Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စုသာဖန်ဆင်းရှင်ဖြစ်ခဲ့လျင် ကုလားအတွက်ပဲဖြစ်ပေလိမ့်မည်

$
0
0
၅၉ ကို ဖြုတ်ချခြင်းရဲ့  နောက်ကွယ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ၊ ဒီအချက်က ဖေါ်ပြနေပါတယ်ဗျာ။ သတိရှိကြပေါ့။ ဒါက အစပဲ ရှိသေးတာနော်..။ နိုင်ငံရေးဆိုတာ ကိုယ့် တစ်ဦးတည်းရဲ့  ခံစားချက်နဲ့သွားရင် မမှန်နိုင်ဘူး။ ဒီနေ့ 7 Day News သတင်းစာမှာ ၅၉ နဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲသတင်းပါတယ်။ အဲ့ဒီမှာ တစ်ယောက်က ဘာပြောသွားလဲဆိုရင် သမတက စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့အချက်က သမတ က စစ်တပ်က လူပဲဖြစ်ရမယ်လို့ သဘောရတယ်ပေါ့။ အဲ့ဒါကြောင့် လက်မခံဘူးပေါ့။ တော်တော် အတွေးတိမ်တဲ့သူဗျာ။ နိုင်ငံ တစ်နိုင်ငံကို ဦးဆောင်မယ့် သူတစ်ဦးက စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး၊ စတဲ့ အမြင်က ရှိကို ရှိရမှာပေါ့ဗျာ။ စစ်ရေးအမြင်ဆိုတာ စစ်သားမှ ရှိရမှာမှ မဟုတ်တာ
ဥပမာ သမတ လုပ်မယ့်သူက ပထ၀ီ နိုင်ငံရေးကို ငါက ပထ၀ီနဲ့ ကျောင်းပြီးတာမဟုတ်လို့ သိစရာမလိုဘူးဆိုပြီး လုပ်နေလို့မရဘူး။ သိအောင်ကို လုပ်ရမယ်။ လေ့လာရပါမယ်။ အဲ့ဒါတွေကို ပြည့် စုံအောင်မလေ့ လာနိုင်ပဲ သမတ ရူး ရူးနေရင်တော့ ရင်လေးစရာပါ။ နောက်တစ်ယောက်က ဘာပြောသွား သလဲ ဆိုရင် ဒေါ်စု သမတ ဖြစ်ရင် ၂ နှစ်လောက်အတွင်း တိုင်းပြည်က အရမ်းတိုးတက်မယ်ဆိုပဲ။ ရူးပါပေ့ဗျာ။


ဒေါ်စုကိုများ ဖန်ဆင်းရှင် ထင်နေလားမသိပါဘူး။ တစ်ခုတော့ရှိတယ်။ ဒေါ်စုက သူသမတ ဖြစ်မှ ရင်းနှီးမြှတ်နှံမှုတွေ ၀င်ဖို့ တောင်းဆိုနေတယ်။ ဒါက သူ့ရဲ့  ၀ှက်ဖဲပဲလေ။ အခု တိုင်းပြည်မွဲရတာကလဲ စီးပွားရေး ပိတ်ဆို့လို့လေ။ဘယ်သူက တောင်းဆိုလို့ စီးပွားရေး ပိတ်ဆို့တာလဲ။ အခု ဒီမိုကရေစီကို သွားတဲ့ အစိုးရဖြစ်နေပြီလေ။ သူကိုယ်တိုင်တောင် လွှတ်တော်ထဲ ရောက်နေပြီ။ သူက ဘာလို့ဆက်ပိတ်ဆို့စေချင်တာလဲ။
သူ သမတ ဖြစ်မှ စီးပွားရေး ပိတ်ဆို့တာကို ဖွင့်။ တိုင်းပြည်စီးပွားရေး ပြေလည်။ ဒါငါလုပ်တာဆိုပြီး နာမည်ကောင်းယူချင်တာလား။ ဒါပဲ သူက လုပ်တတ်တာလား။ စဉ်းစားကြည့်ကြပါ။ ဒီလိုမျိုး အလုပ်မျိုးကို တိုင်းပြည်ပေါ် တကယ် စေတနာရှိတဲ့သူတွေက လုပ်သင့်သလား။ တို့မြန်မာတွေ မျက်စေ့ဖွင့်၊ နားဖွင့်ပြီး ဦးနှောဏ်ကို အလုပ်ပေးသင့်ပါပြီ။


From: Ye Htun Oo

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>