ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထွက်ပေါ်လာခဲ့ရာ မြန်မာအသင်းမှာ အံ့သြဖွယ်ကောင်းအောင် ပါလက်စတိုင်းနှင့် တာ့ခ်မင်နစ္စတန်တို့ကို ကျော်ဖြတ်ကာ အာရှအဆင့်၌ အဆင့်(၁၉) နေရာကို တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလက်ရွေးစင် အမျိုးသားအသင်းသည် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့အောက်တွင် အာရှအဆင့် (၃၁) နေရာ၌ ရှိနေခဲ့ရာမှ ယခုအခါ အာရှအဆင့် (၁၉) နေရာသို့ ကျော်တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ယင်းစက်တင်ဘာလနောက်ပိုင်း ယှဉ်ပြိုင်ခဲ့သည့် ခြေစွမ်းပွဲစဉ်များတွင် နိုင်ပွဲများ မရရှိသလောက်ပင် ဖြစ်ခဲ့သော်လည်း ကမ္ဘာ့အဆင့် ရပ်တည်မှုများမှာ တစ်လနှင့်တစ်လ တရိပ်ရိပ် တက်လျက်ပင် ဖြစ်သည်။ မြန်မာအမျိုးသားအသင်းမှာ ခြေစွမ်းပိုင်းနှင့် ထိုက်တန်မှုမရှိစွာ ကမ္ဘာ့အဆင့်အတန်း တွင် မြင့်တက်လျက်ရှိသော်လည်း မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ထုတ်ပြန်ချက်တွင် အာရှအဆင့်၌ အဆင့် (၉)၊ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် (၄၂) နေရာသို့ ရောက်ရှိနေသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာ ၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် ခြေစွမ်းပြနိုင်ခဲ့သည့် အသင်းဖြစ်သလို ဆီးဂိမ်းပြိုင်ပွဲတွင် ကျားကုတ်ကျားခဲဖြင့် ပြိုင်ဘက်များကို ယှဉ်ပြိုင်ကစားကာ နိုင်ပွဲများ ရယူနိုင်သည့် အသင်းလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း ထပ်မံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးလိဂ် ပေါ်ထွက်လာရန် လိုအပ်လျက်ရှိပြီး မျိုးဆက်မပြတ်မှသာ ကမ္ဘာ့အဆင့်အတန်းတွင် ရှေ့တန်းသို့ ထပ်မံတိုးထွက်လာမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်မြန်မာအသင်းအနေဖြင့် ယင်းစက်တင်ဘာလနောက်ပိုင်း ယှဉ်ပြိုင်ခဲ့သည့် ခြေစွမ်းပွဲစဉ်များတွင် နိုင်ပွဲများ မရရှိသလောက်ပင် ဖြစ်ခဲ့သော်လည်း ကမ္ဘာ့အဆင့် ရပ်တည်မှုများမှာ တစ်လနှင့်တစ်လ တရိပ်ရိပ် တက်လျက်ပင် ဖြစ်သည်။ မြန်မာအမျိုးသားအသင်းမှာ ခြေစွမ်းပိုင်းနှင့် ထိုက်တန်မှုမရှိစွာ ကမ္ဘာ့အဆင့်အတန်း တွင် မြင့်တက်လျက်ရှိသော်လည်း မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ထုတ်ပြန်ချက်တွင် အာရှအဆင့်၌ အဆင့် (၉)၊ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် (၄၂) နေရာသို့ ရောက်ရှိနေသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာ ၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်တွင် ခြေစွမ်းပြနိုင်ခဲ့သည့် အသင်းဖြစ်သလို ဆီးဂိမ်းပြိုင်ပွဲတွင် ကျားကုတ်ကျားခဲဖြင့် ပြိုင်ဘက်များကို ယှဉ်ပြိုင်ကစားကာ နိုင်ပွဲများ ရယူနိုင်သည့် အသင်းလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း ထပ်မံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးလိဂ် ပေါ်ထွက်လာရန် လိုအပ်လျက်ရှိပြီး မျိုးဆက်မပြတ်မှသာ ကမ္ဘာ့အဆင့်အတန်းတွင် ရှေ့တန်းသို့ ထပ်မံတိုးထွက်လာမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.mmdailystar.com