Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပုဂံဘုရားပေါ်မှာ အရက်သောက်တဲ့ နိုင်ငံခြားသားတွေ ကာကွယ်တားဆီးဖို့လို

$
0
0
ပုဂံဘုရား များ ပေါ်တွင် နိုင်ငံခြား သား များ အရက် ဘီယာ များ သောက်သုံး ခြင်းအား တားဆီး ကာ ကွယ် ရန် ဧည့်လမ်းညွှန် များပါ ပူးပေါင်း ပါဝင် သင့်ကြောင်း ယဉ်ကျေး မှုဝန် ကြီးဌာန၊ ရှေးဟောင်း သုတေ သ န၊ အမျိုး သား ပြတိုက် နှင့် စာကြည့်တိုက် ဦးစီး ဌာန မှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးမျိုးဦး က The Messen- ger သို့ပြော သည်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ ဘက်ကလည်း စေ့စေ့စပ်စပ် နဲ့လုပ်ဆောင် နေပါတယ်။ ဒါပေမဲ့ ပုဂံမှာဘုရားပေါင်း သုံးထောင်ကျော် ကိုလုံခြုံရေး သုံးထောင် ကျော်ခန့်ထား ပေးဖို့က မဖြစ်နိုင် သေးပါဘူး ဟု ၎င်း က ပြေသည်။ ယင်းအပြင် ပုဂံယဉ်ကျေးမှုနယ်မြေ နှင့် ပုဂံဘုရားများတွင် ဧည့်လမ်း ညွှန်ပြုလုပ် နေသော သူများအနေဖြင့်လည်း ယင်း ကဲ့သို့ နိုင်ငံခြားသား များ ဘီယာ၊ အရက် သောက် သုံးသည်များကို တွေ့ရှိပါက ယဉ် ကျေးမှု ဌာနသို့ ဆက်သွယ် အကြောင်းကြား ပေးခြင်း ဖြင့်ပူးပေါင်း ပါဝင်သင့်ကြောင်း ၎င်း ကဆို သည်။ လက်ရှိအချိန်၌ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေတွင် လုံခြုံရေးဝန်ထမ်းများမှ ဆိုင်ကယ်များဖြင့်လည့်လည်၍ ယခင်ထက် ပိုမို လုံခြုံရေး တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ယင်း အပြင် ဝေးလံ၍ ချောင် ကျသော အချို့ ရှေး ဟောင်း ဘုရားများတွင် နိုင်ငံခြားသား များ ညအိပ် ညနေ မနေရန် စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ဦးမျိုးဦး က ဆက်ပြောသည်။ အဲလိုလုပ်တဲ့ သူကအများအားဖြင့် ကျောပိုးအိတ်တွေနဲ့ လာတဲ့တိုးရစ်တွေ များတယ်။ ဘာ ကြောင့်လဲဆိုတော့ တခြား ဂိုက်နဲ့ပါတဲ့သူတွေက ဂိုက်တွေကြည့် နေတဲ့ အတွက် သူတို့ လုပ်လို့မရဘူး။ မြန်မာ ပြည် ကိုစရောက်ကတည်းက ဆောင်ရန်နဲ့ ရှောင် ရန်ကိုပြောပြထားပြီးသား၊ တော်တော်များ များက လုပ်လို့ မရ ဘူး။ လုပ်ခဲ့ရင်လည်းမြင် တာနဲ့တားမှာပါ””ဟု ပြင်သစ်ဘာသာအထူး ပြုဧည့်လမ်းညွှန် မချော ချော ကြေး မုံ က The Messenger သတင်းစာ သို့ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်သူအများစုမှာ FIT (Free Independent Traveller) ဟုခေါ် သော ကျောပိုး အိတ် တစ် လုံးနှင့် လှည့်လည် သွားလာနေသော ခရီးသွားများဖြစ်ပြီး ဖိနပ် စီး ၍မရသော နေရာများတွင် ဖိနပ်မစီးရန်၊ ရင်ပြင်စေတီပုထိုးများပေါ်တွင် အရက် မသောက်ရန် နှင့် မသင့် လျော် သောနေထိုင်မှု ပုံစံမျိုးများ မပြုလုပ်ရန် သတိပေး ပြောဆိုနေ ရခြင်းများရှိနေကြောင်း ၎င်း က ဆက်ပြော သည်။ ယခုလက်ရှိအချိန်တွင် လူမှုကွန်ရက် စာမျက်နှာ များပေါ်၌ လည်းနိုင်ငံခြားသား ခရီး သွားများအရက်ဘီယာသောက်သုံးနေသည့် ပုံစံများ၊ အမြင် မ သင့် လျော်သောပုံများတွေ့ မြင်နေရကြောင်း၊ ယင်းသို့ ဓာတ်ပုံများ ရိုက် ကူးပေးသည့် သူများအနေဖြင့်လည်း မိမိစီး ပွားရေး အတွက် သာမက ယဉ်ကျေးမှု အား ထိန်းသိမ်းသည့်အနေဖြင့် သက်ဆိုင်ရာ သို့ အသိပေး အ ကြောင်း ကြားခြင်းများ ပြုလုပ် သင့်ကြောင်းလည်း ဧည့်လမ်းညွှန်များက ပြောသည်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>