Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်တော့် အထင်တော့ နိုင်ငံရေး ကထင်သလောက် မရိုးဘူး

$
0
0
ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ က ၅၉(စ) ကို ပြင်ရမယ် ။ ဒါဟာ သူ့ကို သမ္မတဖြစ်ခွင့် မရှိအောင် ပိတ်ပင်ထားတာ လို့ ဆိုလိုက်တယ် ။ အဲဒီတော့ sensitive point ဖြစ်လာတယ် ။ ဒီမိုကရေစီသမားတွေ က ၅၉ ပြင်ဆင်ဖို့ ထောက်ခံတယ် ၊ အမျိုးသားရေးသမားတွေက ၅၉ မပြင်စေချင်ဘူး ။ (ကျွန်တော့် အမြင်သက်သက် ပါ ) အဲဒီမှာ interest ၂ ခု ကွဲ သွားကြတယ် ။ သာမာန် သူလို ငါလိုလူတွေလည်း ထောက်ခံသင့်တယ် ၊ မထောက်ခံသင့်ဘူး အုပ်စုထဲမှာ အင်အားတစ်ခု အနေနဲ့ ဝင်သွားကြတယ် ။
အစက ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၅ သမ္မတဖြစ်ချင်တယ် ပြောတယ် ။ ဖွဲ့စည်းပုံပြင်နိုင် ပါ့မလား ၊ မပြင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိုးရိမ်စိတ် ဖြစ်မိသေးတယ် ။ နောက်တော့ သဘောပေါက်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည် အောက်ဖဲ မှောက်ပီး ရှိုးခေါ်နေတာ ။ မြန်မာ နိုင်ငံရဲ့ ဥပဒေ အရ သူ မနိုင်နိုင်ဘူး ဆိုတာ သူမသိပဲတော့ နေမယ်မထင် ။ ဒါပေမဲ့ သူ့မှာ စန်းရှိတယ် ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြင်ဆင်ဖို့ ထောက်ခံသူရော ၊ မထောက်ခံ သူတွေ ရောရဲ့ interest ကို စ ယူလိုက်တယ် ။

၂၀၁၃ အစောပိုင်း ကာလတွေမှာ သမ္မတ နဲ့ ဒေါ်စု ဟာ လူထုစိတ်ဝင်စားမှု လယ်ဗယ်တူလောက် ရှိတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး အကွက်ရွှေ့ လိုက်တဲ့ နောက်ပိုင်း ဦးသိန်းစိန် လူထုရဲ့ အာရုံမှာ မှိန်သွားတယ် ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရေချိန်မြှင့် လိုက်တဲ့ အကွက်ပဲ ။ ဖွဲ့စည်းပုံ အတိုင်း၊ လှေကြီးထိုးရိုးရိုးတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်သွား ။ တိုင်းရင်းသားပါတီတွေ က သူ့ဒေသ မှာအများနိုင်မှာ ။ ပြည်တွင်းမှာလည်း သမ္မတပေါ် လူထု စိတ်ဝင်စားမှု တစိတ်တစ်ပိုင်း ရှိတယ် ။ တခြား ပါတီတွေလည်းရှိသေးတယ် ။ အလွန်ဆုံး နိုင်လှ ၆၀ ဝန်းကျင်ပဲ ။ အဲဒီတော့ ဘာလုပ်မလဲ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကာဗာ နဲ့ လိုက်ဖဲ တွေ ခေါ်တယ် ။ ပေါ်တင်ကြီး ၂၀၁၅ အတွက် စည်းရုံးရေးဆင်းတယ်ဆိုရင် အပြိုင်အဆိုင် ပါတီ တွေ လိုက်စည်းရုံး ကြမှာပေါ့ ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ခေါင်းစဉ်ယူလိုက်တယ် ။ ဒါပေမဲ့ ၂၀၁၅ အောင်နိုင်ရေး က အဓိက ။ ဖွဲ့စည်းပုံအောက်က နေ ပြင်မရဘူးဆိုတာ ဒေါ်စု က မသိပဲနေမလား ။ငတုံး မှ မဟုတ်တာ ။

ပြောင်းပြန် ပြန်စဉ်းစား ဖွဲ့စည်းပုံကို ဒေါ်အောင်ဆန်းစုကြည်က ပါဝါ အသာ နဲ့ အပေါ် က နေ ပြင် လိမ့်မယ် ။ အဲဒါဆိုရင် လွှတ်တော် ၃ ရပ်မှာ အင်အားစုရှိနေဖို့လိုတယ် ။ လွှတ်တော် ၃ ရပ်မှာ ကိုယ် က ဦးစီးပီး အခြေခံဥပဒေ ခုံရုံး အတွက်လူပေးဖို့ လိုတယ် ။ ၂၀၁၅ အကြိုမှာ sensitive point က ၅၉(စ)ဆိုရင် ... ၂၀၁၅ အလွန်ကာလမှာ sensitive point ဖြစ်လာနိုင်စရာရှိတာ သည် ၃၄၂ ပဲ ။ လွှတ်တော် တွင်းမှာ majority ဖြစ်ခဲ့ရင် ၃၄၂ ကို ကိုင်ပီး ဖွဲ့စည်းပုံကို အပေါ် က နေ ပြင်ပြ လိမ့်မယ် ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သေးမယ်မထင်ဘူး ။ ၂၀၂၀ ဆိုရင်တော့ ဖြစ်နိုင်ချေ က အတော်လေးနီးစပ် တယ်ထင်တယ် ။ တနည်းအားဖြင့် ဒီ အယူအဆ ဟာ ကြံခိုင်ရေး ရဲ့ PR စနစ် အဆိုနဲ့မိတ်ဆက်ခြင်းရဲ့ အဖြေ ဖြစ်နိုင် သလို ၊ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကာချုပ်နဲ့ တွေ့ ချင်လဲ ဆိုတဲ့ အမေးရဲ့ အဖြေလည်းဖြစ်နိုင်တယ် ။

အခု ပြောတာတွေက ကျွန်တော့် အတွေးသက်သက်ပါ ။ ၂၀၁၅ အလွန်မှာ ပုဒ်မ ၃၄၂ က ပေါ် ပြူလာဖြစ်လာရင် ၊ ၂၀၁၅ နဲ့ ၂၀၂၀ ကြား ဒေါ်အောင်ဆန်းစုကြည် တပ်မတော် သားတွေ ကို ဦး ၅ ဝင်လာရင် ။ အခုအယူ အဆ မှန် ပါလိမ့်မယ် ။ ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်း ဟာ .. သမ္မတ ပြီးမှ ပြင်ဆင်ရေးမဟုတ်ပါ ။အခြေခံဥပဒေ ပြင်ဆင်ရေးပီးမှ သမ္မတ လို့ ယူဆရပါတယ် ။

From:ရုပ် ဆိုး 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>