Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား

$
0
0

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုးပါဝင်သူကလေးငယ်လေးတစ်ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင်

ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ)ပူစူးမ မှအဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေး ကိုမွေးဖွားခဲ့သည်။

အဆိုပါ ထူးဆန်းစွာမွေးဖွားမှုနှင့်ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော်ပြည်သတင်းလူငယ် မိဘများအားသွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ယခု
လိုပြန်လည်ဖြေကြားခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး၊ လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ တယ်။ဒါပေမဲ့ကံစီမံရာပါပဲ၊ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်တိုင်းမိန်းကလေးပဲဖြစ်ပါစေဆိုတဲ့ဆုတွေကိုတော့ အရမ်းတောင်းမိပါတယ်။

ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သတင်းသို့ ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ကိုင်းချောင်းကျေးရွာ။

ဝိုင်းချောင်း ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာတစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ်
သူ ဒေါ်မသိန်း မှ ယခုလိုပြည်သတင်းသို့ပြောကြားသွားခဲ့သည်...

ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွားကလေးတစ်ကျိတ်လောက်မွေးလာတာ ဒါမျိုးတွေကြားတောင်မကြားမိဘူး ထူးဆန်းတယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂) ခုပါရှိသည့်ကလေးငယ်မွေးဖွားမှုနှင့်ပတ်သတ်ကြီး ၀က်ထီးကန်တိုက် နယ်ဆေး ရုံ အုပ်ကြီးဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေးမြန်းခဲ့ရာယခုလိုပြန် လည်ဖြေကြားခဲ့ပါသည်။

အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန်အထိတော့လာရောက်ခြင်းမရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။

နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးကဆရာ/မတွေကို အဲဒိလိုဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ်ပေးနိုင်မှုကပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွ
င်းစွာသုံးစွဲမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။အာခေါင်ကွဲ။ကိုယ်လက်အင်္ဂါမစုံတာတွေလည်း ဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး၊ .........ဟုပြောကြားသွားပါသည်။ အဆိုပါ ထူးဆန်းစွာမွေးဖွားမှု့နှင့်ပက်သတ်ပြီး ဆက်သွယ်မေးမြန်း လှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှုးဦးသိန်း ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်း
လှုဒါန်းနိုင်ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။




From: ပြည်သတင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>