Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၅၉ (စ) တံခါး လေး ပွင့် ဆိုင် နဲ့မှ ပွင့် မှာ လား

$
0
0
ဒေါ်အောင် ဆန်းစု ကြည် ရဲ့ ကော့မှူး၊ သာယာ ၀တီ မိန့်ခွန်း နှစ်ခု ဟာ မြန်မာ့ နိုင်ငံ ရေး လော က အ တွက် ကြီးမား လှတဲ့ အိပ်မက် ဆိုးများ ဖြစ်ပေါ် လာနိုင် တာကို တွေ့ ရ ပါတယ်။ လွှတ် တော် က လည်း ပြင် ဆင် ရေး ကို ကော်မ တီ ဖွဲ့ ဆောင်ရွက် နေပြီး အစိုးရ ဘက် က လည်း ပြင်ဆင် ရေး ကို လက်ခံ တယ်။ တပ်မ တော်က လည်း ပြင်ဆင် ရေး ကို အခြေခံ ဥပဒေ နဲ့ အညီ ဆောင် ရွက် ဖို့ လက်ခံ တယ်။ ဒီ တော့ ပြင်ဆင် ရေး ကို လက် မခံ ဘူး ဆိုပြီး ပြည် သူ တွေကို ပြင်ဆင် ပေးဖို့ စာရေး သား ပေးပို့ ခိုင်း နေ တာ ဟာ ဘာ ကို ဆိုလို တာ လဲ။ နားမ လည် နိုင် အောင်၊ နားလည် ရ ခက် စရာ ဖြစ်နေ ပါတယ်။ ဒေါ် အောင် ဆန်းစု ကြည် ပြော တဲ့ ပြင် ဆင်ရေး ဆို တာ ဟာ ပုဒ်မ ၅၉ (စ) ကို ဆိုလို ချင် တာ လား။ ဒါကို လည်း ပွင့် ပွင့် လင်း လင်း ပြောသင့် တယ် လို့ပဲ ထင် ပါ တယ်။


ကြီးလေးကြီး လေးပွင့်ဆိုင်

ကြီးလေး ကြီး ရဲ့ လေးပွင့် ဆိုင် တွေ့ဆုံ ညှိ နှိုင်း ရေး ကို လူသိ ထင် ရှား တောင်း ဆို လိုက် ပြီးတဲ့ နောက် မှာ လူထု အားနဲ့ တောင်း ဆို မယ် ဆို တဲ့ လမ်း ကြောင်း ဟာ တကယ် တော့ ငြိမ်း ချမ်း စွာ စေ့စပ် ညှိ နှိုင်း ရေး ကို ကျောခိုင်း ပြီး ထိပ် တိုင် ရင်ဆိုင် ရေး ကို လှမ်း လိုက် တာ လို့ ပဲ မြင် ပါ တယ်။ စေ့စပ် ညှိနှိုင်း ရေး အတွက် ပထမ အဆင့် အနေ နဲ့ ယုံကြည် မှု တည် ဆောက် ရေး ကို သွား သင့် တယ် လို့ ၈၈ မျိုး ဆက် ခေါင်း ဆောင် ကိုကိုကြီး က ထုတ်ဖော် ပြောကြား လိုက် သလို၊ ၅၉ (စ) ပြင်ဆင် ဖို့ကို ရေရှည် အတွက် ချင့် ချိန် စဉ်း စား ဖို့လို တယ် ဆိုတဲ့ စကား ကို ၈၈ မျိုး ဆက် မင်းဇေယျ က ထုတ် ဖော် ပြော ကြား လိုက် ပါ တယ်။ ၈၈ မျိုး ဆက် ဟာ ပြင် ဆင် ရေး အကြံပြု ချက် တွေ ကို လွှတ် တော် ကော် မတီ ကို ပေး ပို့ ဖို့ ထုတ် ဖော် ကြေ ညာ ထား တဲ့ အဖွဲ့ လည်း ဖြစ် နေပါ တယ်။ ဒီ နေရာ မှာ ပြင်ဆင် ရေး ကို လက်ခံ ကြ ပေ မယ့် ၅၉ (စ) ကို တော့ အ ကြိတ် အနယ် အငြင်း ပွား ဖွယ်ရာ တွေ ဖြစ်နေ တယ်ဆို တာ ထင်ရှား လာ ပါ တယ်။

ဒေါ်အောင် ဆန်းစုကြည် အနေ နဲ့ မြန်မာ တစ် နိုင်ငံ လုံးရဲ့ တရား ဥပဒေ စိုးမိုး ရေး နဲ့ တည် ငြိမ် အေး ချမ်း ရေး အတွက် ပေးအပ် ထား တဲ့ Mandate ကို သတိ ထား ဖို့လို မယ် ထင် ပါ တယ်။ ဒီ Mandate ဟာ အ များ ကြီး ကျယ် ပြန့် လှပါ တယ်။ အများကြီး လည်း နက်ရှိုင်း လှ ပါတယ်။ ပြည် သူ လူထု တည် ငြိမ် အေး ချမ်း ရေး အတွက် ဒေါ်အောင် ဆန်းစု ကြည် မှာ တာဝန် တွေ အများ ကြီး ရှိ နေ ပါ တယ်။ တရား ဥပ ဒေ စိုးမိုး ရေး အတွက် လည်း တာဝန် တွေ အများကြီး ရှိပါ တယ်။ ဒီတာဝန် တွေ အ တွက် ဒေါ်စု ဘာ တွေ လုပ် နေ ပြီ လဲ၊ မေး ခွန်း ထုတ် ရပါ လိမ့် မယ်။ ဥပဒေပြု ရေး ဆို တာ တရား ဥပဒေ စိုးမိုး ရေး ရဲ့ နိဒါန်း ဖြစ် ပါ တယ်။ နိဒါန်း အ ဖွင့် မ ကောင်း ရင် နောက်မှာ ရှိ နေတဲ့ လုပ်ငန်း စဉ် တစ်ခု လုံး က သောင်း က နင်း နိုင် သွား မှာပဲ ဖြစ် ပါ တယ်။ လွှတ် တော်ရဲ့ လုပ်ပိုင် ခွင့်ဖြစ် တဲ့ ပြင်ဆင် ရေး ကို ကိုင်ထား နိုင်ရင် ပွဲ သိမ်း ပြီ ဆို ပြီး လွှတ် တော် အ လို လိုက် အကြိုက် ဆောင်ခဲ့ တာတွေ ဟာ ဒီ အချိန် မှာ အဖု အ ထစ် တွေဖြစ် လာ တဲ့ သ ဘော ပါ ပဲ။ ဒေါ်အောင် ဆန်းစု ကြည် ဟာ မဏ္ဍိုင်ကြီး အားလုံး အကြား ချိန် ခွင် လျှာ တည် ငြိမ် အောင် ကြား ၀င် ထိန်း သိမ်း ပေးနိုင် တဲ့ ခေါင်း ဆောင် တစ် ယောက် ဖြစ် ပါတယ်။ ဘယ် ကိုမှ ဘက်မလိုက် ဘဲ တရား ဥပဒေ စိုးမိုး ရေး ဘက် ကို လိုက်ရ မယ့် သူဟာ ပုဂ်္ဂိုလ် ရေး ရင်း နှီး မှု အရ လွှတ် တော် ရဲ့ တစ်ဘက် စောင်း နင်း လုပ် ဆောင် ချက်တွေ ကို ထောက်ခံ ခဲ့တာ ဖြစ်ပါ တယ်။ ပြင်ဆင်ရေး အောင်မြင် လိုတဲ့ ဆန္ဒ နောက်မှာ ဆန္ဒ ကတိ တွေ အလို အလျောက် ဖြစ် ပေါ်ခဲ့ တာ ဟာ လည်း ပြန် ပြီး ချင့်ချိန် စရာ ဖြစ် နေ ပါတယ်။
   
       ဒေါ်အောင် ဆန်းစု ကြည် အနေ နဲ့ သမ္မတ ဖြစ်ချင် တယ် ဆိုတဲ့ စကား ကို အစော ဆုံး ထုတ် ဖော် ပြော ကြား ခဲ့ ခြင်း ဟာ ၅၉(စ) ပြင်ဆင် လိုခြင်း ကြောင့် သာ ဖြစ်ပါ တယ်။ ဒီလို ထုတ် ဖော် ပြောကြား လိုက် တဲ့ အ တွက် ဥပဒေ ပြု လွှတ် တော် ကို အလို လိုက် ခဲ့ရပါ တယ်။ လွှတ် တော် နဲ့ အစိုးရ ထိပ် တိုက် အငြင်းပွား မှုတွေ မှာ လွှတ် တော် ဘက် က ရပ်တည် ပေးခဲ့ ပါတယ်။ ဒီထိပ် တိုက် ရင်ဆိုင် မှုတွေ မှာ အရေး ကြီး လှ တဲ့ ယုံကြည် မှုမိတ်ဖက် ဖြစ်ရမယ့် တပ်မတော် ကို ကျောခိုင်း ခဲ့ပါ တယ်။ နှုတ် ကပဲ တပ်မတော် ကို ချစ်ပါ တယ် ပြော နေတာ ထက် လုပ် ဆောင် ချက် တွေက တပ်မတော် ကို မလိုလား တဲ့ သဘော ထား ကို ပြသ ခဲ့ပါတယ်။ ၂၀၁၅ မတိုင် ခင် တပ် မတော် သား တွေ လွှတ်တော် ထဲက လုံးဝ ထွက်ခွာ ရေးဟာ လက်ရှိ အနေ အထား အရ မဖြစ် နိုင်ပါ ဘူး။ ဒီ လို မဖြစ် နိုင် တာကို လက်ခံ ထားခြင်း မရှိဘဲ ကိုယ် လို ချင်တာ၊ ကိုယ် ဖြစ်ချင် တာ ကိုပဲ ဦးတည် တောင်း ဆို နေ ခဲ့တာ တွေ့နိုင် ပါတယ်။ ၅၉(စ)လည်း ပြင် ပေးရ မယ်၊ ဖက်ဒရယ် လည်း သွား ရမယ်၊ (၂၅ ရာခိုင်နှုန်း) လည်း ဖြုတ် ပစ် ရ မယ် ဒီလို တောင်း ဆိုချက် တွေ အတွက် ဒေါ်အောင် ဆန်းစုကြည် ဘက်က ဘာ တွေ လိုက်လျော ပေး မယ် ဆိုတာ ပြောခဲ့ ဖူးပါသလား။ တပ်မတော်ဟာ ပြင်ဆင် ရေးရဲ့ သော့ချက် ဖြစ်နေ တယ်ဆို ရင် ဒီသော့ချက် အတွက် မက် လုံး က ဘာလဲ။ အပေးနဲ့အယူ သဘော တရားမှာ အပေး မရှိ အယူ သာရှိ ဆို ရင် အပေး-အယူ အောင် မြင်နိုင်ပါ့မလား။

လွှတ်တော်မှားကွက်တွေ ဘာကြောင့် ထောက်မပြခဲ့တာလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော် သက်တမ်းမှာ တရားဥပဒေစိုးမိုးရေးအမြင် ထက် ကြံ့ ခိုင်ရေးနဲ့ ပြေလည်ရေး လမ်းကြောင်း ကို လျှောက်ခဲ့ခြင်းရဲ့ အကျိုးဆက်ကို ခံစား နေရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အုပ် ချုပ်ရေးနဲ့ရော တပ်မတော်နဲ့ပါ ဆန့်ကျင်ဘက် အရပ်တစ်ခုစီမှာ ရောက်ရှိနေတာ ဖြစ်ပါ တယ်။ လွှတ်တော် မှာ ထိုင်နေတဲ့ သူအတော်များများ ဟာ အခြေခံ ဥပဒေ ရေးဆွဲ ခဲ့တဲ့ အမျိုးသား ညီလာခံမှာ ပါဝင် ခဲ့ကြ သူတွေ ဖြစ်ပါ တယ်။ လွှတ်တော် က ကိုယ်ပိုင် လုံခြုံရေး ပျူစောထီး တပ်ဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်း လာတယ်။ တည်ငြိမ် အေး ချမ်း ရေး အတွက် တာဝန်ရှိတဲ့ ဒေါ်အောင် ဆန်းစုကြည် ဆန့်ကျင် ဘက် မပြောရဲ ဘူး။ ဘာကြောင့်လဲ ပြင်ဆင် ရေးမှာ အနှောက် အယှက် ဖြစ်မှာ စိုးတဲ့အတွက်။ သမ္မတ လုပ်ပိုင် ခွင့်တွေ၊ လွှတ်တော် က လွှဲပြောင်း ယူမယ့် ဥပဒေ ကြမ်း ဆိုပြီး ဒေါက်တာ မြတ်ဉာဏ်စိုး တို့ ထုတ်ဖော် ပြေ ကြား ခဲ့တဲ့ လွှတ်တော် ဥပဒေ ကြမ်းကို သမ္မတ လက်မှတ် မထိုးဘူး။ ဒေါ် အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေခဲ့တယ်။ မဲဆန္ဒ နယ်မြေ ရန်ပုံ ငွေ သိန်းတစ် ထောင် ကိစ္စအခြေခံ ဥပဒေနဲ့ မညီရင် အခြေခံဥပဒေပြင် ပေါ့ဆိုပြီး ဒေါ်အောင်ဆန်းစု ကြည်ပြောခဲ့ပါ တယ်။ မ ညီ တဲ့ဟာ မလုပ်ဖို့ဝင်ပြီး မထိန်းခဲ့ ဘူး။

အခု ဖွဲ့စည်းထားတဲ့ ပြင်ဆင်ရေး ကော်မတီက ဘယ်လောက်အထိ ပြင်ပေးမှာ လဲ။ ပြင်ဆင်ရေး ကော် မတီ နောက်ကွယ်က ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းကိုင်ပေါလစ် ဗျူရို ကြီးတွေ လွှတ်တော် ထဲမှာ ရှိတယ်။ တစ်ခွန်း မှ မပြောခဲ့ဘူး။ ငြိုငြင်မှာလည်း စိုးရသေးတဲ့ အဖြစ်။ (၁ ရာခိုင်နှုန်း) ပြန်ခေါ်ခွင့်ကို လွှတ်တော် က ဟိုလိုလို ဒီလို လိုလုပ်ပြီးရှောင်လွှဲနေတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်းမှ ၀င်မပြော ခဲ့ဘူး။ တကယ်တမ်း ဆန်းစစ်ကြည့် ရင် ပြင် ဆင်ရေးမက်လုံးနဲ့ အမှန်တရား ဘက်မှာ မရပ် တည်နိုင်၊ မဏ္ဍိုင်ကြီး တွေ အကုန် လုံးကို ပြန် ပြီးထိန်း ကျောင်း နိုင်တဲ့ နိုင်ငံပြုမဏ္ဍိုင်အဖြစ် မလုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ရ ပါတယ်။ ဒေါ်အောင်ဆန်း စု ကြည် ဟာ အုပ် ချုပ်ရေးကိုရော၊ လွှတ်တော် ကိုရော၊ တရားရုံး တွေကိုရော၊ မီဒီယာ တွေ ကိုရော၊ ပြည်သူ တွေ ကိုရော ထိန်းကျောင်းနိုင်တဲ့ သြဇာကြီးမားတဲ့ မဏ္ဍိုင်ကြီးတစ်ခုပါ။ ဒီမဏ္ဍိုင်ကြီး အသက် မ၀င်ခဲ့ဘူး။ သမ္မတ ဖြစ် ရေး ပြင်ဆင်ရေး မျှော် မှန်းချက်ကြောင့် ထိန်းကျောင်းရေးမဏ္ဍိုင် ကြီးတစ်ခုလုံး ပြည်သူတွေ ဆုံးရှုံးခဲ့ရတယ်။

၅၉(စ)ရဲ့ ထွက်ပေါက်

ထောက်ပြ ရင်မညှာမတာပြောထွက် တယ်ဆိုတဲ့ အပြစ် တင် သံတွေ ကြားရမှာ သေချာပါတယ်။ ဒါပေ မဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၅၉(စ)ကို မရမက ပြင်နေ မယ့် အစား ၅၉(စ)နဲ့ ညီ သွားအောင် လုပ်လို့မရ ဘူး လား။ စဉ်းစားကြ ဖို့ လိုပါတယ်။ ၅၉(စ) ပြင်လို့ မရဘူး ဆိုတာကို လွှတ်တော် ကရော၊ တပ် မတော် ကရော ဒုတိယ သမ္မတ နေရာ လစ်လပ် သွားတဲ့ အချိန်တုန်းက ပြသ ခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန် တိုင်း ဒေသ ကြီး ၀န် ကြီး ချုပ် ဦးမြင့် ဆွေ ကို ဒုတိယ သမ္မတ အဖြစ် အမည်စာရင်း တင်သွင်း တဲ့အချိန် က ဦးရွှေမန်း ဦး ဆောင်တဲ့ လွှတ်တော်က ကန့်ကွက်ခဲ့ပြီး ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ ဒီဒုတိယ သမ္မတ ဟာ တပ်မတော် သား ကိုယ်စား လှယ် အစု အဖွဲ့က အမည် စာ ရင်း တင်သွင်း ခဲ့တဲ့ ဒုတိယ သမ္မတပဲ ဖြစ်ပါ တယ်။ တပ်မတော် အနေ နဲ့ သူ တို့ တင် သွင်း ခဲ့ တဲ့ ဒုတိယ သမ္မတ လောင်းကို ပယ်ချ ခဲ့တဲ့ ဒီ ပုဒ်မကို အသာ တကြည်၊ ကြည်ကြည်ဖြူဖြူ လက်ခံနိုင် မှာတဲ့လား။ ဒီပုဒ်မနဲ့ ဦးမြင့်ဆွေကို ပယ်ချခဲ့တဲ့ ကြံ့ ခိုင်ရေး အများစု ကြီးစိုးထား တဲ့ လွှတ်တော် ကရော ဒီပုဒ်မ ပြင် ပေးပါဆိုပြီး ပြောကြမှာလား။

ဒါဆိုရင် ဒီ ၅၉(စ)ကို ပြင်ဆင်ဖို့ ဖြစ်နိုင် မှာလား။ ဖြစ်နိုင်ချေ သိပ်ကို နည်း နေပါတယ်။ ဒါဆိုရင် ဖြစ်နိုင် ခြေ သိပ်ကိုနည်းနေတဲ့ ၅၉ (စ)ကို ပြင်ဆင်မယ့်အစား ဒေါ်အောင် ဆန်း စုကြည် အနေနဲ့ ၅၉(စ) နဲ့ ညီအောင် လုပ် ယူ လို့ မရဘူးလား။ သား(၂)ယောင် နဲ့ ချွေးမ တွေကို မြန်မာ နိုင်ငံသား အဖြစ် ပြောင်းလဲခံ ယူကြ မလား။ ဒါဆိုရင် ၅၉(စ)နဲ့ ညီညွတ်မ သွားဘူးလား။ မြန်မာ နိုင်ငံ မှာ သမ္မတ ဖြစ် ချင်တဲ့ ခေါင်းဆောင်ရဲ့ သားသမီး တွေ ကရော မြန်မာ နိုင်ငံသား ဖြစ်ရင် မကောင်း ဘူးလား။ နောက် တစ်နည်း က ဒေါ်အောင် ဆန်းစု ကြည် အနေနဲ့ သားသမီး တွေကို စွန့်လွှတ် တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရက်စက်ရာတော့ ကျ ပါလိမ့်မယ်။ သမ္မတဖြစ်ရေးက အဓိက၊ ပြည် သူတွေအကျိုးကို သယ်ပိုး ဖို့က အဓိကဆိုရင် သားသမီး တွေကို စွန့်လွှတ် နိုင်ခြင်း ဟာ ရာဇ၀င် တွင် ရစ်မယ့် စွန့်လွှတ်မှုတစ်ရပ် ဖြစ်လာပါ လိမ့်မယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထွက်ပေါက်ပိတ် နေတာ မဟုတ်ဘူး။ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်နေတာ ဖြစ် ပါတယ်။ ပိတ်သူနဲ့တွန်းသူ ဒီနှစ်ခုအကြား မှာ ပဋိပက္ခတွေ ဖြစ်လာမှာတော့ သေချာ နေပါတယ်။ နောက်တစ်ချက်က စနစ်တကျ ပိတ်ဆို့ဖို့ စဉ်းစားပြီး ဆောင် ရွက်ခဲ့တဲ့ ဒီပုဒ်မ နဲ့ ပတ်သက်လို့ ပြင်ဆင်ရေးကို တာဝန်ယူ ထားကြတဲ့ လွှတ်တော် ထဲက ကြံ့ခိုင်ရေး အမတ် တွေ ကြားမှာ လူမသိသူမသိ ပဋိညာဉ် တွေ ဘယ်လိုရှိနေသလဲ ပြည်သူတွေ မသိနိုင် သလို ဒေါ်အောင် ဆန်းစု ကြည်လည်း သိနိုင် မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဟာ အခြေခံဥပဒေ ရေးဆွဲခဲ့ရာမှာ တာဝန် ယူခဲ့ သူတွေကို ထိုးနှက်တိုက်ခိုက်နေတဲ့ အချိန်မှာ အဲဒီလို ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ထိန်းဖို့ ဘယ် သူ တွေကို တာဝန်ပေးခဲ့သလဲဆိုတာကို စဉ်းစားဖို့ လိုပါ တယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ် ယောက် စလုံး ဟာ ကြံ့ ခိုင် ရေးပါတီကပဲဖြစ်သလို လွှတ် တော်ထဲက အများစုကလည်း ကြံ့ ခိုင်ရေးက ပဲ ဖြစ်နေပါတယ်။

ပြင်ဆင်ရေးကို ထိန်းထားတာက တပ်မတော်ဆိုပေမယ့် လွှတ်တော်ထဲမှာ ထိန်း ထားတာက ကြံ့ခိုင် ရေး ပါတီဖြစ်နေတဲ့ အတွက် ကြံ့ခိုင်ရေးပါတီက အမတ်တွေ ကို မေးခွန်းထုတ်ဖို့ လိုနေပါတယ်။ ကြံ့ခိုင်ရေး အ မတ် တချို့ကလည်း မပြင်နိုင်ဘူးဆိုပြီး ဗြောင်ပဲ ဖွင့် ပြောထား တာတွေ ရှိနေ ပါတယ်။ ကြံ့ခိုင် ရေးပါတီရဲ့ ပေါလစ် ဗျူရို ဆရာကြီးတွေ က ဘယ်သူလဲ၊ ကြံ့ခိုင်ရေးပါတီ ဥက်္ကဋ္ဌဖြစ်နေ တာက ဘယ်သူ လဲ။ အနီး ဆုံး ရန် သူ ကို ရှာ တိုက်ရမယ့် ပြင်ဆင်ရေးတိုက်ပွဲမှာ ပစ်မှတ် မှားနေသလား တွေးမိပါတယ်။ ပစ်မှတ်မှားရင် တော့ နည်း ဗျူဟာတွေ၊ ချဉ်းကပ်မှုလမ်း ကြောင်းတွေလည်း မှားသွားတော့မှာ ဖြစ်ပါ တယ်။

From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...