အရာရှိဟောင်း စစ်သည်ဟောင်းဆိုသူတွေ မိမိတပ်ရဲ့ တပ်တည်တချို့ ကို FB လို နေရာမျိုးမှာ စည်းမဲ့ ကမ်းမဲ့ လျှောက်ဖေါ်ပြကြတာကို ကိုရဲမိုး အကောင့်မှာ ရေးထားတာတွေ့လိုက်ရတယ်။
တပ်မတော်က တပ်တည်တွေ၊ စစ်အင်္ဂါစဉ်တွေဆိုတာ သာမန်ပြည်သူတောင် သိလို့မဖြစ်ပါဘူး။
အရာရှိတစ်ယောက်လုပ်ခဲ့ဖူးပြီး ဒီလောက်ကလေးမှ နားမလည်ရင်လည်း ခင်ဗျားတို့ အမျိုးသား သစ္စာဖေါက်တွေဖြစ်သွားကြမှာပဲ...။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ကျွန်တော် တပ်ကထွက်ပြီး ကော့သောင်းကိုရောက်တယ်။ စီးပွားရေးမပြေလည်လို့ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ဟိုဘက်ကမ်းမှာနေတဲ့ အသိတစ်ယောက်က ယိုးဒယားသူဌေးဆီမှာ အလုပ်သွင်းပေးမယ်၊ လစာလည်းကောင်းတယ်၊ လုပ်မလားလို့မေးတယ်။
ဘာလုပ်ရမှာလဲလို့မေးတော့ ကျွန်တော်က ခြေမြန်တပ်ရင်းတစ်ရင်းမှာ ဆက်သွယ်ရေးစက် ကိုင်လာတဲ့သူဆိုတော့ ပင်လယ်ထဲက မြန်မာရေတပ်၊ ကြည်းတပ်က ဆက်သွယ်မှုတွေကို ဖမ်းပေးရမယ်တဲ့..။
ဟ..မင်းဟာက ငါတို့ စစ်တပ်ရဲ့တပ်တည်တွေကို ဖမ်းခိုင်းနေတာပဲ။ ဒါတိုင်းပြည်ကို သစ္စာဖေါက်တာနဲ့ အတူတူပဲလေ။ မလုပ်ဘူးကွာလို့ ကျွန်တော် ပြန်ပြောတော့ သူက ခင်ဗျား ပင်စင်ဘယ်လောက်ရလဲတဲ့။ ကျွန်တော်က တစ်ပြားမှ မရဘူးလို့ ပြန်ပြောလိုက်တယ်။
ဒါနဲ့သူက "တခြားသူတွေလည်း လုပ်နေကြတာပဲ၊ စားစရာမရှိဘဲနဲ့ ခင်ဗျားက စစ်တပ်ကို ဘာတွေ သစ္စာစောင့်သိနေရတာလဲ..."တဲ့။
ပညာမဲ့တဲ့သူရှေ့မှာ ပညာအကြောင်းပြောလို့မရဘူး၊ သီလမရှိတဲ့သူရှေ့မှာ သီလအကြောင်းပြောလို့ မရဘူး ဆိုတဲ့အတိုင်းပါပဲ။ တိုင်းပြည်ချစ်စိတ်မရှိတဲ့သူရှေ့မှာ ကျွန်တော်ထွေထွေထူးထူး ရှင်းပြ မနေတော့ပါဘူး။ ရှင်းပြလည်း သူခံစားနားလည်နိုင်မှာမှ မဟုတ်တာ။
ဒီလစာမျိုး ခင်ဗျား အပြင်မှာ မရဘူးနော် လို့ပြောသေးတယ်၊ ကျွန်တော်ကလည်း အေး ဘာအလုပ်မှမရရင် ကုန်ထမ်းစားမယ်ကွာလို့ ပြောလိုက်ပါတယ်။
သူကလည်း ကျွန်တော့်ကို ရွဲ့ပြီး "ချစ်ချစ်.....သေအောင်ချစ်၊ ခင်ဗျားတို့ ဘိုးတော်တွေ၊ အဘ တွေက ဘီလျံနာတွေ ဖြစ်နေတဲ့ အချိန်မှာ ခင်ဗျားတို့လို အရူးထတဲ့သူတွေက တစ်ပြားမှ မရဘဲချစ်နေကြ ကိုယ့်ဘာသာအငတ်ခံနိုင်ရင် နေပေါ့..."တဲ့။
စစ်တပ်ကိုမုန်းတာနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အလေးမထားဘဲ ကိုယ့်ဝမ်းစာအတွက် တိုင်းပြည် လုံခြုံရေးထိခိုက်မယ့် သတင်းမျိုးကို ထုတ်ဖေါ်ရောင်းစားတယ်ဆိုတာ သူတောင်းစား ထက် အောက်တန်းကျတဲ့အလုပ်ပါ။
ကျွန်တော် ဘယ်တော့မှ သူတောင်းစားထက် အောက်တန်းကျတဲ့အလုပ်မျိုးမလုပ်ဘူး။
From: ရဲကျော်သူရတပ်မတော်က တပ်တည်တွေ၊ စစ်အင်္ဂါစဉ်တွေဆိုတာ သာမန်ပြည်သူတောင် သိလို့မဖြစ်ပါဘူး။

www.mmdailystar.com