Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု သမ္မတ ဖြစ်ဖို့ အရေးထက် အရှုံးကြီးမယ့် ဒီလောင်းကြေး

$
0
0

၅၉(စ) ကို ကျွန်တော်တို့  မျိုးဆက်သစ် လူငယ် (တတိယ အင်အားစု) အနေနဲ့  ပြည်သူတွေ အတွက် ဘာကြောင့် ကန့် ကွက်သင့်ပါသလဲလို့  ထုချေခွင့် ရခဲ့မယ်ဆိုလျှင်......။

၅၉(စ) နှင့် ပတ်သက်ပြီး နံပါတ်တစ် အနေနဲ့  အမြင်ရှင်းအောင် တင်ပြရပါရစေ..၅၉(စ) ကို ကျွန်တော် တို့ တွေ ထောက်ခံတာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို ကျွန်တော်တို့  အလေးထားခြင်း မဟုတ်ပဲ ၊ အနာဂတ် နိုင်ငံတော် နှင့် ပြည်သူ လုံခြုံရေးနှင့် တိုင်းတပါး လွှမ်းမိုးမှု့  အန္တရယ်ကို ဥပဒေ ဖြင့် အကာအကွယ်ပေးလိုခြင်း သက်သက်သာ ရည်၇ွယ်ခြင်းဖြစ်ပါတယ်...။

သမ္မတဖြစ်ခွင့်နဲ့  ပတ်သတ်ပြီး ၅၉ (စ) မှာက ဒီလိုဆိုထားပါတယ်။

၅၉ (စ) --မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏
ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

ဒီ ဥပဒေမှာ အဓိကအချက်ဟာ "နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ"ပဲဖြစ်ပါတယ်။၅၉(စ) ဟာ မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည့် အခြေခံမူများ ထဲမှ တစ်ချက်ဖြစ်တဲ့ အတွက်၂၀၁၅ အတွက်တင်မက နောင်လာမယ့် နှစ်ပေါင်းများစွာ အနာဂတ်အတွက်လဲ မပြင်သင့်သော ပုဒ်မ တစ်ခုဖြစ်ပါတယ်။

၅၉(စ) ၏ နောက်ကွယ်က ရည်ရွယ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တမင် သက်သက် ရည်၇ွယ်ထားသည် ဆိုသော စွဲချက်ဖြင့် ရှု့ မြင်ခြင်းဟာ တကယ်တော့ အနာဂတ်တိုင်းပြည်အတွက် အလွန်အန္တရယ်ကြီးတဲ့ လွဲမှားမှု့ တစ်ခုပါပဲ ဆိုတာ အားလုံးနားလည် သဘောပေါက်စေချင်ပါတယ်..။

အဲတော့ ၅၉ (စ) ၏ အဓိက အနှစ်သာရမှာ...မိမိ နိုင်ငံတော်၏ အချုပ် အခြာ အာဏာ နှင့် အသက်သွေးကြောကို မိမိ နိုင်ငံသားစစ်စစ် လက်ထဲမှာသာ ထားရှိခြင်း ၊မိမိ နိုင်ငံရဲ့ ကံကြမ္မာကို မိမိ နိုင်ငံသားများ လက်ထဲမှာပဲ ထားရှိခြင်း ဆိုတဲ့ အချက် ဖြစ်ပြီး တိုင်းတစ်ပါး လွှမ်းမိုးခြင်း အန္တရယ်ကို တရားဥပဒေဖြင့် ကာကွယ် စောင့်ရှောက်ထားခြင်း ကြောင့် ၅၉(စ) ကို မပြင်သင့်ပါဘူးလို့  တင်ပြပါရစေ..။

( ၅၉ ) ( စ ) ဟာ နိုင်ငံနဲ့ လူမျိုးတို့ အတွက် ရေရှည် အေးချမ်း၊ တည်ငြိမ်၊ လုံခြုံ မှု့ တွေနဲ့ တိုက်ရိုက် ချိတ်ဆက် သက်ဆိုင်နေလို့ ပါ။

ထို့အပြင် အဲဒီ ( ၅၉ ) ( စ ) သည် သမ္မတ ဖြစ်မယ့်သူရဲ့ အထက်၊ အောက် Generation အစဉ် အဆက် မျိုးရိုးဗီဇ မှန်ကန်မှု့ ကို စစ်တမ်းထုတ်ထားတဲ့ နိုင်ငံ့ လုံခြုံရေးရာ တံခါးတစ်ချပ်ဆိုရင်လဲ မမှားပါဘူး.။

ဆေးပညာရှာမှီးပြီး လူ့အသက်ကို ကယ်တင်ချင်လျှင် ဆေးပညာရပ်လမ်းကြောင်း ကိုပဲရွေးချယ်သင့်ပါတယ်။ အင်ဂျင်နီယာ သို့မဟုတ် ကွန်ပြူတာပညာရှင်ဖြစ်ပြီးမှ
ဆေးကုပေးချင်ပါတယ်ဆိုတာတော့ ဒါဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဟာ သဘာဝ ပါ..။

လူပုဂိုလ် တစ်ဦးတစ်ယောက်ကို အခြေပြု ပြီး ဥပဒေထုတ်တာထက် ၊ နိုင်ငံတော် အကျိုးစီးပွားဖြစ်သော ဘုံအကျိုးစီးပွားကိုသာ ရည်ရွယ်ပြီး မူ ကို အခြေပြု ပြီးဥပ ဒေထုတ်တာကိုပဲ ပိုပြီးလိုချင်ပါတယ်။ အမေရိကန်ဟာ ရီပတ်ပလစ်ကန်က မည်သူဖြစ်ဖြစ် ၊ ဒီမိုကရက်တစ်က ဘယ်သူဖြစ်ဖြစ်တက်လဲ သူတို့  ချမှတ် သတ်မှတ် ထားတဲ့ မူ အတိုင်းဘဲသွားရတာပါဘဲ။ လူပုဂိုလ်တစ်ဦး တစ်ယောက် အတွက် မူ ပြင်တာ လုံးဝ မရှိခဲ့ပါဘူး..။

မိမိ ပုဂိလိက ဆန္ဒတစ်ခုကြောင့် တိုင်းပြည် အသွင်ပြောင်းလဲရာတွင် ထိခိုက်စေနိုင်ခဲ့မယ် ဆိုရင် ၊ နိုင်ငံရေးအကြပ်အတည်း တွေ ဖြစ်ပေါ်လာစေခဲ့မယ် ဆိုရင် ၊ ပြည်သူ အချင်းချင်း သွေးကွဲလာစေခဲ့မယ် ဆိုရင် ၊ တိုင်းပြည် ရေရှည် ထိခိုက် နစ်နာနိုင်မယ့် အခွင့်အရေးတွေ ဖြစ်လာစေခဲ့မယ် ဆိုရင် မိမိ ရဲ့  လုပ်ရပ်တစ်ခုရဲ့  နောင်တ ဟာ အနာဂတ် မျိုးဆက်တွေ သွေး ချွေးတွေ နဲ့  ပေးဆပ်ရင်တောင် အရင် ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့  မလွယ်ကူတော့တဲ့ အခြေအနေတွေ ပေါ်ပေါက်စေခဲ့မယ် ဆိုရင်တော့..ပုဂိုလ် ယုံကြည်မှု့ ကို အခြေခံတည်ဆောက်တဲ့ အဲဒီ လောင်းကြေးဟာ တကယ်ပဲ အရင်းကြီးလွန်းပြီး အရှုံးနဲ့  ရင်ဆိုင်လာခဲ့မယ်ဆိုရင်လဲ အရှုံးကြီးနိုင်တယ် ဆိုတာကိုလဲ ထည့်သွင်းတွက်ချက် ဖို့  အသိတစ်ချက် ထည့်ပေး လိုက်ပါရစေလို့  တင်ပြလိုက်ပါရစေ...။

အားလုံးကို လေးစားလျှက်..
ဘစည်(စင်ကာပူ)
2.1.2014
 
From:Si Hpyo Lin

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>