Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စင်ကာပူတွင် မြန်မာတစ်ဦး အသက်မပြည့်သော အမျိုးသမီးနှင့် ငွေပေးပျော်ပါး၍ ထောင်ချခံရ

$
0
0
စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အခကြေးငွေ ပေးကာ လိင်ဆက်ဆံ ခဲ့သော မြန်မာတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ ပတ် ချလိုက်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်း တစ်ရပ်တွင် ဖော်ပြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူမော်အမည်ရ အဆိုပါ မြန်မာနိုင်ငံသားသည် အသက် မပြည့်သေးသည့် အမျိုးသမီးငယ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် စင်ကာပူဒေါ်လာ ၂၂၀ ပေးကာ ပျော်ပါးခဲ့ခြင်းဖြစ်ပြီး လူမော်သည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီးသည် လုပ်ခကောင်းကောင်း ရရှိမည့် အက၊ ညစာ အတူစားခြင်း၊ စကားပြောဆိုခြင်း စသည် တို့အပြင် အခြားဝန်ဆောင်မှုပါ ပေးနိုင်သည့် အဆင့်မြင့် အမျိုးသမီးအဖော် လုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်း ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လိင်လုပ်သား ဘဝသို့ သွတ်သွင်းခံ ခဲ့ရကြောင်း The Straits Times တွင် ဖော်ပြသည်။ အသက်မပြည့် သူနှင့် ပျော်ပါးသဖြင့် ထောင်ချခံရသည့် မြန်မာနိုင်ငံသားမှာ အလားတူ ပြစ်မှု အမှုဖြင့် ပြစ်ဒဏ်ပေးခံရသူ များအနက် ခုနစ်ဦးမြောက် ဖြစ်သည်။


From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...