Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ချစ်သူများနေ့မှာ ကိုယ်ကပေးချင်တာရော၊ သူ့ဆီကပြန်လိုချင်တာရော ရှိတယ်လို့ ဖွင့်ဟလိုက်တဲ့ ဂျင်းနီ

$
0
0
ဂျင်းနီလို့ ကြားလိုက်တယ်ဆိုရင်ပဲ အပြုံးချိုချို နဲ့ဆွဲဆောင်မှုရှိတဲ့ ကိုယ်ခန္ဓာ အချိုးအစား ပိုင်ဆိုင်တဲ့ အဆိုတော် ကောင်မလေးကို မျက်လုံးထဲ တန်းမြင်ကြမှာပါ။ သူမရဲ့ ထူးခြားတဲ့ အသံကြောင့် ပရိသတ်ထဲ ရင်ထဲရောက်ရှိလာခဲ့တဲ့ ဂျင်းနီနဲ့ တွေ့ဆုံခိုက် သူမရဲ့လက်ရှိ အနုပညာလှုပ်ရှားမှုကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ဂျင်းနီလတ်တလောမှာတော့ သင်္ကြန်ခွေနှစ်ခွေမှာ ဆိုထားတာရှိပါတယ်။ ဂျင်းနီရဲ့တစ်ကိုယ်တော်အခွေ အတွက်ပြင်ဆင်နေပါတယ်။ ပြီးတော့ နယ်ရှိုးတွေဆိုဖို့ရှိပါတယ်။ နောက်ပြီး ပွင့်လင်းရာသီဖြစ်တော့ မင်္ဂလာဆောင်ပွဲလေးတွေမှာ ဆိုဖို့ရှိပါမယ်။ ဂျင်းနီရဲ့တစ်ကိုယ်တော်အခွေမှာ ဂျင်းနီဆိုနေကျပုံစံမျိုးလေးတွေ ပါမယ်။ ပြီးတော့ ဂျင်းနီတစ်ခါမှ မဆိုဘူးသေးတဲ့ ပုံစံအသစ်တွေပါမယ်။ ပရိသတ်ကို အမြည်းပေးတဲ့ သဘောလေးပေါ့။ ပြောရရင် မီဒီယာနဲ့ဝေးသွားတာလည်း ပါတယ်။ အနုပညာအလုပ်တွေ နားလိုက်တာတော့ မရှိပါဘူး။ ဆက်တိုက်တော့ လုပ်ဖြစ်နေပါတယ်။

 ခရီးအရမ်းသွားနေရတာကြောင့် လည်းပါတယ်။ ခရီးကလည်း တစ်လခွဲလောက်သွားလိုက်၊ နှစ်လသွားလိုက်၊ သုံးလလောက် သွားနေရတာများနေတဲ့ အတွက်ကြောင့်မို့လို့  ရန်ကုန်မှာ အလုပ်တွေလုပ်တာ နဲနဲနည်းသွားတယ်။ oversea က ပြန်ရောက်ရင်လည်း တစ်ခြားနယ်တွေ ရောက်နေတာများတယ်။ အဲဒီအတွက်ကြောင့် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်နေသလို ဖြစ်နေတယ်လေ။ ခရီးသွားနေရတယ် ဆိုတာကလည်း အပျော်ခရီးအနေနဲ့ တစ်ခါမှမသွားဖြစ်ပါဘူး။ အပျော်ကို သွားချင်ခဲ့တာ။ အလုပ်နဲ့ပဲ သွားဖြစ်နေတာပါ။ အခုတော့ ခရီးသွားတာတွေ လျှော့ပြီးတော့ ဒီနှစ်ထဲမှာ Singelအခွေ ထွက်ဖြစ်အောင်လို့ အမြန်လုပ်နေပါတယ်။ အရင်ကဟစ်ဟော့ အဆိုတော်တွေနဲ့ တွဲပြီးတော့ Featuring ဝင်ဆိုပေးဘူးပေမဲ့ အခုနောက်ပိုင်း ဂျင်းနီကို ဆိုဖို့ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဂျင်းနီဘက်က ဘယ်တော့မှ မငြင်းခဲ့ပါဘူး။ အခုလည်းငြင်းမှာ မဟုတ်ပါဘူး။ အကုန်လုံးက ကိုယ့်ရဲ့မောင်နှမတွေပဲ။ ဂျင်းနီကလည်း အဲဒီဘဝကစခဲ့တာပါ။’လို့ သူမက ပြောပါတယ်။

ဘယ်တော့လောက်မှ မင်္ဂလာသတင်းကြားရမှာလည်း ဆိုတဲ့ အမေးကိုတော့ သူမက ‘ဂျင်းနီရဲ့ မင်္ဂလာသတင်းက မင်္ဂလာဆောင်ဖို့မရှိသေးပါဘူး။ ယူမဲ့သူလည်း မရှိသေးပါဘူး။ ချစ်သူများနေ့မှာ လောလောဆယ်ကတော့ ဘာမှထူးထူးခြားခြားကြီးမရှိသေးပါဘူး။ ပွဲဆိုဖို့ လက်ခံထားတာရှိပါတယ်။ အလုပ်တွေပဲ လုပ်ရင်းနဲ့ဖြတ်သန်းသွားဖြစ်မှာပါ။ ချစ်သူများနေ့မှာ ဝိုင်းစုမင်္ဂလာဆောင်ရှိတယ်။ အဲဒီပွဲ တက်ရောက်ဖို့ရှိပါမယ်။ လောလောဆယ်မှာ ကိုယ့်အတွက် အချစ်ရဆုံးက အနုပညာနဲ့ ပရိသတ်တွေပါပဲ။ အချစ်ဆိုတဲ့အရာကတော့ ချစ်နေဖို့ပဲ လိုတယ်လို့ဂျင်းနီကတော့ ထင်တာပဲ။ အရင်တုန်းကတော့ အရမ်းကိုသွေးဆူခဲ့တယ်။ ကိုယ်ချစ်နေရရင်ပြီးတာပဲ။ သူချစ်ချစ်မချစ်ချစ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျတော့ ကိုယ့်ကိုပဲလာချစ်နေတာ မကောင်းသလို၊ ကိုယ်ကကြီးပဲ ချစ်နေရတာလည်း မကောင်းဘူး။ အပြန်အလှန်လေးချစ်ကြတယ်။ အဓိက နံပါတ်တစ် နားလည်မှုရှိရမယ်။ နံပါတ်နှစ်က ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း တိုက်ဆိုင်နေရမယ်။ ညှိုညှိုနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ရှိရမယ်။ ပွင့်ပွင့်လင်းလင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ချစ်သူများနေ့မှာ ကိုယ်ပေးတော့ ပေးချင်တာရှိပါတယ်။ သူ့ဆီကနေလည်း ပြန်လိုချင်တာရှိပါတယ်။ တန်ဖိုးအရမဟုတ်ပေမဲ့ အမှတ်တရအနေနဲ့ လိုချင်တာပါ။ အချစ်ကို အသက်၁၈နှစ်ကျော်မှာ စတင်တွေ့ရှိခဲ့တာပါ။ ချစ်သူများနေ့မှာ ဖြတ်သန်းမဲ့ ချစ်သူစုံတွဲတွေလည်း ချစ်တတ်တဲ့သူတိုင်း ကိုယ့်ကိုချစ်တဲ့သူနဲ့ညားပါစေလို့ ဂျင်းနီ ဆုတောင်းပေးလိုက်ပါတယ်’တဲ့။
From:trend.com

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>