
ခေါင်းစဉ်ကိုကြည့်ပြီး စာရှုသူက ဘယ်သူနည်းဟုသိချင်တော်မူပေလိမ့်မည်။ အဆိုပါ မီဒီယာစုန်းပြူးသည်မြန်မာနိုင်ငံ တွင် သက်ရှိထင်ရှားရှိနေပါသည်။ (သတ်မည့်သူမရှိ၍ မသေသေးပါ။) သူအမည်နေရပ်လိပ်စာကို တည့်တည့် ကြီးလျှင် တရားစွဲဆိုခြင်းခံရဖွယ်ရှိသဖြင့် (အမည်လွှဲပြီး) ရေးတော်မူပါမည်။
လေဗျောက်အိုးရည်ရွယ်လိုရင်းက လူပုဂ်္ဂိုလ်မဟုတ်ပါ။ အပုပ်ချရန် အကြံ ပိုင်သူကို (စတုတ္ထမဏ္ဍိုင်အဖြစ်စာရင်း မသွင်းသင့်ကြောင်း) အကြံပြုလိုရင်းသာ အဓိကဖြစ်၏။ ထိုသူတွင် နတ်မျက်စိနှင့် တူပေထသော ဃညေညသည အမျိုးအစား ကင်မရာ (၁) လုံးရှိ၏။ အဆိုပါကင်မရာ တော်ကြီးသည်ဣစ္ဆာသယလိုတရသော အာလာဒင်မီးခွက်နှင့်လည်းသဏ္ဌာန်တူ ၏။ သတင်းထောက်ဟုဆိုသော်ငြားမြင် မြင်ကရာရိုက်ကူးထားသော ရောင်စုံဓာတ် ပုံလေးများသည်ဌာန
ဆိုင်ရာတာဝန်ရှိသူ များကို ပြသပြီးခြိမ်းခြောက်၍ ရတော်မူ ၏။ ၎င်းင်းပြင်တရားမ၀င်မှောင်ခိုများကို ဆင့်ခေါ်၍ဓာတ်ပုံပြပြီး ငွေညှစ်နိုင်၏။ အဘယ်မျှဟန်ကျတော်မူလိုက်ပါဘိသနည်း။
သူသည်လေဗျောက်အိုးထက်လန့် စရာတောင်း၏။ နာမည်မှည့်ထားသည် ကပင်ကြောက်လန့်
ထိတ်ပြာဖွယ်အတိ တည်း။ ၎င်းင်း၏အမည်မှာ (ယမ်းဘီလူး) ဟုခေါ်တွင်သတည်း။ တလောက ယမ်းဘီလူးထံမူးယစ်ဆေးဝါးနှင့် ပတ်သက် သောအမှုသည်များ မျက်နှာငယ်ဖြင့် ရောက်ချလာ၏။ ဂျာနယ်ထဲသတင်းမထုတ် ရန် (တိုင်းသိပြည်သိအရှက်ကွဲမှာစိုးရိမ်၍)၊ ဓာတ်ပုံမရိုက်ရန်၊နေရပ်လိပ်စာနှင့် အမည် မထည့်ရန် ရည်ရွယ်၍ ဒေသထွက်ငါး ခြောက်ငါးခြမ်းကလေးများဖြင့်လာရောက် အကူအညီတောင်းခံလေ၏။
“နင်တို့ကိုသနားလွန်းလို့ငါစဉ်းစားပေး မယ်။ ဒါပေမဲ့ (၅) သောင်းကန်တော့ခဲ့ကြ” ဟု ရဲရဲကြီးပြောချတော်မူလေ၏။ (၃) သောင်းလောက်ထားပေးရန် တောင်းပန် ကြရာ “တစ်ပြားမျှ မလျှော့နိုင်ဘူး”ဟု ဆိုတော်မူသတည်း။ “ (၃) သောင်းဆိုလျှင် မကိုက်ဘူး”ဟု ပြောသည်ဆိုသတည်း။ “ဒီကင်မရာကသိန်းချီတန်တယ်။နင်တို့ သဘောပေါက်”ဟု ငေါက်ငန်းတော်မူချ လိုက်ရာအမှုသည်မိသားစုများက ယမ်း ဘီလူးနေအိမ်ဧည့်ခန်း၌ (မသာအိမ် ဆန်ဆန်) ၀ိုင်းဝန်းငိုကြွေးကြလေသတည်း။ ထိုမှသာ သနားသွားသော ယမ်းဘီလူး က သူလျှော့ပေးနိုင်သော ဈေးကို ဤသို့ ပြောချတော်မူ၏။
“ကိုင်းကိုင်းနင်တို့မျက်ရည်တွေသုတ် ကြ။ ငါဂျာနယ်တိုက်စာမူပို့ဖို့ပြင်ဆင်နေ တုန်း နင်တို့ရောက်လာတာကံကောင်းတယ်။ မှတ်။ နောက်ဆုံးဈေးငါပြောမယ်။ ငါ့ကို (၄) သောင်း (၉) ထောင် (၉) ရာ (၉၉) ကျပ် (၉၉) ပြားပဲပေးကြပါတော့ဟာ။ ကဲ ပြန်ပေတော့” “ဟဲ့ဟဲ့ (၃) သောင်းလောက် တော့စရန်သဘောမျိုးပေးစမ်း။ ကွန်ပျူတာ ဆိုင်မှာပေးစရာရှိသေးတယ်” ဟူသတည်း။ အဆိုပါအမှုသည်များသည် ကျန်ငွေ (၁) သောင်း (၉) ထောင် (၉) ရာ (၉၉) ကျပ် (၉၉) ပြားကို ထပ်မံ၍မပေးချေသောအခါ ဂျာနယ်၌တရားခံဓာတ်ပုံများပြူးပြူးပြဲပြဲ ဖော်ပြစေရန် အလင်္ကာမြောက်မြောက် ဆော်နှက်ထည့်လိုက်လေသတည်း။
ယမ်းဘီလူးကလောင်သွားသည် အတော်ထက်၏။ ပမာနှိုင်းရလျှင် မုဆိုးမ ဓားကဲ့သို့တည်း။ သူသည် (သတင်းအပုပ် ထောင်းထောင်းထမှ) ထမင်းလုတ်ကောင်း ကောင်းဝ၏။ ကင်မရာခလုပ် (၁) ချက် (ကြက်သားဟင်းတစ်ခွက်)ဖန်တီးနိုင်သော စွမ်းအားရှိသူကြီးတည်း။ သူသည် လူသတ် မှုဖြစ်လျှင်ပျော်၏။ မုဒိမ်းမှုဖြစ်လျှင်ရွှင်၏။ ပြန်ပေးဆွဲမှုဖြစ်လျှင် မြူး၏။ မုဒိမ်းမှုဖြစ် လျှင် မူကား (တရားလိုချာတိတ်မကိုနှိုက် နှိုက်ချွတ်ချွတ်ဗျူး၍) ဘူးတော်မူလေ သတည်း။
“အခွင့်အရေးဆိုတာပြဿနာအယောင် ဆောင်ပြီးလာကြတာကွ”ဟူသော အဆို အမိန့်သည်ယမ်းဘီးလူး၏လက်သုံးစကား တည်း။ သူ့ကို ကြည့်၍ မီဒီယာလောက သားတို့အရေးရင်လေးတော်မူမိ၏။ တလောကယမ်းဘီလူးနေထိုင်သော ရပ်ကွက်၌ ခိုးမှုတစ်ခုဖြစ်ပွားခဲ့၏။ ချက်ချင်း ပေါ်ပေါက်ရန်မလွယ်ကူလှသော ခိုးမှု လည်းဖြစ်၏။
ပြည်သူလူထုကယုံကြည်အားထား နေရသော ရဲမက်ဗိုလ်ပါများသည်ဤသို့ သောခိုးမှုကို ပေါ့ပေါ့တန်တန်သဘောထား နေကြကြောင်း၊ ရဲမက်တို့၏မျက်စိသည် နတ်မျက်စိလောက်မျှပင် အသုံးမ၀င်ကြောင်း၊ ရဲမက်တွေအားလုံးသည်လွန်စွာညံ့ဖျင်းတော် မူလှကြောင်း၊ ဗီဒီယိုထဲက ရဲမက်သရုပ် ဆောင်အဖွဲ့ (ရဲမြညွန့်အဖွဲ့) အား ဖော်ထုတ်ခိုင်းရမလိုဖြစ်နေကြောင်း ဝေဖန်ထားသည့်စာမူကြမ်းကို စခန်းမှူး ကြီးကို ပြလိုက်၏။ စခန်းမှူးကြီးကစာမူ ကြမ်းကို (၁) သောင်းခွဲဖြင့် ၀ယ်ယူတော်မူ ပြီး (အပြုံးမပျက်ပခုံးဖက်ရင်း) လက်ဖက် ရည်ဆိုင်၌ (ကြက်အသေလိုမှိုင်ရင်း) အရှက်ပြေထိုင်ကြ၏။
ယမ်းဘီလူး၏သီးခြားစီးပွားရေးလုပ် ငန်းမှာ တိုင်စာတောစာရေးသားမှုပင်တည်း။ သူသည်ကယ်တင်ရှင်သိကြားမင်းစတိုင်ဖမ်း ပြီး တရားရုံးများသို့ခြေဦးလှည့်လည်လေ ရာ တိုင်စာ (၁) စောင်လျှင် ပုဆိုး (၁) ထည်နှင့်ငွေ (၂) သောင်းရသဖြင့် စာမူခ ထက်ပင်သာလွန်၍ အခြေအနေကောင်း ပြီး မြိုးမြိုးမြက်မြက်ရှိနေတော်မူသတည်း။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ ပြည်သူ လူထုနှင့် အာဏာ (၃) ရပ်သိစေရေး ကိစ်္စကို (ယမ်းဘီလူး) မကြိုးပမ်း။ စီမံခန့် ခွဲမှု၊ မူဝါဒပေါ်လစီရေးဆွဲမှုအလွဲအချော် မဖြစ်စေရေး (ယမ်းဘီလူး) နားမလည်။ အခြားသင်ခန်းစာများရယူရေးကိစ္စရပ်များ ကို မိမိတို့သတင်းသမားအလုပ်မဟုတ် ဟုခံယူထားတော်မူပုံပေါ်၏။ သတင်းမရှိ လျှင် ကျေးရွာသူကြီးအုပ်ချုပ်ရေးမှူးများ ထံ (၁၅၀၀) တန်ဖုန်းဖြင့်ဆက်သွယ်ပြီး ဤသို့သတင်းတောင်း၏။
“ခင်ဗျားတို့ရွာတွေက ဘာသတင်းမှ မထူးသေးဘူးလား” ကုန်ကြမ်းလေးဘာလေး လုပ်ဦးလေဗျာ” ငယ်ကြောက်ဖြစ်နေရှာ သော ထိုလူကြီးက “ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီးခင်ဗျာ။ ခုလောလောဆယ်သတင်း မထူးသေးတာကို ခွင့်လွှတ်ပေးပါဦး။ ဆရာအတွက်စပယ်ရှယ်ဖြစ်အောင်ဒီလို လုပ်ထားပါတယ်။ ရွာပြင်မှာ အရက်ပုန်း ဆိုင်တိတ်တိတ်ဖွင့်ခိုင်းထားပါတယ်ဗျ။ အမူးသမားတွေရန်ဖြစ်ပြီး လူသတ်မှုဖြစ် ရင် ဆရာကြီးအတွက်သတင်းဦး (သတင်း ထူး) ရရပါစေ့မယ်” မုဒိမ်းမှုလေးရအောင် ဗီဒီယိုရုံတွေမှာ ဟိုကားဒီကားလေးတိုးတိုး တိတ်တိတ်ပြခိုင်းထားပါတယ်။ ခုလော လောဆယ်တော့အဟင်း”
“တိတ်စမ်းဗျာ ကျုပ်ပြောတာနား ထောင်။ သတ်စရာရှိရင် မြန်မြန်သတ်ဖို့ လုပ်။ ကျင့်စရာရှိရင်မြန်မြန်ကျင့်ဖို့လုပ်။ ကျင့်မယ့်သူမရှိရင် ခင်ဗျားကိုယ်တိုင်ကျင့်။ မြန်မြန်လုပ်။
ကျုပ်သိပ်စိတ်မရှည်ဘူး။ဂွပ်”သြော်ဟော် သတင်းထောက်ယမ်း ဘီလူးကို မကောင်းဘူးဟု ဘယ်သူပြော ချင်ပါသနည်း။ လေဗျောက်အိုးအမြင်မှာ တော့ ယမ်းဘီလူး (သူ့အဖို့) အရမ်းအရမ်း ကိုကောင်းနေဆဲပါဗျာကြီးရယ်။
www.mmdailystar.com