
ဂျာမနီ၏ ဒရက်စ်ဒန် တက္ကသိုလ်နှင့် ဗြိတိန်၏ ကင်းကောလိပ် တက္ကသိုလ်တို့ ပူးပေါင်းစီစဉ်သည့် နည်းပညာနှင့် ပတ်သက်ပြီး ကင်မရွန်က “ဒါဟာ တစ်ကမ္ဘာလုံးက သုတေသီတွေအတွက်တော့ ဧရာမ ဆုလာဘ်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ 5Gနည်းပညာသစ်ဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲဖို့ ခမ်းနားကြီးကျယ်လှတဲ့ အလားအလာကောင်းတွေ ရှိနေပြီးသားပါ။ ကျွန်တော်တို့ဟာ စက်မှုတော်လှန်ရေး အသစ်တစ်ခုကို ဖန်တီးဖို့ အနီးစပ်ဆုံး ဖြစ်နေပါပြီ။ ဗြိတိန်နဲ့ ဂျာမနီက ဒါကို အတူပူးတွဲ ဦးဆောင်သွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ 5Gကွန်ရက်သစ် စမ်းသပ်တည်ထောင်မှု ကဏ္ဍအတွက် ပေါင်စတာလင် (၇၃)သန်းကို သုတေသန အသုံးစရိတ်အဖြစ် စတင်မြှုပ်နှံမည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည်လည်း လက်ရှိ 4Gကွန်ရက်များထက် အဆ(၁၀၀၀) မြန်နှုန်းမြင့်မည့် 5Gကွန်ရက်ကို သုတေသနပြု စမ်းသပ်မှု စတင်တော့မည်ဟုလည်း သတင်းများက ဖော်ပြထားသည်။
www.mmdailystar.com