Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်

$
0
0

အာရှဘောလုံးအဖွဲ့ချုပ် (AFF) က ဦးဆောင်၍ ၂ နှစ်တစ်ကြိမ် ကျင်းပသည့် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲ (ခြေစစ်ပွဲစဉ်များမှအပ ကျန်ပွဲစဉ်) များကို မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၂ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။ ယင်းပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ် သတ်မှတ်ရန် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့က လျှောက်ထားခဲ့ပြီး မြန်မာနိုင်ငံက ကိုးမဲ၊ ဖိလစ်ပိုင်က ခြောက်မဲ၊ အင်ဒိုနီးရှားက လေးမဲ ရရှိခဲ့သောကြောင့် မဲအများဆုံးရသည့် မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဆူဇူကီးဖလား၏ ပထမအဆင့် ခြေစစ်ပွဲစဉ်များကို ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပမည်ဖြစ်၍ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဘောလုံးအသင်းများမှလွဲ၍ သြစတြေးလျနိုင်ငံ အပါအဝင် ကျန်အာဆီယံ နိုင်ငံများက ဘောလုံးအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ မြန်မာနှင့် ဖိလစ်ပိုင် အသင်းများမှာ အုပ်စုပွဲစဉ်များမှ စတင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲကို မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သရေတစ်ပွဲသာ ရရှိခဲ့၍ အုပ်စုအဆင့်ကပင် ထွက်ခွာခဲ့ရပြီး စင်ကာပူ အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ ရရှိခဲ့သည်။ စင်ကာပူနှင့် ဗီယက်နမ်တို့ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားသော ၂၀၁၄ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>