Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘော့စတွန် မာရသွန် ဗုံးခွဲသူကို သေဒဏ်ပေးမည်

$
0
0
အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် အဲရစ်ဟိုဒါက ဘော့စတွန် မာရသွန် ပြေးပွဲတွင် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သူများမှ ကျန်ရစ်သူ ကျောင်းသားလူငယ် ဒီဇိုခါဆာနော့ဗ်ကို ပြည်ထောင်စု အဆင့် သေဒဏ်ပေးရန် စွဲချက်တင်ထားကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ Pressure Cooker ခေါ် ပေါင်းအိုးအတွင်း ဖောက်ခွဲရေး ပစ္စည်းများထည့်ပြီး တိုက်ခိုက်ခဲ့ရာမှ သုံးဦးသေဆုံးပြီး ၂၆၀ ခန့် ဒဏ်ရာရရှိခဲ့သော ပြီးခဲ့သည့်နှစ် ဧပြီလ တိုက်ခိုက်မှုတွင် ကျူးလွန်ခဲ့သူ ညီအစ်ကို နှစ်ဦးအနက် အကြီးဖြစ်သူမှာ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
ထိုစဉ်က ဒီဇိုခါဆာနော့ဗ်သည် အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ၎င်း၏အစ်ကို တာမာလန်ဆာနော့ဗ်သည် အသက် ၂၆ နှစ် ဖြစ်ကာ လေးရက်ကြာ ထွက်ပြေးလွတ်မြောက် နေခဲ့ရာမှ ရဲများနှင့် ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားပြီး အစ်ကိုဖြစ်သူ သေဆုံးသွားခဲ့သည်။ ၎င်းတို့သည် ချေချင်းညာ မွတ်ဆလင် မျိုးနွယ်စုဝင်များ ဖြစ်ကြကာ အမေရိကန် နိုင်ငံသားများ ဖြစ်ကြပြီး အစွန်းရောက် အတွေးအခေါ်များဖြင့် အမေရိကန် လူထုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကျန်ရစ်သူ ညီအငယ်ကို စွဲထားသည့် အမှုများတွင် အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်ကို အသုံးပြုခြင်း၊ လူသေစေခြင်း၊ အများပြည်သူ နေရာတွင် ဗုံးခွဲရာ၌ ပူးပေါင်း ပါဝင်ခြင်း၊ ကားလုခြင်း၊ မက်ဆာချူးဆက် တက္ကသိုလ်ဝင်းတွင် ရဲအရာရှိကို သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည့်အမှုများ ပါဝင်သည်။ ၎င်းတို့ညီအစ်ကို နှစ်ဦးသည် အင်တာနက်တွင် တင်ထားသည့် အယ်လ်ကေဒါ အဖွဲ့က ထုတ်ဝေသောမဂ္ဂဇင်းမှ လက်လုပ် ဗုံးလုပ်နည်းဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကာ မည်သည့် ပြည်ပဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းနှင့်မျှ အဆက်အစပ် မရှိပေ။

“သေဒဏ်ပေးဖို့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ထောက်ခံပါတယ်။ တရားခွင် အဖွဲ့ကလည်း ဒီလိုအမိန့်မျိုး ရဖို့အတွက် ပြင်ဆင်နေပါတယ်” ဟု ပြည်ထောင်စုအဆင့် ဥပဒေအရာရှိ ကာမန်အိုတစ်ဇ်က ပြောကြားခဲ့သည်။ တရားခွင်ကို လာမည့် ဆောင်းဦးရာသီတွင် စတင်မည်ဖြစ်ပြီး စုစုပေါင်း ငါးလခန့် ကြာမြင့်မည်ဟုလည်း မျှော်လင့်ရသည်။ အခင်းဖြစ်ပွားရာ မက်ဆာချူးဆက် ပြည်နယ်တွင် သေဒဏ်ပေးခြင်းကို ၁၉၈၂ ခုနှစ်ကတည်းက ဖျက်သိမ်းလိုက်ပြီ ဖြစ်ပြီး ဆာနော့ဗ်ကို ပြည်ထောင်စုအဆင့် တရားရုံးတွင် စစ်ဆေးမည် ဖြစ်သည်။ ဆာနော့ဗ်ဘက်မှ ရှေ့နေလိုက်ပေးသူသည် နာမည်ကြီး ဥပဒေပညာရှင်တစ်ဦး ဖြစ်ကာ သေဒဏ်ဆိုင်ရာ ကိစ္စရပ်များတွင် ကျွမ်းကျင်သူဖြစ်ပြီး သေဒဏ်ပေးခံရဖွယ် ရှိသည့် ထိပ်တန်း တရားခံများကိုလည်း အကြိမ်ကြိမ် စက်တိုင်မတက်ရစေရန် ကယ်တင်ခဲ့ဖူးသည်။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>