ဆရာတော် ဦးဝီရသူအကြောင်း မျက်နှာဖုံးဆောင်းပါးရေးခဲ့တဲ့ တိုင်းမ်မဂ္ဂဇင်း သတင်းထောက် မစ္စ ဟန်နာဘိခ်ျက ရန်ကုန်မှာ မတ်လ ၁၀ ရက် မှ ၁၂ ရက်နေ့အထိ ကျင်းပမယ့် East- West Center ရဲ့ နိုင်ငံတကာကွန်ဖရင့်ကို တက်ရောက်ခွင့်အတွက် ပြည်ဝင်ခွင့်ဗီဇာထောက် ခံပေးဖို့ လျှောက်ထားတာကို ပြန်ကြားရေးဝန်ကြီး ဌာနက ပယ်ချလိုက်ပါတယ်။
မစ္စ ဟန်နာဘိခ်ျ လာရောက်မယ်ဆိုရင် သူ့အတွက်ရော၊ ကွန်ဖရင့်အတွက်ပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တာကြောင့် ငြင်းပယ်ခဲ့ တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
သူ့အနေနဲ့ အခုအချိန်မှာ မလာသင့်သေးကြောင်းနဲ့ သင့်တော်တဲ့အချိန်မှာ လာရောက်သတင်းယူခွင့်ပြု မှာဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းချင်တယ်ဆိုရင်လည်း လက်ခံဖြေကြားမှာဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
From:Rfa
www.mmdailystar.com