Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

$
0
0
တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည် များ ပြန် လည်နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင် တို့က အရေးယူထားကြောင်း တောင်ကုတ်မြို့ ရခိုင် လူမှုကွန်ယက် တာဝန်ရှိ သူများ က ပြောသည်။



ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားစိစစ်ခြင်းမရှိဘဲ လုံးခြင်းအိမ်များ ချပေးမည့် အပေါ် တောင် ကုတ်မြို့ရှိ ရခိုင်လူမှုကွန်ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြစ ဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင်ကုတ်မြို့ လမ်းများပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်သည်။

“ယာယီဒုက္ခသည် စခန်းက လူတွေကို အိမ်တွေ ဆောက်လုပ်နေရာချထား ပေးမယ်ဆိုရင် ပထမဆုံး သူတို့တွေ ကို နိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့လိုတယ်။ ဒီလို ဥပဒေနဲ့အညီ မဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ် လုပ် ကိုင်နေတာကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်တယ်” ဟု ရခိုင်လူမှု ကွန်ယက် အဖွဲ့ဝင် ကိုဇေယျကျော် က ဆိုသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးမည့် အိမ်များမှာ လုံးချင်းအိမ်များဖြစ်ကာ တူရကီနိုင်ငံမှ လှူဒါန်း ထားပြီး ပဋိပက္ခဖြစ်ပွားရာ မြို့နယ်များတွင် ဆောက်လုပ်သွားမည်ဟု သိရှိထားရကြောင်း ကွန် ယက် ခေါင်းဆောင်များက ပြောသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့်အတွက် ရခိုင် လူမှုကွန်ယက်မှ ခေါင်းဆောင် သုံးဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်းလွင်စိုးနှင့် ဦးမင်းထွန်းတို့အား သက်ဆိုင်ရာမှ အရေးယူထားသည်။

“ညနေ ၃ နာရီလောက်မှာ ကျနော်တို့အားလုံး ရုံးကို ရောက်တယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အရေးယူရတာလို့ပြောတယ်။ ကျနော်တို့ သုံးယောက်ကို အာမခံ နှစ်ယောက်စီနဲ့ ခံဝန်လုပ်ပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာပြန်လွှတ်ပေးလိုက်တယ်” ဟု ဦးစိုးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့် တင်ပြခဲ့ တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အ ညီ နောက်ဆုံးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံ ပဲပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ်ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်က ပလပ်ခဲ့ သည်။ မတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေးထိုး၍ ပလပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များ တွင်လည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် အရ ပြုလုပ်ခြင်း မဟုတ်၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်းဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး များက အရေးယူထာရှိပြီး ၎င်းတို့အား မခံဖြင့်ပြန် လွှတ်ပေးထားကြောင်း သိရသည်။

စစ်တွေဆန္ဒပြပွဲကို စီစဉ်မှုဖြင့် ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့် ပြန်လွတ်လာသူ စစ်တွေလူမှု ကွန်ယက်ခေါင်းဆောင်ဒေါ်ညိုအေးက “ဒီနေ့အထိတော့ အာမခံနှင့် လွှတ်ပေးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး” ဟု ပြောပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော် ထုတ်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိပြီး အစိုးရအနေနှင့် ပွင့်လင်းမြင်သာမှု မရှိ၍ ယခုလို ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

“ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်။ သမ္မတ ဦးသိန်းစိန် က နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ဆောက် မယ်ဆိုတာကို ဒေသခံ ရခိုင်လူမျိုးတွေဟာ သတင်းအရပဲ သိလာရတယ်။ အစိုးရဆီက ဒီကနေ့ ထိ မသိရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာကိုပြနေတာ။ ဒီလိုပွင့်လင်းမှုမရှိလို့ ဆန္ဒပြ ပွဲတွေ ဖြစ်လာရတာပဲ”ဟု ဦးမင်းအောင် က ဆိုသည်။

ဆန္ဒပြခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအလိုက်၊ တနေရာနှင့်တနေရာ ကျင့်သုံးပုံချင်း မတူကြသလို၊ ခွင့်ပြုချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကလည်း “နိုင်ငံသား ဟုတ် မဟုတ်တောင် ကွဲကွဲပြားပြား မသိဘဲ ဘယ်လို လုပ်နေရာချမလဲဗျာ။ ဒီကိစ္စ ALD က နဂိုက ထဲက ပြောပြီးသား။ ဥပဒေနဲ့အညီ အမြန်စီစစ်ပါ။ နိုင်ငံသား ဖြစ်သင့်တဲ့လူ ဖြစ်ရမယ်။ နိုင်ငံသား လက် မှတ် ရှိပြီးသား ဖြစ်ပေမယ့် မှန်မှန်ကန်ကန် ရထားတာ ဟုတ်မဟုတ် စီစစ်ဖို့ လိုမယ်။ တကယ်လို့ မတော် မ တရားနည်းနဲ့ နိုင်ငံသားလက်မှတ် ရထားတဲ့သူတွေရှိရင် သူတို့တွေကို နိုင်ငံသား မဟုတ် သူတွေနဲ့အတူ Camp (ဒုက္ခသည်စခန်း) မှာ ထားဖို့ပြောခဲ့တယ်။ ဒါဟာ ALD ရဲ့ မူပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အသက် အိုးအိမ် ဆုံးရှုံးပျက်စီးခဲ့ရပြီး အောက်တို ဘာနှင့် နိုဝင်ဘာလများက ကမ္ဘာ့အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများမှာ ရခိုင်ပြည်နယ်မှသည် အခြားမြို့ များသို့ ပြန့်နှံ့သွားခဲ့ရပြီးနောက် ယခုဆန္ဒပြမှုများမှာ ရခိုင်ဒေသ၏ တကျော့ပြန် ဆန္ဒပြမှုများ ဖြစ်သည်။
From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>