုံးကို သူ့မျက်နှာပေါ်ထားလိုက်တယ်။ ကျွန်မဖယ်လိုက်တဲ့အချိန်မှာ သူထွက်သွားခဲ့ပြီ” လို့ သူမကပြောကြားခဲ့ပါတယ်။
ဖမ်းဆီးပြီး ရုံးတင်ခဲ့သော်လည်း သူမကြောင့် နီဂျဲလ်သေခဲ့ရတာမဟုတ်ဘူးလို့ ခွဲစိတ်စစ်ဆေးမှုက တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်အာမခံနဲ့လွတ်မြောက်ခဲ့ပါတယ်။ ဒီရောဂါခံစားရသူဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ကြောက်စရာကောင်းလောက်အောင် ခံစားရပါတယ်။ ရောဂါဟာ ဦးနှောက်တွင်းက အာရုံကြောတွေကို ဖျက်ဆီးပြစ်ပြီး မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တာကြောင့် ဖခင်ဖြစ်သူ ကန်းနက်ဟာလည်း ၄၂နှစ်အရွယ်မှာ ဒီရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ယောက်ျားဖြစ်သူ ဒီရောဂါနဲ့ သေဆုံးခဲ့လို့ ဒီရောဂါအကြောင်း ကောင်းကောင်းသိနေခဲ့တဲ့ ပရက်တန်ဟာ သူ့သားမှာ ဒီရောဂါရှိကြောင်း သိခဲ့တဲ့နေ့ကို ပြန်ပြောခဲ့ပါသေးတယ်။
“နီဂျဲလ်က ကတ်လေးတွေမှာ ပုံဆွဲရတာကြိုက်တယ်။ မွေးနေ့ကတ်တို့၊ ခရစ်စမတ်တို့အတွက် လက်လုပ်ကတ်လေးတွေ ကျွန်မအမြဲရတယ်။ တစ်နေ့တော့ ဆိုင်က ဝယ်လာတဲ့ကတ်ကို ကျွန်မကို ပေးတယ်။ ကျွန်မသိလိုက်တယ်။ သူ မဆွဲနိုင်တော့ဘူး။သူ့မှာ ဟန်တင်တန်ရှိနေပြီ” နီဂျဲလ်ရဲ့ ၄၂ နှစ်ပြည့်မွေးနေ့မှာတော့ “ကျွန်မတို့ အပြင်ကိုသွားကြတယ်။ ပြီးတော့ တိုက်ခန်းကိုပြန်ချင်တယ်လို့ သူကပြောတယ်။ အိမ်ပြန်ရောက်တော့ နီဂျဲလ်က “ကျွန်တော့် သူငယ်ချင်း တွေက ကျွန်တော်လိုချင်တာ ပေးတယ်” လို့ပြောပြီး ဘိန်းဖြူနဲ့ ဆေးထိုးအပ်ကို ထုတ်လာ တယ်လို့ဆိုပါတယ်။
“ဟီးရိုးအင်း တွေကိုမြင်တာနဲ့ ကျွန်မတွေးတယ်။ ဒါဟာ သူ့အတွက်အကောင်း ဆုံးလမ်းပဲ” သားအမိနှစ်ယောက် စကားတွေပြောရင်း အိပ်ပျော်သွားခဲ့ပါတယ်။ သူမ ပြန်နိုးလာတော့ နီဂျဲလ်ဟာ နှုတ်ခမ်းတွေပြာနှမ်းပြီး အသက်ရှုရခက်ခဲနေခဲ့ပါပြီ။
သားသေဆုံးပြီး နောက်မှာတော့ နာရီဝက်လောက် သူမထိုင်နေခဲ့ပါတယ်။ နောက်တော့ ရဲတွေကို ဖုန်းဆက်ခေါ်ပြီး အဖြစ်အပျက်တွေ အားလုံးပြောပြခဲ့ပါတယ်။ “ဒါဟာ ကျွန်မရင်ထဲမှာ သိမ်းထားလို့ရတဲ့ အရာမဟုတ်ပါဘူး” လို့ ပရက်တန်က ဆိုပါတယ်။ သူ့ကိုလွတ်ပေးတော့ တရားသူကြီး ဂရေဟမ်ဘိုးက ပြောခဲ့ပါတယ်။
“ခင်ဗျားအကြောင်းဟာ အသည်းနှလုံးတွေရဲ့ အမာကြောဆုံးပိုင်းကို လှုပ်ရှားသွားစေလိမ့်မယ်” နီဂျဲလ်ရဲ့အစ်ကို ဖီးလစ်ကလည်း သူ့ညီသေပြီးနောက်ပိုင်း အသက် ၄၈ နှစ်အရွယ်မှာ ဒီရောဂါနဲ့သေဆုံးခဲ့ပါတယ်။
www.mmdailystar.com