Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ သမ္မတအိပ်မက်

$
0
0




ညင်သာသောအပြောင်းအလဲနှင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို အာဏာလွှဲပေးနိုင်ခဲ့သော
မြန်မာ့နွေဦးအပြောင်းအလဲသည် ကမ္ဘာကပါ ချီးကျူးရလောက်အောင် နာမည်ကျော်ခဲ့သည်မှာ အမှန်ပင်
ဖြစ်သည်။သဘောထားပျော့ပြောင်းသူ စိတ်ထားနူးညံ့သူဟု သတ်မှတ်ကြသော သမ္မတကြီး ဦးသိန်းစိန်၏ ဦးဆောင်မှုအောက်တွင်မြန်မာ့နိုင်ငံရေးဖြစ်စဉ်များသည် ကြီးကြီးမားမား သွေးထွက်သံယိုကိစ္စများမရှိဘဲ
တက်ရိပ်ပြလာသည်မှာလည်း မငြင်းသာပေ။ သို့သော် လက်ရှိအစိုးရမှ နောက်အစိုးရသို့ အပြောင်းအလဲသည်မည်ကဲ့သို့ ဖြစ်စဉ်များနှင့် ကြုံတွေ့လာရမည်ကို နိုင်ငံတကာကပါ စိတ်ဝင်စားနေကြသည်။၂၀၁၀ ကလို ညင်သာသော အပြောင်းအလဲလား။ လှိုင်းထန်သော အပြောင်းအလဲလားဆိုသည်မှာလက်ရှိအစိုးရနှင့် အတိုက်အခံတို့၏ နိုင်ငံရေးကစားမှုအပေါ်တွင် မူတည်နေသည်။

၂၀၁၅ နီးလာတာနဲ့ အမျှ သမ္မတဖြစ်ဖို့ အရေးကြိုးစားသူတွေက ကြိုးစားလာကြသည်။
ဆုတ်သာ တက်သာ လမ်းကြောင်းဖွင့်ပေးသူတွေကလည်း ဖွင့်ပေးသည်။ ဒီအထဲ ရှေ့လည်းမတိုးသာ
နောက်လည်းမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသူများလည်းရှိသည်။ နိုင်ငံရေးကစားကွက်များ
ပိုမိုရှုပ်ထွေးလာသည်။ လူ့အခွင့်အရေးနှင့် အမျိုးသားရေး၏ အားပြိုင်မှု အခြေအနေများလည်း ဖြစ်ပေါ်နေသည်။ယခုလိုအခြေအနေမျိုးတွင် အမြော်အမြင်မရှိသူ၊ တိုင်းပြည်နှင့်
ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှု၍ နိုင်ငံရေးအခင်းအကျင်းအားနည်းသူတို့အတွက် ၂၀၁၅ အိပ်မက်မှ ဖယ်ခွာသွားရနိုင်သည်။

သမ္မတဖြစ်ချင်သည်ဟု ပြောဆိုခဲ့ဖူးသူများထဲမှ ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်အများဆုံးဟု ဆိုနိုင်သည်။ လက်ရှိသမ္မတဦးသိန်းစိန်သာ သမ္မတဆက်လုပ်မည်ဟု တရားဝင် ထုတ်ဖော်ပြောခဲ့ပါမူ ဦးသိန်းစိန်အတွက် ဒုတိယသမ္မတ သက်တမ်းက အဖြစ်နိုင်ဆုံး ဖြစ်ပေလိမ့်မည်။

သမ္မတဖြစ်ချင်သည်ဟု ပြည်တွင်းပြည်ပတွင် ကြေညာထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်အခဲတစ်ခုဖြစ်သည့် အခြေခံဥပဒေပုဒ်မ ၅၉(စ) သည်လည်း ပြင်ဆင်နိုင်မလားဆိုသည်မှာ
ယခုတိုင် မသေချာသေးပေ။ သို့သော် လက်ရှိအာဏာရပါတီကြီးတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေပြင်ဆင်ဖို့ ဆုံးဖြတ်ချက်တွင် ၅၉ (စ)လုံးအတွက် ဖြေလျှော့ပေးမှုများ ပါဝင်မှုသည် ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းကြောင်းတစ်ခုဖြစ်လာနိုင်သည်။ အဆိုပါ ဖြေလျှော့ချက်အရ ဒေါ်အောင်ဆန်းစုကြည်၏သားနှစ်ယောက်က မြန်မာနိုင်ငံသားအဖြစ်
ခံယူလိုက်လျှင် သမ္မတဖြစ်ခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် သားများကို နိုင်ငံသားခံယူခိုင်းမည်ဆိုလျှင်တောင် ပြည်ပတွင် အခြေကျနေပြီဖြစ်သည့် သားများ၏ အခြေအနေ၊သားအမိများအကြားဆက်ဆံရေးများအရ အမေဖြစ်သူ၏ ဆန္ဒကို သားများက လိုက်လျောနိုင်ပြီလား ဆိုသည်ကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ သို့သော် သတိထားရမည်မှာ ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင်ရန်သဘောတူညီချက်သည် အတည်ပြုပြီး ဖြစ်သည်ဟု မှတ်ယူလို့ မရသေးပေ။ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရအုံးမည် ဖြစ်သလို
အခြားတိုင်းရင်းသားပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။

၅၉(စ) ပြင်ဆင်ရေး ကြိုးပမ်းချက်တစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများကျင်းပခဲ့ခြင်းသည်လည်း ဦးအောင်သိန်းလင်းဆိုခဲ့သည့် ပုဒ်မ၅၉(စ) မပြင်ဖို့
ပြည်သူလူထုထံမှ အကြံပြုစာ ၅၀၀၀၀ ကျော်ရထားသည်ဆိုသော စကားအောက်တွင် ပျောက်ကွယ်လု
ဖြစ်ခဲ့ရသည်။အဆိုပါစကားသည်ယုံကြည်မှုလွန်ကဲနေသော ဒေါ်အောင်ဆန်းစုကြည်အတွက်
ထောက်ခံသူရှိသလို မထောက်ခံသူများလည်းရှိကြောင်း သတိပေးလိုက်သလို ဖြစ်သည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းရေးအခြေအနေအရ လူ့အခွင့်အရေးနှင့် အမျိုးသားရေး
အားပြိုင်မှုတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် နိုင်ငံတကာမှ ဆုတံဆိပ်များစွာရရှိထားသော
ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်အချို့သည် သူ့အပေါ်လူထုထောက်ခံမှု ကျဆင်းစေခဲ့သည်။
ထိုအချက်များသည် ၂၀၁၅ အလွန်တွင် သမ္မတဖြစ်ချင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အိပ်မက်ကို
ကျဆုံးသွားစေနိုင်သည့် အလွန်အရေးကြီးသော အချက်များဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ရန် မသေချာသလို တခြားဖြစ်ချင်သည်ဟု ကြေညာထားသူများ
ထဲမှလည်း ဖြစ်သွားနိုင်သည်။ ထို့ပြင် ပြည်သူလူထု၏ လေးစားချစ်ခင်မှုနှင့် ယုံကြည်အားကိုးမှု
ရရှိထားသော လက်ရှိသမ္မတဦးသိန်းစိန်သာ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီး ဒုတိယ သမ္မတဖြစ်ရေး
ကြိုးပမ်းလာပါက ကျန်သူများအတွက် သမ္မတဖြစ်ဖို့ရန် ရာခိုင်နှုန်းနည်းသွားနိုင်ပေသည်။

အချူပ်ဆိုရသော်မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ လူမျိုးပေါင်းစုံလင်သော ပြည်ထောင်စုနိုင်ငံဖြစ်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား စသည်တို့အရ မြန်မာ့ဒီမိုကရေစီကို တခြားနိုင်ငံများ၏ ဒီမိုကရေစီလမ်းကြောင်းနှင့် ယှဉ်၍ ပုံစံတူတု၍ မရပေ။ ထိုအချက်ကို လျစ်လျူ`ရှုမိသူများသည် လူထုထောက်ခံမှုနှင့် တဖြည်းဖြည်းကင်းကွာသွားနိုင်သည်။ ဒီမိုကရေစီ စနစ်တွင်လူထုထောက်ခံမှုသည်သာ အဓိကဖြစ်သည်။ လူထုထောက်ခံမှုမရသူအတွက် မည်မျှပင်ကြိုးစားစေကာမူအချည်းနှီးသာ ဖြစ်ပေမည်။ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအရ
ပြည်သူလူထု၏ လိုလားချက်သည် မည်သို့ ဖြစ်သည်ဆိုသည်ကို ပါးပါးနပ်နပ်မြင်၍ ပြည်သူ့လိုလားချက်ကို
ဖြည့်ဆည်းပေးနိုင်သူသည်သာ ၂၀၁၅ တွင် အောင်ပွဲခံသွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

From: ကိုရင်သာဗြော(ပတ္တမြားမြေ)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...