Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မကြာမီ တယ်လီဖုန်းခေါ်ဆိုမှု ဈေးနှုန်းများ လျော့ကျလာမည်ဟု မြန်မာ့ ဆက်သွယ်ရေးကဆို

$
0
0

တယ်လီဖုန်း ဆက်သွယ်မှုဈေးနှုန်းများ အထိုက်အလျောက် လျော့ကျ လာနိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ တယ်လီဖုန်း (Call Charge)များ သတ်မှတ်လျာထားရာတွင် ပတ်ဝန်းကျင်နိုင်ငံများ ၏ ဈေးနှုန်းများနှင့်လည်း ဈေးနှုန်းညှိနှိုင်းဆောင် ရွက်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကပြောသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လစာစရိတ်၊ အခြေခံအဆောက်အအုံ (Infrastructure) စရိတ်များကိုလည်း တွက်ချက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရရှိလာသော ဘဏ္ဍာငွေ ကို နိုင်ငံတော်သို့ ပေးသွင်း၍ နိုင်ငံတော်၏ လိုအပ်သော ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်း သုံးစွဲလျက်ရှိကြောင်း ဆိုသည်။

ယခု ဥပဒေအသစ် အရ ကုမ္ပဏီကြီး လေးခု ယှဉ်ပြိုင် ဆောင်ရွက်  ရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် အရည်အသွေး သာမက ဈေးနှုန်းများလည်း အထိုက်အလျောက် လျော့ကျလာနိုင် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။ တယ်လီဖုန်း ဆက်သွယ်မှု ဈေးနှုန်းများ (မိုဘိုင်း) လျှော့ချ ပေးသင့်ကြောင်းကို ပြည်သူများမှ ပို့ဆောင် ဆက်သွယ်ရေးနှင့်   ဆောက် လုပ်ရေးဆပ် ကော်မတီသို့ မေးမြန်းချက် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဖြေကြား ခဲ့ခြင်း ဖြစ် သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ဥပဒေအရ နိုင်ငံတော်ပိုင် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကသာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ မိုဘိုင်းဖုန်းခေါ် ဆိုမှုနှုန်းထားများ လျော့ကျလာစေရန် ဆောင်ရွက်သကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက်လာစေရန်လည်း အော်ပရေတာ လေးခု တို့ က ဆောင်ရွက်ကြ မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုကို လာမည့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိ သုံးစွဲနိုင်အောင် ဆောင်ရွက် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြောကြားဖူးသည်။ ပြည်တွင်းအော်ပရေတာ နှစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ပြောင်းလဲမည့် အများပိုင်ကုမ္ပဏီ၊ အများပိုင်ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ ပြည်ပအော် ပရေတာများဖြစ် ကြသော နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အူရီဒိုကုမ္ပဏီတို့က ပြည်တွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ယှဉ်ပြိုင် ဝန်ဆောင်မှု ပေးကြမည် ဖြစ်သည်။
ထွန်းထွန်း
From: အင်တာနက်ဂျာနယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>