Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မီဒီယာကို စိန်မခေါ်ဟု ဦးအုန်းမြင့်ပြော

$
0
0



မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း ပြောကြားချက်များမှာ သတင်းမီဒီယာများကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်ပြောကြားခြင်း မဟုတ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာ တွင် ကျေးရွာ လူထုနှင့် တွေ့ဆုံရန် ထပ်မံသွားရောက်သည့် ခရီးစဉ်တွင် မီဒီယာများကို ပြောကြားသည်။

ဦးအုန်းမြင့်၏ မကွေးတိုင်းဒေသကြီးသို့ သွားရောက်သော ခရီးစဉ်အတွင်း “ဘယ်ကောင်မှလည်း စောက်ဂရုမစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင် တာလည်းရေး။ ကျွန်တော်လည်း ပုဆိုးလှန်ပြလိုက်တယ်” ဟူသော ပထမအကြိမ် သွားရောက်စဉ်က ပြောကြားချက်များနှင့် ပတ်သက်၍ သစ်ရာကောက် ကျေးရွာသို့ ဝန်ကြီး ဦးအုန်းမြင့် ထပ်မံလာရောက်ချိန်တွင် မီဒီယာများက မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“ဘယ်မီဒီယာကိုမှလည်း မရည်ရွယ်သလို ဘယ်သူ့ကိုမှလည်း မစော်ကားဘူး” ဟု ဦးအုန်းမြင့်က ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဝန်ကြီး ဦးအုန်းမြင့်က အဆိုပါ ကျေးရွာသို့ သွားရောက်၍ ကျေးရွာ လူထုနှင့် တွေ့ဆုံကာ သောက်သုံးရေနှင့် အခြားလိုအပ်ချက် များ ထောက်ပံ့ရန် ပြောဆိုခဲ့ကြောင်း၊ သောက်သုံးရေ ရှားပါးနေမှုကို ဌာနတွင်းမှ ကျွမ်းကျင်ပညာ ရှင်များ စေလွှတ်၍ ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းနေ့၌ပင် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၏ ပြီးခဲ့သည့်လအတွင်း သစ်ရာကောက် ကျေးရွာတွင် ဒေသခံ ပြည်သူများကို ပြောကြားခဲ့သော စကားများနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့က အမြန်ဆုံး ဖြေရှင်းပေးရန် လောင်းလုံးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီး အဆိုတစ်ရပ် တင်သွင်း အတည်ပြုခဲ့သည်။

ဦးအုန်းမြင့်၏ ပြောစကားများမှာ လွှတ်တော်၊ အစိုးရအဖွဲ့နှင့် နိုင်ငံရေး ပါတီများ အပါအဝင် ပြည်သူ ကို စော်ကား ရာ ရောက်သဖြင့် ပြန်လည် ဖြေရှင်းရန် အရေးကြီး အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ရှင်းပြသည်။

ဦးအုန်းမြင့်သည် သစ်ရာကောက်တွင် ‘ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ဗိုလ်ချုပ် အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ။ ဘယ်နိုင်ငံရေး ပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့၊ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှမတိုးတက်ဘူးပြော။ သောက်ရူးတွေ ပြောနေတာ၊ မယုံနဲ့’ စသည်ဖြင့် ပြည်သူလူထုကို စော်ကားသည့် စကားများ ပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြောကြားသည်။

ဦးအုန်းမြင့်၏ အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ ပြည်တွင်း မီဒီယာများနှင့် အွန်လိုင်း စာမျက်နှာများတွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီး ဝန်ကြီး၏ ပြောဆိုချက်များအတွက် သင်ခန်းစာ ရမိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က သွားရောက်သည့် သစ်ရာကောက် ခရီးစဉ်တွင် ကျေးရွာ အထက်တန်းကျောင်းအတွက် ကျောင်းသုံးပစ္စည်းများ၊ အုတ်ရေလှောင်ကန်နှင့် ဆိုလာမီးတစ်စုံ၊ ကျေးရွာ သောက်သုံးရေအတွက် စက်ရေတွင်းနှင့် လျှပ်စစ်မီး၊ ကျေးရွာချင်းဆက် လမ်းတံတားများ ပြုပြင်ရေးတို့ကို ထောက်ပံ့ခဲ့ပြီး သစ်ရာကောက်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွက် ဘုရားဆင်းတုတော်များနှင့် လျှပ်စစ် ခေါက်ခုတင် လှူဒါန်းခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် သစ်ရာကောက် ကျေးရွာသူ ကျေးရွာသားများ မှ မကျေနပ်တဲ့ အရိပ်အယောင်မတွေ့ရပဲ NLD ပါတီဝင်များက ပွက်လောညံနေသည့် အပေါ်  မေးခွန်းထုတ်နေသူများလည်း ရှိသည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>