ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ရုပ်သံဖိုင်ပါ ပြောကြားချက်များနဲ့ပတ်သက်ပြီးကျွန်တော့်အမြင်ကိုမီဒီ
ယာများ က မေးပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင် ဒီနေရာကပဲ ဖြေကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ဝန်ကြီးဦးအုန်းမြင့်ဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအပေါ်စိတ်ရောကိုယ်ပါ ဆောင်ရွက်နေ
တယ် လို့ အပြည့်အ၀ယုံကြည်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလို ဘ၀မျိုးကို ခံစားဖြတ်သန်းခဲ့ဖူး သူဖြစ်ပါ တယ်။
ဒါပေမယ့်ရုတ်တရက်ဖြစ်လာတဲ့စိတ်ခံစားချက်အပေါ်အခြေခံပြီးပြောဆိုခဲ့တာကြောင့်ဝန်ကြီးဦးအုန်းမြင့်ရဲ့
ကျေး လက်ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ပေးနေမှုများအပေါ် ပြည်သူများအနေနဲ့အထင်မှားမှုတွေဖြစ်ပေါ်စေ သလို နိုင်ငံတော်သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ
အပေါ် မှာလည်းကောင်း၊ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ ပြည်သူများ၊ နိုင်ငံရေးအဖွဲ့အစည်းများနဲ့
ပူးပေါင်းဆောင် ရွက်နေမှုများအပေါ်မှာလည်းကောင်းအထင်အမြင်လွဲမှုများလည်း ဖြစ်စေ ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ပြည်သူတွေနဲ့ထိတွေ့ဆောင်ရွက်နေရတဲ့ကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာယူစရာ
လို့ထင် ပါတယ်။
Ye Htut
FROM-APRIL MAUNG MAUNG
SPECIAL COMMENT- ဗိုလ်ချုပ် အုန်းမြင့် ပြောခဲ့တာ တွေ မှာ သာမာန် အရပ်သားတွေ အနေနဲ့ နားခါး နိုင်တဲ့ စကားလုံးတွေ ပါနေ တယ် ဆိုတာ နဲ့ လုပ်စား နိုင်ငံရေး သမားတွေ ဖွစရာ ကောင်း သွားတာ ကို တော့ လက်ခံ ပါတယ် .... ဘာပဲ ပြောပြော စစ်သား ကတော့ စစ်သား လိုပဲ စကား ပဲ ပြော မှာ ပါပဲ ... ဗိုလ်ချုပ် အောင်ဆန်း ဟာ တောင်ရှည်ဝတ် ထားတဲ့ အချိန် တွေ မှာ တောင် စစ်သား လို စကား ကို မာမာထန်ထန် ပြတ်ပြတ် သားသား ပြောခဲ့ တယ် ဆိုတာ သိကြ မှာ ပါ .... ဒါ မဆန်း ပါဘူး ...သာမာန် ပြောရိုး ပြောစဉ် အတိုင်း ပြောတာ ကို လေသံ မာတယ် လို့ ကျွန်တော် တို့ တောင် သာမာန် အရပ်သား ငယ် သူငယ်ချင်း တွေ နဲ့ ဆိုရင် အမြဲ ပြောခံ ရတယ် ... ကိုယ် ကတော့ စိတ် ထဲမှာ ဘာမှ မပါ ဘဲ ပြောတာ ပါပဲ ... ဗိုလ်ချုပ် အုန်းမြင့် ဆိုတာ ကျွန်တော် တို့ အသက် နှစ်ဆယ် မပြည့် ခင် ကထဲ က ကျွန်တော် တို့ ဆရာ ... သူ ဟာ တစ်ဘက်သား အပေါ် ( သူ့ တပည့် တွေ သာ မဟုတ် အားလုံး ကို ) စေတ နာ ကောင်း တယ် ၊ စိတ်ထား ကောင်းတယ် ဆိုတာ ကို ကျွန်တော် တို့ သိ တယ် .... ဗိုလ်ချုပ် ဟာ စကားပြော ရင် ပြတ်သား သလို စေတနာ ကောင်းကောင်း နဲ့ လဲ အလုပ် ကို ပြတ်ပြတ် သားသား လုပ်တဲ့ သူ တစ်ယောက် ဖြစ်ပါ တယ် .... ဗိုလ်ချုပ် ကို ကျွန်တော် တို့ ယုံတယ် .... လေးစားတယ် ..
From:စင်္ကာပူဖီးယာများ က မေးပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင် ဒီနေရာကပဲ ဖြေကြားလိုပါတယ်။

www.mmdailystar.com