Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အကူးအ ပြောင်း ဒေါ်စု ဘယ်လိုကိုင် တွယ် နေလဲ

$
0
0
ဒေါ်စုဟာ အတိုက်အခံ ခေါင်းဆောင် အဖြစ်တိုက် ပွဲဝင် လာခဲ့တာ အခုဆိုနိုင် ငံမှာ စနစ်တွေ ပြောင်းလဲလာ တာ အများအသိပါပဲ။ နိုင် ငံမှာ အပြုသ ဘော ဆောင် တိုးတက် မှာတွေရှိလာ တာ မျက်မြင် ပါပဲ။နိုင် ငံအတွက် အားရစရာ ကျေနပ်စရာအဆင့် မဟုတ် တောင် ကောင်းမွန်တဲ့အဆင့်လို့ သတ်မှတ် ရမှာပါ။

အကူးအ ပြောင်းဟာ ပို ချောမွေ့ မြန်ဆန် လေ ပိုပြီး ပန်းတိုင် နီးလေပါပဲ။ဒီနေ ရာ မှာချောမွေ့မှ မြန်ဆန်မှာကို သတိပြုသင့် ပါတယ်။

စိတ်မ ကောင်း စရာတစ်ခုက ဒေါ်စုဟာ ပန်းတိုင် ရောက် ဖို့ လောလွန်းနေသလို ဖြစ်ချင် တာ တွေတအား များန်ေတယ်။ဲ

အဆိုးဆုံးက EQ အားနည်းသလို အကူးအ ပြောင်းကို ဘယ်လို ကိုင် တွယ်ရမလဲ ကောင်းကောင်း မသိတာပါပဲ။ဖြေ လျော့တဲ့သူတွေ စိုးရိမ်စိတ်တွေတိုးတိုးလာအောင် လုပ် နေတာကသူ မပါးနပ်တာကို ပြ နေတာပါပဲ။

အားလုံးက နိုင် ငံအသစ်မှာ ဗီလိန်မဖြစ်ချင် ကြဘူး။ အရင် စစ် အုပ်စုအဖွဲ့တွေတောင် ဗီလိန် မဖြစ် အောင်
ကြိုးစားနေကြလို့ အကူးအ ပြောင်းသိမ်မွေ့မှူကို ကမာက အံ့သြယူရတယ်။ပြည်သူနဲ့ မကင်းကွာ ချင် တော့သလို ပြည်သူ့မေတ္တာကို လိုချင် လာကြတယ်။ဒီလို Mind set ရဖို့ မင် မတန် ခက် ပါတယ်။

ဖြေ လျော့တိုင်းမှာ စိုးရိမ်မှူ ရှိနေတာသဘာဝပဲ။ သူတို့ ဖြေ လျော့မှူကသူတို့ကို ပြသနာ လာ ရှာခံရတာ
မျိုးဆို တဖက်လည်းကြောက်မှာ အမှန်ပဲ။ဒါ ကြောင့် ဖြေ လျော့ပေးသူတွေကသူတို့အ ပေါ်
နောက် ကြောင်း ပြန် သက် ရောက်မှူ ရှိလာ လေ မလားတွေးကြတယ်။သူတို့စိတ်ချ သ လောက် ဖြည်းဖြည်းချင်း ဆုတ်ခွာကြတယ်။ပိုဆိုးတာက စစ်တပ်သဘာဝအရသူတို့က စနစ်တကျ လုပ်တတ်တာပါပဲ။ဆုတ်ခွာတဲ့ လမ်းကြောင်း မှာ တဆင့်ချင်း စိတ်ချ ရ အောင် လုပ် ပြီး အောင် မြင် အောင် ဆုတ်ခွာကြတယ်။

ဒေါ်စုက တဖက် အ ကြောင်းကို ကောင်းကောင်း မသိ သလို အကူးအ ပြောင်းကို မကိုင် တွယ် တက်တော့
အမှားတွေ အမှားကြီးဖြစ်လာတယ်။အခန့်မသင့် ရင် သမိုင်းတရားခံတောင်ဖြစ်လာနိုင် တယ်။ဒါကို အပြင် လူတွေက ဝေဖန် ထောက် ပြ နေကြတာ မုန်းလို့ဆိုတာထက် တိုင်းပြည်သံယောဇဉ် ကြောင့်ပါပဲ။

ဝေဖန်သူတွေက စစ်အာဏာရှင် ကို လိုလားလို့ မဟုတ်ဘူး။တိုင်းပြည် အ ရွေ့ကို မှန်မှန် ရွေ့သွားနိုင် အောင် ဝေဖန်ကြတာပါ။ဒါကို ဒေါ်စုနဲ့ NLD နားလည်သင့်ပါပြီ။

ကျန်တဲ့ နိုင် ငံရေးပါတီတွေရော ပြင် ပ နိုင် ငံရေးသမားတွေပါ လိုလားနေတာကလက် ရှိအ ရွေ့ကို ကို ပိုခိုင် မာစေဖို့ပဲ။ အားလုံးက ပန်းတိုင် ကိုလိုချင် ကြတယ်။ဒါ ပေမဲ့ သူတို့မ လော ဘူး။ တဖက် ရဲ့ Mind Set ကို ပြောင်းဖို့ပဲ ကြိုးစားတယ်။

အဲ့ဒါ သော့ချက်ပဲ။ တဖက် စိတ်မှာသူတို့ လုံခြုံတယ် ထင် တာနဲ့ကစားပွဲက Game ပြီ။NLD က တော့ ဖိအားနဲ့ ကစားဖို့စဉ်းစားတယ်။တဖက်ကို အပြစ် တင် ပြီး စိတ်မလုံခြုံအောင် လုပ်တယ်။မကြာသင့်ပဲ ကြာအောင် လုပ်နေသလို ဖြစ် နေတယ်။

အပြင် လူတွေ ဝေဖန်တာကို ရန်သူလိုသ ဘောမထားပဲ ဆင် ခြင် ရင် သူတို့ဘာ ပြောချင် တာလဲ NLD သိလာမှာပါ။NLD အ နေနဲ့ နားစွင့်ပြီး သူတို့အမြင် ကို ကောက် စားတတ် ရင် NLD အတွက် အမြတ်ချည်းပါပဲ။အသံတွေကို ဂရုမစိုက် သမျှ ဒီထက် ဆိုးဖို့ပဲရှိပါတယ်။

အတိုက် အခံခေါင်းဆောင် ပါးနပ် သ လောက် နိုင် ငံက ပိုတည်ငြိမ်မှာ ဖြစ်တဲ့အတွက် ပါးပါးနပ် နပ် လေးကိုင် တွယ်ပြီး ပန်းတိုင် ကို ခရီးဆက် ပါ လို့ ပြောပါ စေဗျာ..
From: လွင်မောင်မောင်
OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>