အခြေခံ ဥပဒေ ကို အသစ် ပြန် မရေးဆွဲဘူး။ ပြင်ကြမယ် ဆိုတာ တပ်မတော် အပါအ၀င် နိုင်ငံရေး ပါတီ အားလုံးက သဘောတူပြီး သားပါ။ ပြင်ဆင်လိုသော ဥပဒေ ပုဒ်မတွေ ကိုတော့ ဒီမိုကရေစီ နည်းလမ်းအတိုင်း လွှတ်တော်မှာ အများညီ သဘော အတိုင်း ဆန္ဒမဲ စနစ် အရပဲ ပြင်ဆင် နိုင် မှာဖြစ် ပါတယ်။ လက်ရှိ လွှတ်တော် မှာ USDP က အများစု ဆိုတော့ သိပ်အများကြီး တော့ မမျှော် လင့်ကြ ပါ နဲ့။ အခြေခံ ဥပဒေ ပြင်ဆင်ရေး က ရေရှည် လုပ်ငန်းစဉ်ပါ။
တည်ဆဲ ဥပဒေ အရ သတ်မှတ်ထားတဲ့ နည်းလမ်းနှင့် အညီ၊ သတ်မှတ် ထားသော လုပ်ထုံး လုပ်နည်းများ အတိုင်း၊ ဆန္ဒမဲ စနစ်နဲ့ အများစုရဲ့ ဆန္ဒ သဘောထား ဖြစ်အောင် စည်းရုံး ဆောင် ရွက်ခြင်း မရှိပဲ လက်ရှိ နိုင်ငံတော် သမ္မတ က ဖြစ်စေ၊ ကာကွယ်ရေး ဦးစီးချုပ် က ဖြစ်စေ၊ သူတို့ နှစ်ဦး ရဲ့ သဘောဆန္ဒ အရ ဖြစ်စေ ဖြင့်သာ ဖွဲစည်းပုံ အခြေခံ ဥပဒေက ပုဒ်မတွေကို လိုချင် သလို ပြောင်း လဲပြီး ဒီမိုကရေစီ စနစ် အုတ်မြစ်ချ တည်ဆောက်လို့ ရမယ် ဆိုတဲ့ ယူဆချက် နဲ့ ဆောင်ရွက် တဲ၊့ ဆောင်ရွက် ချက် တွေ လောက် ရှေ့ နောက် လျှော် ညီ မှု ကင်းမဲ့ တာ မရှိဘူး။
ဒီလို ဆောင်ရွက်ချက် တွေက ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေး ကြွေးကြော်ပြီး၊ ဆောင်ရွက်နေ သူတွေ ကိုယ်တိုင်က ဒီမိုကရေစီ စနစ်ကို ယုံကြည် ရာ မကျပဲ အာဏာရှင် စနစ်ကို သက်ဝင် ယုံကြည်ရာ အားကိုးရာ ကြနေ ပါတယ်။ ဒီမိုကရေစီ စနစ်ကို အာဏာရှင်စနစ်က အကောင်အထည် ဖော်ပေး မှ အောင်မြင်နိုင်မယ် လို့ အားကိုးသလို ဖြစ်နေပါတယ်။
အမှန်က ဘယ်လောက်ပဲ ခက်အောင် လုပ်ထား၊ လုပ်ထား လွှတ်တော် အတွင်းမှာပဲ တပ်မတော် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် အများစုရဲ့ ဆန္ဒ အမှန်ဖြစ်ကြောင်း နဲ့ ပြည်သူ အများစုရဲ့ ဆန္ဒ အမှန်ဖြစ်ကြောင်း ကို တရားဝင် ဆန္ဒမဲများရအောင် စည်းရုံး ပြသ ပြီး ရေရှည် အကောင် အထည် ဖော်ရမှာပါ။ ဒီမိုကရေစီ စနစ်ကို တပ်မတော် အပါအ၀င် ပြည်သူ လူထုရဲ့ ဆန္ဒမဲ ဖြင့်သာ အကောင် အထည် ဖော်နိုင် မယ် လို့ ယုံကြည် လက်ခံ ရမှာပါ။
ထို့ အတူ လူစုလူဝေး အင်အားပြပြီး ဖိအားပေလို့ အောင်မြင်မယ် ဆိုရင် မြန်မာ့ သမိုင်းမှာ စစ်အာဏာရှင် စနစ်ဟာ ၁၉၇၆ လောက် ကထဲက ပြုတ်ကျ နေလောက်ပါပြီ။ ၁၉၈၈ မှာလည်း သင်္ခန်းစာ ရသင့်ပါပြီ။ လူအများကို လမ်းပေါ်ထွက် ဆန္ဒပြ အောင် လှုံ့ဆော်ပြီး ဖိအားပေးရင် ဘာတွေ ဆက်ဖြစ် တတ်တယ် ဆိုတဲ့ သာဓကတွေ မြန်မာပြည်မှာကော နိုင်ငံတကာမှာရော အများကြီး ရှိပါတယ်။ နောက်ဆုံး စစ်တပ်က အာဏာ သိမ်းခြင်းဖြင့်သာ အဆုံးသတ် ကြတာ ချည်းပါပဲ။ ကိုယ့်ကိုယ်ကို ပိုမတွက် ကြပါနဲ့။ ဒီမိုကရေစီ စနစ်မှာ လွတ်လပ်သော ဆန္ဒမဲ စနစ် အရ သာ ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်တာ အကောင်းဆုံးပါ။
တတုံးစားလည်း ချီးမှန်းမသိ၊ နှစ်တုံးစားလည်း ချီးမှန်းမသိ ဆိုသလို ဖြစ်နေပါပြီ ခင်ဗျာ။
www.mmdailystar.com