Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရည်းစားဘ၀မှာ အပျိုစင်ဘ၀ကို ထိန်းသိမ်းခြင်းက ဂုဏ်သိက္ခာ တက်စေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

$
0
0
ညီမ ကျောင်းမပြီးခင်က ဆရာဝန်အလုပ်နဲ့ အနုပညာအလုပ်ကို ဘယ်လိုခွဲခြားပြီးလုပ်ခဲ့လဲ။

ဖြေရတာလဲ ခက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘွဲ့သာရသွားတယ်။ ဆမလည်း မရခဲ့ပါဘူး။ ကျောင်းမပြီး ခင်ကတော့ ညီမစာကိုပဲ အာရုံထားပြီးလုပ်ခဲ့ပါတယ်။အနုပညာအလုပ်ကိုတော့ လုံးဝမေ့ထားခဲ့ပါတယ်။ အဲဒီအချိန်တော့ လစ်ဟာခဲ့တာပေါ့။ နောက်ပြီး အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေးတွေလည်း အများ ကြီးဆုံးရှုံးခဲ့ရပါတယ်။

ညီမအနေနဲ့ အခုချိန်မှာ နေရာတစ်နေရာရရှိပြီး ပရိသတ်တွေ လက်ခံအားပေးနေခြင်းကို အောင်မြင်မှု လို့ထင်လား။ ဒါကိုရော သာယာမိလား။

သာယာမိတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ အောင်မြင်နေပြီလို့လည်း မှတ်ယူလို့မရသေးပါဘူး။ ကိုယ်လုပ် ခဲ့တဲ့ အနုပညာအလုပ်မှာ မှတ်တိုင်တွေစိုက်ထူပြီး စွယ်စုံတတ်ကျွမ်းတဲ့ အနုပညာရှင်တစ်ဦးဖြစ်အောင် လို့ ကြိုးစားပြီး ပရိသတ်ရင်ထဲ ရောက်တဲ့ အနုပညာရှင်မျိုးပဲ ဖြစ်ချင်ခဲ့တာပါ။ အဲဒီလိုဖြစ်ဖို့အတွက် လို အပ်ချက် တွေလဲရှိတာကြောင့် အနုပညာခြေလှမ်းတွေ ရှေ့ဆက်လှမ်းနိုင်ဖို့အတွက် အခုအချိန်မှာ ကြိုး စားနေရပါတယ်။

အနုပညာရှင်တွေက ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်လက်တွဲမယ့်သူကို ပရိသတ်ဆီ အသိပေးဖို့ ကြောက်ရွံ့ခြင်းကို ညီမ ဘယ်လိုမြင်လဲ။

ကြောက်ရွံ့တယ်ဆိုတာထက် ပရိသတ်ကို သူတို့အပေါ်မှာ အမြင်မစောင်းစေချင်တဲ့ဆန္ဒရှိတာပါ။ နန်း ရဲ့အမြင်လည်း အဲဒီလိုမြင်တယ်။ မြင်တယ်ဆိုတာက ကိုယ်တကယ်ချစ်တဲ့ချစ်သူတစ်ယောက်ကို ချပြ တာရယ်၊ ကိုယ်လက်ထပ်တော့မယ့်သူကို ပရိသတ်ကိုချပြတာ လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်ပါ တယ်။ ပရိသတ် အမြင်မစောင်းစေချင်လို့ ထင်ပါတယ်။

နန်းမြတ်ချစ်တဲ့ ချစ်သူကို ဘယ်လိုစံချိန်တွေနဲ့ ရွေးချယ်ထားလဲ။

နန်းမြတ်က ကိုယ်နဲ့ life style သိပ်မကွာတဲ့သူကိုပဲ လက်ထပ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ်နဲ့ကြီး ပြင်းလာတဲ့ life style သိပ်ကွာဟတဲ့သူဆိုရင်တော့ အရမ်းညှိနှိုင်းရမှာလေ။ အဲဒီအတွက် ရင်မောပြီး ပင်ပန်းရမယ်ထင်ပါတယ်။

အခုချိန်မှာ ရည်းစားတွေထားကြရင် စည်းဘောင်တွေကျော်လာတာရှိတယ်။ Living Together တွေနေလာကြတာ ရှိတယ်။ ညီမရဲ့အမြင်ကို ပြောပါဦး။

မိန်းကလေးတွေအနေနဲ့လည်း ကိုယ်တန်ဖိုးထားရတဲ့ အပျိုစင်ဘ၀ကို အလွယ်တကူဖျက်ဆီးရာလည်း ရောက်ပါတယ်။ ဒီတစ်ယောက်ကို တစ်ဘ၀လုံးပေးဆပ်ပြီးမှ မယူဖြစ်ခဲ့ရင်ရော၊ ကိုယ်နောက်တစ် ယောက်တွေ့တဲ့အချိန်မှာ ကိုယ့်အကြောင်းကို အဲဒီတစ်ယောက်က သိသွားမယ်ဆိုရင်ရော ခွင့်လွှတ် ပါ့မလား။ ထိန်းသိမ်းသင့်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဒီလိုဖြစ်ခဲ့ရင် မလိုလား အပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချတာတွေ၊ အခန့် မသင့်ရင် ရောဂါကူးတာတွေ ဖြစ်တတ် ပါတယ်။

ကိုယ်တိုင်ရော ဘယ်လိုရည်းစားဘ၀ကို ဖြတ်သန်းသွားမလဲ။

နန်းမြတ်တို့ မြန်မာမိန်းကလေးဆိုတာက အများကြီးစောင့်ထိန်းရတာပါ။ကိုယ့်ရဲ့စောင့်ထိန်းမှုက ကိုယ့် အတွက်လည်း ကောင်းမွန်သလို ကိုယ့်မိသားစု အသိုင်းအ၀ိုင်းတွေအတွက်လည်း ဂုဏ်သိက္ခာတက်စေ ပါတယ်။ နှစ်ဦးသဘောတူ ဂုဏ်သိက္ခာရှိရှိ မင်္ဂလာဆောင်ပြီးအချိန်မှသာ နန်းမြတ်ကတော့ မိန်းမ ကောင်း ဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ။

အနုပညာရှင်တွေကို နားလည်ပေးနိုင်တဲ့သူ သိပ်မရှိသလိုပဲနော်။ အဲဒီလိုမျိုး တွေ့ရင် ဘယ်လို လုပ်မလဲ။

အတတ်နိုင်ဆုံးတော့ ညှိနှိုင်းကြရမှာပါပဲ။ ကိုယ်က ဘာကိုချစ်ရမလဲဆိုတာကို အရင်ကြည့်ရမှာပါ။ ကိုယ့် အနုပညာကို ချစ်တဲ့သူဖြစ်မလား။ ကိုယ့်ကိုအမှန်တကယ်ချစ်တဲ့သူ ဖြစ်မလားဆိုတာကို ကြည့်ရမှာပါ။ ကိုယ့်အနေနဲ့တော့ တစ်ခုခုကို ရွေးချယ်ရမှာပါ။

နောက်ပြီး ဒီအနုပညာအလုပ်ကို ခုတုံးလုပ်ပြီး ၀င်လာကြသူတွေရှိကြတယ်။နာမည်လေးနည်း နည်းရတယ်၊ လူသိတယ်ဆိုတာနဲ့ အဲဒီနာမည်ကို အသုံးပြုပြီး မကောင်းတဲ့ဘက်မှာ ပြုလုပ်ကြတာ တွေရှိလာတော့ ညီမအမြင်က . . .။

ဒါက ခဏတာပါ။ တကယ့်အနုပညာကို ၀ါသနာပါပြီးလုပ်နေကြတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ အမှန်တကယ်ဝါသနာပါတဲ့သူတွေသာလျှင် အနုပညာလောကထဲမှာ ကြာရှည်ခံကြတာပါ။ ဒီလိုမျိုး ရပ်တည်မှုတွေရှိနေကြတဲ့သူတွေကြောင့်လည်း ကျန်တဲ့သူတွေကို အမြင်တစ်မျိုးမဖြစ်စေချင်ပါဘူး။ သူတို့တွေရဲ့လုပ်ရပ်တွေကြောင့် အနုပညာလောကထဲမှာ အလုပ်လုပ်နေကြသူတွေကို အများကြီး ထိခိုက်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အားလုံးကွဲကွဲပြားပြားဖြစ်သွားတာချည်းပါပဲ။
From:Mizzima Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>