Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ် အနိုင်ယူမည်ဟု သူရ ဦးရွှေမန်း ပြောကြား

$
0
0
ကြားဖြတ် ရွေးကောက် ပွဲနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု  အများဆုံး ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကြံ့ခိုင်ရေးက ယင်းသို့ အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုထားကြောင်း သူရ ဦးရွှေမန်းက ထပ်လောင်း ပြောဆိုသည်။ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေသူ သူရ ဦးရွှေမန်းက မတ်လ ၆ ရက်နေ့တွင် လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အပြတ် အနိုင်ရအောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ NLD ပါတီကို အပြတ်အသတ် အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုသော်လည်း တရားမျှတ၍ သန့်ရှင်းသော ယှဉ်ပြိုင်မှုဖြင့် ယှဉ်ပြိုင်ခြင်းမျိုး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။ သူရ ဦးရွေမန်း၏ ပြောကြားချက်ကို NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက “ဒီမိုကရေစီဆိုတာ ပြိုင်တာပဲ။ ပြည်သူအပေါ်မှာ မူတည်တယ်။ ပြည်သူလူရဲ့ယုံကြည် အားကိုးတဲ့ ပါတီက အနိုင်ရမယ်။ ပြီးတော့ အဲဒီသက်တမ်းမှာ အစိုးရ ဖြစ်လာမယ်။ ကျွန်တော်တို့ ပါတီကတော့ အပြတ်နိုင်အောင် ကြိုးစားမှာပဲ” ဟု တုန့်ပြန် ပြောဆိုသည်။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင် ရာထူး နေရာများကို တပ်မတော်မှ အရာရှိများ အစားထိုး ခန့်အပ် နေခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတပြီး လွှတ်လပ်မှု ရှိနိုင် မရှိနိုင် သတင်း မီဒီယာများ မေးမြန်းခဲ့သော်လည်း သူရ ဦးရွှေမန်းက ရွေးကောက်ပွဲ ကော်မရှင်တွင် မည့်သည့် ပုဂ္ဂိုလ်မျိုး ခန့်အပ်နေခြင်းကို ၎င်းအနေနှင့် သိရှိခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။


From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>