Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကွမ်းယာရောင်းသူလေး၏ အပြုံးကို ကွမ်းယာဝယ်ယူသူက ဖက်နမ်းပြီး အဖမ်းခံလိုက်တဲ့ ဈေးသည်နဲ့ဈေးဝယ်

$
0
0

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်း၊ မင်းကင်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယခုလ
၂၁ ရက် ညနေ ၅ နာရိအချိန်က ကွမ်းယာရောင်း သူလေး၏ နုတ်ဆက်အပြုံးကို ကွမ်းယာလာဝယ်သူက စိတ်မထိန်းနိုင်ဘဲ ပွေ့ဖက်နမ်းရှုံ့လိုက်သည့်အတွက် မင်းကင်းမြို့မရဲ စခန်းက ကွမ်းယာဝယ်သူကို အမှုဖွင့်အရေးယူလိုက်ကြောင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသက်(၂၉)နှစ်အရွယ် မ…. ဆိုသူသည် သူမ၏ ဈေးဆိုင်၌ ဈေးရောင်းနေစဉ် မင်းကင်းမြို့နယ်၊ လက်သမား ချောင်ကျေးရွာနေ ကို…. အသက်(၂၃)နှစ်ဆိုသူမှ ထိုဈေးဆိုင်သို့ ကွမ်ယာ ငါးကျပ်ဖိုး ၀ယ်ယူရန်ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် ကွမ်းယာရောင်းသူမှ ကွမ်းများကိုယာနေချိန်တွင် ထိုဈေးဆိုင်ရှေ့မှ ဆိုင်ကယ် စီး၍ ဖြတ်သန်းသွား သည့် ကွမ်းယာရောင်းသူ၏ အသိမတ်ဆွေများကို ကွမ်းယာရောင်း သူမှ ပြုံးပြ၍နုတ် ဆက်နေစဉ် ကွမ်းယာလာရောက်ဝယ်ယူသူမှ ကွမ်းယာရောင်းသူအား ပွေ့ဖက် နမ်းရှုံ့ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းက မှတ်တမ်းများရယူထားသည်ဟု သိရသည်။

ထို့ကြောင့် ကွမ်းယာရောင်းသူ မ…. ဆိုသူက သူမအား ပွေ့ဖက်နမ်းရှုံ့ခဲ့သူ ကို… အား ဥပဒေအရ အရေး ယူပေးရန် ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား မင်းကင်းမြို့မရဲစခန်းက(ပ) ၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၄အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

From: သတင်း၊ ကိုတိုးကြီး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>