Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ထူးဆန်းစွာ မလေးရှားလေယာဉ် ပျောက်ဆုံးမှု အကြမ်းဖက်မှုလား

$
0
0
မလေးရှား လေကြောင်းလိုင်းက လူပေါင်း ၂၃၉ ဦးတင်ဆောင်ပြီး ကွာလာလမ်ပူကနေ ပီကင်းကို ဦးတည်
မောင်းနှင်ရင်း မနေ့က ပျောက်ဆုံးသွားတဲ့ လေယာဉ်ဟာ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး လေယာဉ်ပျောက် ဆုံးမှု ၁ဝ ခုထဲမှာ တခု အပါ အဝင်ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်က စတင်ထွက်ခွာပြီး ၁ နာရီလောက် အကြာမှာ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားပြီး လေယာဉ်ပိုင်းလော့ရဲ့ အကူအညီတောင်းဆိုတဲ့ သတင်းစကား တခုမှ မကြားရပဲ အခုထိ ပျောက်ဆုံးနေတာပါ။

ဗီယက်နမ် ပင်လယ်ပြင်ထဲမှာ ဆီကွက်ကြီး ၂ ကွက်တွေ့ထားတယ်ဆိုတာက သဲလွန်စလို့ ယူဆရ တဲ့ နောက်ဆုံး ရထားတဲ့ အထောက်အထားပါ။ ဒါပေမယ့် လေယာဉ် အပျက်အစီး တစုံတရာမှ မတွေ့ရသလို လူနဲ့ပတ်သက်တဲ့ သဲလွန်စလဲ မတွေ့ရ သေးပါဘူး။

လေယာဉ် လမ်းကြောင်းပြ ရေဒါ မှတ်တမ်း ဗွီဒီယို တခုမှာ ဆိုရင် ဗီယက်နမ်နဲ့ ထိုင်း ပင်လယ်စပ်
လောက်မှာ ရေဒါမှာ လေယာဉ်က အနီ ရောင် ပြောင်းသွားပြီး ရုပ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်။

ထူးခြားမှု အရှိဆုံး တခုကတော့ လေယာဉ်စီး ခရီးသည်စာရင်းထဲမှာ ဥရောပနိုင်ငံသား ၂ ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား Christian Kozel နဲ့ အီတလီ နိုင်ငံသား Luigi Maraldi တို့နဲ့ပတ်သက်တာပါဘဲ။

တကယ်တော့ အဲဒီ ၂ ဦးလုံးဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့လည်း လိုက်ပါသွားခဲ့တာမရှိသလို သူတို့ဟာ အခု သက်ရှိထင်ရှား ရှိနေပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးရဲ့ ပတ်စ်ပို့တွေဟာ ထိုင်းနိုင်ငံမှာ ခိုးယူ ခံ ထားကြရတာပါဘဲ။

အဲဒီ ခိုးယူခံထားရတဲ့ ပတ်စ်ပို့တွေနဲ့ ပျောက်ဆုံးလေယာဉ်ပေါ်ပါသွားသူတွေဟာ ဘယ်သူတွေဆိုတာလည်း အခုထိ မသိရ သေးပါဘူး။

Christian Kozel နာမည်နဲ့ သြစီ ပါ့စ်ပို့ဟာ အခိုးခံထားရတဲ့ပတ်စ်ပို့ဖြစ်တယ်ဆိုတာ စစ်ဆေးသိရှိချက်အရ အတည်ပြုတဲ့ အကြောင်း သြစီ နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရတဦးက ထုတ်ပြောထားပါတယ်။

သြစီ ရဲကလည်း Christian Kozel အစစ်ဟာ အိမ်မှာ ကျန်းမာစွာ ရှိနေပြီး လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းနိုင်ငံကို အလည်အပတ် သွားတုန်း သူ့ပတ်စ်ပို့ ဟာ အခိုး ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ အီတလီ နိုင်ငံသား Luigi Maraldi ရဲ့ ပတ်စ်ပို့ဟာလည်း မနှစ်က သြဂုတ်လတုန်း က ခိုးယူခံခဲ့ရတာဖြစ်ပြီး သူဟာအခု ထိုင်းနိုင်ငံမှာ ကျန်းကျန်းမာမာရှိနေတယ်လို့ သူ့ မိသားစုဝင်တွေနဲ့ သတင်းဌာနတွေ ပြောဆိုထားချက်တွေအရ သိရပါတယ်။

အခုထိလည်း လေယာဉ်ပျောက်ဆုံးသွားတဲ့ နေရာအနီးဝန်းကျင်မှာ ကူညီကယ်ဆယ်ရေးနဲ့ရှာဖွေရေး
လေယာဉ် ၁၇ စီး၊ သင်္ဘော ၈ စီးနဲ့ အတူ နိုင်ငံတကာက ဝိုင်းပြီး ရှာဖွေနေကြတာမှာ အခုထိလည်း ပျက်ကျတယ်ဆိုတဲ့ သဲလွန်စ တစုံတရာမှ မရသေးဘူးလို့ လေကြောင်းလိုင်းက ထပ်မံ ထုတ်ပြန်ထားပါ တယ်။

တချို့သတင်းတွေမှာတော့ အခုပျောက်ဆုံးသွားတဲ့ လေယာဉ်ပေါ်မှာ ခိုးယူနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသူ ၂ ဦးပါ တယ်ဆိုတဲ့ အတည်ပြုချက်သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်လေမလားလို့ သံသယဖြစ်မှုတွေလည်း တိုးလာနေပါတယ်။

မကြာသေးခင်ကပဲ တရုတ်နိုင်ငံက ကူမင်းဘူတာရုံမှာ ဓားကိုင် လူတစုက အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း ၃၃ သေ ဆုံးသွားပြီး လူ ၁၃ဝ ကျော် ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်နေလေသလား လို့ မေးခွန်းထုတ်နေတာတွေလည်း တွေ့နေရပါတယ်။

ခိုးယူခံထားရတဲ့ ပတ်စ်ပို့နဲ့ ခရီးသည် ၂ ဦး ပျောက်ဆုံးလေယာဉ်ပေါ်ပါသွားတာနဲ့ တရုတ်နိုင်ငံ ကူမင်း အကြမ်းဖက်မှုက လည်း မကြာသေးခင်က ဖြစ်ပွားတာ၊ ခရီးသည် အများစုဟာ တရုတ်နိုင်ငံက ဖြစ်တာ စသဖြင့် ဆက်စပ်တွေးကြပြီး ဒီဖြစ် ရပ်ဆန်းရဲ့ နောက်ကွယ်မှာ အစ္စလမ် အစွန်းရောက်တွေရဲ့ အကြမ်း ဖက်မှုတွေများ ဖြစ်နိုင်သလားဆိုတဲ့ သံသယတွေ ကြီး ထွားနေပါတယ်။

From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>