Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားမှ လူဖမ်းပွဲကြီး

$
0
0

စည်ကားသိုက်မြိုက်စွာ ကျင်းပနေတယ်လို့ပင်ပြောရမလိ
ုလို
လူအင်အား လက်နက်အင်အား အစုံအလင်နဲ့ပေါ့
မြို့တကာ နယ်တကာမှာလည်း အုံးအုံးကျက်ကျက်ဖြစ်လို့နေကြပြီ
ပြေးသူကပြေး ပုန်းသူကပုန်းနဲ့ ငရဲအသေးစားလေးသဖွယ်ပါပဲ
မပြေးသော် ကံရာရှိဆိုသလို ဖမ်းချင်လဲဖမ်း မထူးတော့ပြီမို့
အလုပ်မဆင်းပဲ အိမ်ထဲမှာပဲ နေရသူတွေလည်း အမြောက်အမြားပေါ့

ယခုဆို (၅)ရက်မြောက်နေ့တောင် ရောက်လာခဲ့ပြီ
နယ်တွေလည်းတဖြေးဖြေး ကျဉ်းလာပြီ
အဖမ်းခံအရေအတွက်တွေလည်း များလာပြီ
တို့ရဲ့သူငယ်ချင်းတွေလည်း အားမတန်မာန်လျှော့လို့
အချုပ်ထဲရောက်ကုန်ကြပြီ
ဘယ်ဆီကိုရောက်လို့ ဘယ်လိုနေရတယ်မသိ
ဘယ်သူများ ကယ်လေမလဲမသိ
တို့ရဲ့အနာဂါတ်တွေလည်း မရေရာ နေသာနေရတယ် ရင်တမမပေါ့

ခုချိန်အထိ တိတ်ဆိတ်နေတာကတော့
မြန်မာသံရုံး အသိုင်းအ၀ိုင်းပဲ
ကူညီမှုတစုံတရာမရှိသလို အားပေးမှုလဲ ရှိမနေသေးပါ
ဤသို့ မြန်မာအများစု အိုဗာစတေးဖြစ်ရခြင်း တရားခံကလဲ သံရုံးပါပဲ
သံရုံးမှလုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ပဲ အေးဂျင့်ထံသို့လွှဲ
အေးဂျင့်မှ ငွေအမြောက်အမြားတောင်း ဖြစ်သလိုလုပ်
ထိုမှစ၍ မြန်မာများ အို ဘ၀များသို့ရောက်ကြရသည်

ထို့အတူ မြန်မာပြည်မှ ခေါင်းဆောင်ကြီးများ
တာဝန်ရှိလူကြီးမင်းများမှလည်း ဘာအသံမှထွက်မလာသေးပေ
အရင်လို ညှိနှိုင်းဆောင်ရွက်မှုတွေပင်မရှိပဲ ဖြစ်ချင်ရာဖြစ်ဟုသာ
မျက်စိမှိတ် နားပိတ်၍ နေကြလေရော့သလား
မြန်မာပြည်သူပြည်သား သိန်းနှင့်ချီ၍
ဒုက္ခရောက်နေတာကိုပဲ ကြည့်ရက်လေရော့သလား မပြောတတ်ပေ

ယခုပြောချင်တာကတော့ မြန်မာပြည်မှ
နိုင်ငံအတွက် အလုပ်လုပ်နေသော လူကြီးမင်းများ
လူမျိုးအတွက် အလုပ်လုပ်နေကြသော လူကြီးမင်းများ ခင်ဗျာ
ဒီအချိန်မှာ အာဏာရရှိရေးတွေကို ခဏဘေးဖယ်ထားပြီး
မလေးရှားရောက်မြန်မာတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့
ခဏလောက် စဉ်းစားပေးကြပါလို့
အားလုံးကိုယ်စား ဆန္ဒပြုအပ်ပါတယ်။

ရွှေမြန်မာအားလုံး စိတ်အနှောက်ယှက်များမှ
အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေ။
........................................... မိုးမခ /
 
From: မုန်း မာန်ခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>