ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေရှိ ရေလုပ်ငန်း စက်ရုံ တစ်ရုံဖြစ်သော MWRN ပုစွန် စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား နှစ်ထောင်ဝန်းကျင်ကို အလုပ်လုပ်ရက် နည်းပါးသည့်လတွင် ထောက်ပံ့ကြေး တစ်ဦးလျှင် ဘတ် ၅၀၀ (မြန်မာကျပ် ၁၅,၀၀၀ ခန့်) ပေးရန် ညှိနှိုင်းပေးရာ အလုပ်ရှင်က လိုက်လျော လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
ပုစွန်နည်းပါး၍ တစ်ပတ် အလုပ်လုပ်ရက် ခြောက်ရက်အစား ငါးရက်သာ လုပ်ကိုင်ရသည့် လများတွင် ယင်းထောက်ပံ့ ကြေးကိုပေးရန်၊ အလုပ်ရုံရှိ ပြဿနာများ လျော့ပါးသွားစေရန် အလုပ်သမား ကော်မတီ ပြန်လည် ဖွဲ့စည်း၍ အလုပ်ရှင်လုပ်သား ညှိနှိုင်းဆောင်ရွက်ရန် စသည့် အချက်များကို အလုပ်ရှင် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါကိစ္စကို အလုပ်ရှင်၊ လုပ်သား၊ MWRN တို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သုံးပွင့်ဆိုင် တွေ့ဆုံကာ ဆွေးနွေးခဲ့စဉ် အလုပ်ရှင်က လိုက်လျောလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်က ထပ်မံပြောဆိုသည်။ အဆိုပါ တောင်းဆိုမှုများကို ကနဦးတွင် အလုပ်ရှင်က လိုက်လျောမှု မရှိသဖြင့် ညှိနှိုင်းမှု လေးရက်ခန့် ကြာမြင့်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေတွင် အပြီးသတ် သဘောတူညီချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။
From:ရိုးရာလေးပုစွန်နည်းပါး၍ တစ်ပတ် အလုပ်လုပ်ရက် ခြောက်ရက်အစား ငါးရက်သာ လုပ်ကိုင်ရသည့် လများတွင် ယင်းထောက်ပံ့ ကြေးကိုပေးရန်၊ အလုပ်ရုံရှိ ပြဿနာများ လျော့ပါးသွားစေရန် အလုပ်သမား ကော်မတီ ပြန်လည် ဖွဲ့စည်း၍ အလုပ်ရှင်လုပ်သား ညှိနှိုင်းဆောင်ရွက်ရန် စသည့် အချက်များကို အလုပ်ရှင် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါကိစ္စကို အလုပ်ရှင်၊ လုပ်သား၊ MWRN တို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သုံးပွင့်ဆိုင် တွေ့ဆုံကာ ဆွေးနွေးခဲ့စဉ် အလုပ်ရှင်က လိုက်လျောလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်က ထပ်မံပြောဆိုသည်။ အဆိုပါ တောင်းဆိုမှုများကို ကနဦးတွင် အလုပ်ရှင်က လိုက်လျောမှု မရှိသဖြင့် ညှိနှိုင်းမှု လေးရက်ခန့် ကြာမြင့်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေတွင် အပြီးသတ် သဘောတူညီချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။
www.mmdailystar.com