Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိဘကယောင်္ကျားပေးစားမည်ဆို၍ ယောင်္ကျားမယူချင်သော အပျိုလေးတစ်ဦး ပိုးသတ်ဆေးသောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံ

$
0
0
မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ် ၁၅လမ်းတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုသတင်းကြောင့် ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။

သူမသည် ရန်ကုန်ဆေးရုံကြီး အမျိုးသမီးကုသဆောင် (၁၀)တွင် တက်ရောက်ကုသနေရပြီး မိဘများက အိမ်ထောင်ချပေးမည်ပြော၍ စိတ်ညစ်သဖြင့် ပိုလိုပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။

ထို့ကြောင့်ပင် မိမိကိုယ်ကို သေကြောင်းကြံစည်သူအပေါ် အရေးယူပေးရန် ဒုရဲအုပ် အောင်နိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့်အရေးယူရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရည်စားထားသည်ကို အဒေါ်ဖြစ်သူက ဆူခဲ့သဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည်။
From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>