Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်က မွတ်စလင်တွေ အသတ်ခံရတဲ့ကိစ္စ မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို

$
0
0



 ၂၀၁၂ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိက္ခကြောင့် ရာနဲ့ချီ လူတွေသေဆုံးခဲ့ (Credit: ABC)


ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခအတွင်း ​မွတ်စလင် ​သေဆုံးမှုတွေ ​မရှိခဲ့သလို ​မြန်မာအစိုးရအနေနဲ့ ​ပွင့်လင်းမြင်သာတဲ့ ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်နေပြီး ​အဲဒီစုံစမ်းစစ်ဆေးမှုတွေမှာ ​နိုင်ငံတကာက ​ပါဝင်တာကိုတော့ ​လက်မခံနိုင်ဘူးလို့ ​မြန်မာ ​အစိုးရက ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာ ​ပဋိပက္ခဖြစ်စဉ်အပေါ် ​မြန်မာအစိုးရက ​စုံစမ်းစစ်ဆေးမှု ​လုပ်နေတာနဲ့ ​ပက်သက်ပြီး ​မနေ့တုန်းက ​ရန်ကုန်မြို့၊ ​နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ​ရှင်းလင်းပွဲ ​ပြုလုပ်ခဲ့ပါတယ်။ ​အဲဒီ ​ရှင်းလင်းပွဲမှာ ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာက ​သံအမတ်ကြီးတွေ ​တက်ရောက်ပြီး  ​အမေရိကန်သံအမတ်ကြီးက ​ဒီစုံစမ်းမှုမှာ ​နိုင်ငံတကာကို ​ပါဝင်ခွင့်ပေးဖို့ ​တောင်းဆိုခဲ့တဲ့အပေါ် ​လက်မခံနိုင်တဲ့အကြောင်း ​နိုင်ငံတော်သမ္မတရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုတိယဝန်ကြီး ​ဦးရဲထွဋ်က ​အခုလို ​ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှုသည် ​ကျွန်တော်တို့ရဲ့ ​ပြည်တွင်းရေး ​ကိစ္စဖြစ်တယ်။ ​ကျွန်တော်တို့ ​နိုင်ငံမှာ ​လွတ်လပ်စွာ ​စုံစမ်းစစ်ဆေးတဲ့ ​အဖွဲ့တွေရှိခဲ့ပြီးသား ​ဒီအဖွဲ့တွေနဲ့ ​လုပ်မယ်။ ​နိုင်ငံတကာကလူတွေ ​ပါစရာမလိုဘူး။ ​သို့သော် ​ကျွန်တော်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှုသည် ​ပွင့်လင်းမြင်သာမယ်။ ​ကျွန်တော်တို့ ​တွေ့ရှိတဲ့အားလုံးကို ​အားလုံးနဲ့ ​မျှဝေပေးမယ်။”
တစ်ဆက်တည်းမှာပဲ ​နိုင်ငံတကာက ​ပဋိပက္ခအတွင်း ​မွတ်စလင် ​အယောက် ​၄၀ ​သတ်ဖြတ်ခံရတယ်လို့ ​ဆိုထားပေမယ့်  ​စုံစမ်းစစ်ဆေးမှုတွေအရ ​အဲဒီအဆို ​မမှန်ကန်ဘူးလို့ ​ဦးရဲထွဋ်က ​အခုလို ​ရှင်းပြခဲ့ပါတယ်။
“ဒီအချက်တွေ ​တစ်ခုမှ ​မမှန်ဘူး။ ​တစ်ကယ်သေတာဆိုလို့ ​ရခိုင်လူမျိုး ​ရဲတပ်ကြီး ​သေတာပဲရှိတယ်။ ​နောက်တစ်ခါ ​ဥပမာဆိုပါ ​တော့ ​အင်တာနက်မှာ ​တက်နေတဲ့ ​လူ ​၂၀၊ ​အသက်ခံရတယ်ဆိုတဲ့ ​ဘင်္ဂါလီ ​လူ ​၂၀၊ ​အဲဒီ ​ဘင်္ဂါလီ ​လူ ​၂၀ ​ကို ​အဲဒီ ​ဒေသမှာ ​ရွာပေါင်း ​၉ ​ရွာရှိတယ်။ ​အုပ်စုမှာ ​အဲဒီ ​၉ ​ရွာမှာ ​လိုက်ရှာတာ ​တစ်ယောက်မှ ​မရှိဘူး။ ​မြေပြင်မှာ ​အဲဒီ ​နံမည်နဲ့ ​လူကို ​မရှိဘူး။ ​MSF ​ကသူတို့တွေ ​လူ ​၂၀ ​ကျော်လောက်ကို ​ဆေးကုသပေးရတယ်လို့ ​ပြောတယ်။ ​အဲဒါနဲ့ ​ပက်သက်လို့ ​ကျွန်တော်တို့က ​နှစ်ခုလုပ်တယ်။ ​တစ်ခုကတော့ ​ပြည်နယ်အစိုးရက ​ကျွန်တော် ​ခင်ဗျားတို့ကို ​ရှင်းပြသလိုဘဲ ​ရှိရင် ​အဲဒီလူတွေပြော ​သူတို့ ​သွားကြည့်မယ်၊ ​ဆွေးနွေးမယ်၊ ​ဆေးကုသပေးမယ်။ ​ဖြစ်စဉ်ကို ​မေးတော့မှ ​စုံစမ်းဖော်ထုတ်မယ်လို့ ​ပြောတယ်။ ​ဒါပေမယ့် ​သူတို့ ​ထုတ်မပေးနိုင်ဘူး။ ​ဆရာ ​ဒေါက်တာ ​ကျော်ရင်လှိုင်တို့ဆီက ​ဒီရခိုင်ပြည်နယ် ​ပဋိပက္ခ ​စုံစမ်းရေး ​ကော်မရှင်က ​သွားတဲ့အခါမှာလည်း ​အဲဒီသတင်းကို ​ကွန်ဖန်းလုပ်တယ်။ ​ဆိုတော့ ​ကွန်ဖန်းလုပ်တဲ့အခါမှာ ​သူတို့ဘက်ကလည်း ​မပြောနိုင်ဘူး။ ​အဲတော့ ​ရွာတွေကို ​ရှိသမျှ ​အဲဒီနားက ​ရွာ ​၉ ​ရွာလုံးကို ​သွားပြီးတော့ ​မေးတဲ့အခါမှာလည်း ​ဆေးကုသခံရသူ ​ဘာညာဆိုတာ ​မရှိဘူး။”
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ​ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ​ရခိုင်ပြည်နယ် ​ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှု ​တွေအရ ​ဒုချီးရာတန် ​ကျေးရွာက ​မွတ်စလင်တွေ ​အသတ်ခံရတယ်ဆိုတာ ​မမှန်ကန်ဘူးလို့ ​သိရပါတယ်။

အခုလို ​စွပ်စွဲပြောဆိုမှုတွေ၊ ​သံတမန်ရေးရာထက်ကျော်လွန်နေတဲ့ ​ကိစ္စတွေကိုလည်း ​မြန်မာအစိုးရအနေနဲ့ ​ပြန်လည် ​တုန့်ပြန်သွားဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။
ကုလသမဂ္ဂအပါအဝင် ​​အမေရိကန် ​​သံရုံးနဲ့ ​​တခြား ​​လူ့အခွင့်အရေး ​​အဖွဲ့တွေကတော့ ​​ရခိုင်ပြည်နယ် ​​ဒုချီးရာတန် ​​ကျေးရွာ ​​ပဋိပက္ခမှာ ​ဘင်္ဂါလီ ​ရိုဟင်ဂျာ ​အယောက် ​​၄၀ ​​ကျော် ​​အသတ်ခံရတာကို ​သက်သေတွေရှိတယ်လို့ ​ပြောဆိုခဲ့ပြီး ​အမေရိကန် ​သံအမတ်အနေနဲ့တော့ ​မြန်မာအစိုးရရဲ့ ​စုံစမ်းစစ်ဆေးမှု ​ရလဒ်ကို ​လက်မခံသေးဘူးလို့ ​ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရကတော့ ​ပဋိပက္ခဖြစ်တာ ​မှန်ကန်ပေမယ့် ​သေဆုံးမှုမဖြစ်ခဲ့တဲ့အကြောင်း ​ပဋိပက္ခကြောင့် ​ထွက်ပြေးတိမ်းရှောင်နေတဲ့ ​ဒုက္ခသည်တွေထဲက ​အိမ်ထောင်စု ​၆၀ ​ကျော်နဲ့ ​လူဦးရေ ​၃၀၀ ​ကျော်ကတော့ ​နေရပ်ကို ​ပြန်လည်ရောက်ရှိနေပြီလို့လည်း ​ဒုဝန်ကြီးက ​ပြောဆိုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဆိုင်ရာ ​လူ့အခွင့်အရေး ​ကော်မရှင်အနေနဲ့လည်း ​မကြာမီရက်ပိုင်းအတွင်း ​အဲဒီ ​ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ​အဲဒီ ​ကျေးရွာကို ​သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ ​သိရပါတယ်။
ဒီသတင်းကို ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​ပေးပို့ထားတာ ​ဖြစ်ပါတယ်။
From:ME
ABC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>