Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး

$
0
0
  

အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့ အပျိုစင်ဘ၀ကိုဒုတိယအကြိမ်ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာရှိသေးတဲ့ ဘရာ ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ကာတာရီနာဟာ အစောပိုင်းတုန်းကလည်း သူ့ရဲ့ အပျို စင်ဘ၀ ကို ရောင်းချမယ်လို့ အွန်လိုင်းပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာ တစ်လွှားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။

အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy မဂ္ဂ ဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက် တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။ ပထမတစ်ကြိမ် လေလံတင်ရောင်းချခဲ့ စဉ်က ဂျပန်နိုင်ငံသားတစ်ဦးက အနိုင်ရသွား ခဲ့ပေမယ့် သူ့ကို ဘာမှလုပ်ခဲ့ခြင်း မရှိလို့ ကာ တာရီနာအနေနဲ့ အပျိုစင်ဘ၀ကိုနောက်တစ် ကြိမ် လေလံ ပစ်ဖို့ အခွင့် အရေးရ သွား ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည် ကြီး လာ အောင် တမင်ဖန်တီးနေခြင်းဖြစ်တယ် လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကာ တာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာ မှာ တစ်ကမ္ဘာ လုံးရဲ့ စိတ်ဝင်စား မှုကို ရခဲ့ပြီး မှတ် တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အထိ ဖြစ်ခဲ့ပါတယ်။ ကာတာရီနာဟာ ကျောင်းပညာ ရေး သင်ယူနေ ဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာ ခိုင်နှုန်းကို လူမှုရေးအဖွဲ့ အစည်းတွေ ကို ပြန် လည်လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေအိမ်ပြုပြင်ရာမှာ အသုံးပြုသွား မယ်လို့ ကြော်ငြာထားပါတယ်။ ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ ကာတာရီနာရဲ့အကြောင်း ကို စိတ်ပါဝင်စားမှု လျော့နည်း သွားတယ်လို့ သိရပါတယ်။
From: Myawady

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...