Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စစ်ပွဲပြီးစ မြို့ကဲ့သို့ဖြစ်နေ

$
0
0

မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့မနက်တွင် မိတ္ထီလာ တမြို့လုံးတွင် တည်ငြိမ်သည့် အနေ အထား ရောက်ရှိလာပြီဟု မြို့ခံများက ဆိုသည်။

မြို့မှာ အခြေအနေများ တည်ငြိမ်လာပြီဖြစ်သော်လည်း အပျက်အစီးများနှင့်ကျန်နေခဲ့သည်ဟု မိတ္ထီလာမြို့မှ ၈၈ ကျောင်းသား ကိုသီဟက မဇ္ဈိမသို့ ပြောသည်။

၎င်းက “မနေ့က စစ်အုပ်ချူပ်ရေး ထုတ်ပြန်ပြီးတော့ စစ်တပ်တွေကို တမြို့လုံးမှာ ချထား တယ်။ စောင့်ကြည့်နေ ပါ တယ်။ ဒီမနက် အနေအထားကတော့ တမြို့လုံး ပုံမှန်အနေအထား သွား လာနေကြ ပါပြီ။ မြို့က စစ်ပွဲပြီးစ မြို့ ပျက်ကြီးလို ဖြစ်နေပါတယ်။ ဒုက္ခသည်တွေကလည်း ပျံ့ကြဲနေတယ်။ အခု ဘုန်းကြီးကျောင်းတွေမှာ ဒီမြို့ခံလူထုတွေ က ဘာသာမခွဲခြားပဲ အတူယှဉ်တွဲနေထိုင်ကြတယ်” ဟု ပြောသည်။

အစ္စလာမ်ဘာသာဝင်များကို သီးသန့်ထားသည့် ခရိုင်ဘော်လုံးကွင်းကြီးထဲတွင် ခန့်မှန်းခြေ အင်အား (၆၀၀၀) နှင့် ဘုန်းကြီးကျောင်းတချို့တွင်ရှိသော လူများမှာ ကျောင်းတကျောင်းကို (၁၅၀၀)မှ (၂၀၀၀) နီးပါး ရှိကြောင်း ကိုသီဟက ဆိုသည်။

မနေ့က မီးလောင်မှု ဖြစ်ပွားခဲ့သော ချမ်းအေးရပ်ကွက်မှ ဒေသခံများမှာ ကွင်းပြင်များတွင် နေရဆဲဖြစ်ပြီး လူဦးရေ ၁၀၀၀မှ ၁၈၀၀ နီးပါး ရှိသည်ဟု အဆိုပါဒေသခံများက ဆိုသည်။

ချမ်းအေးရပ်ကွက်မှ ဒေသခံ မသီရိက “ ကျွန်မတို့ ချမ်းအေးရပ်ကွက်က လူတွေအကုန်လုံးကို အမှတ် (၁) ဒေသခံရဲစခန်းက ထိန်းသိမ်းပေးထားတယ်။ ကျွန်မတို့ အိမ်တွေက တခုမှ အကောင်းမကျန်တော့ဘူး။ မိတ္ထီလာ တမြို့လုံးလဲ အကုန်လုံးပြာကျသွားပြီ ” ဟု မဇ္ဈိမ သို့ပြောသည်။

နယ်မြေထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်ကြည့်သော်လည်း မည်သည့်အကူအညီမှ မပေးကြောင်းနှင့် ချမ်းအေးရပ်ကွက်မှ နေအိမ်များမှာ မတ်လ ၂၂ရ က်နေ့တွင် မီးလောင်မှုထဲ အားလုံးပါဝင်သွားကြောင်း အဆိုပါဒေသခံမှ ရှင်းပြသည်။

မသီရိက “ကျွန်မတို့အိမ်ကတော့ ကြာသပတေးနေ့ကတည်းကပါသွားတယ်” ဟု ပြောသည်။

ယခုလက်ရှိအခြေအနေတွင် လူမှုရေးအဖွဲ့အစည်းများမှ လာရောက်ဝေသော ရေနှင့်စားစရာများကိုသာ ယူဆောင် စားသောက်နေရပြီး ဆေးခန်းမှာ မီးလောင်သည့် အထဲပါသွားသဖြင့် ကျန်းမာရေးအတွက် အခက် အခဲရှိနေကြောင်း မိတ္ထီလာဒေသခံများက ဆိုသည်။

ဒေသခံ ဒေါက်တာစန်းလှိုင်က “တမြို့လုံးပျက်စီးနေတာပဲ။ အာဏာပိုင်တွေက ဘာမှမလုပ်ပေးသေးဘူး။ အခုအရေးကြီးဆုံးက အိမ်သာကိစ္စပဲ။ ဒီမှာရှိတဲ့လူတွေနဲ့ အိမ်သာအရေအတွက်က လုံးဝမလောက်ဘူး အဲဒါက အခုလောလောဆယ် အရမ်းလိုအပ်နေတယ်” ဟု မဇ္ဈိမကို ပြောပြခဲ့သည်။

မိတ္ထီလာမြို့လက်ရှိ အခြေအနေတွင် ဘုန်းကြီးကျောင်းနှင့် ဘော်လုံးကွင်းတို့တွင် နေထိုင်သူများမှာ များပြားသဖြင့် ကြပ်ညှပ်လျက်ရှိပြီး မန္တလေးမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေပြီဟု သိရသည်။ မလှိုင်၊ သာစည် ဝမ်းတွင်းနှင့် တို့တွင် အခြေအနေတည်ငြိမ်သည်ဟု ဒေသခံများက ဆိုကြသည်။

From: မဇ္ဈိမ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...