Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရွှေဆုများကျန်ပါသေးသည်

$
0
0
မြန်မာအမျိုးသားဘောလုံးအသင်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ကာ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသော်လည်း ဆီးဂိမ်းပြိုင်ပွဲကြီး မပြီးဆုံးသေးပါ။ အိမ်ရှင်မြန်မာအတွက် ရွှေရောင်မျှော်လင့်ချက်ဖြစ်စေမည့် အားကစားပွဲများ ကျန်ရှိနေပါသေးသည်။
“ဆီးဂိမ်းမပြီးသေးပါဘူး။ ဘောလုံးမှာ အမျိုးသမီးအသင်း ကျန်ပါသေးတယ်။ ကျန်တဲ့အားကစားတွေ အများကြီးကျန်ပါသေးတယ်။ အဲဒီကစားသမားတွေလည်း နိုင်ငံ့ချစ်စိတ် ဘောလုံးသမားတွေထက် မလျော့ပါဘူး။ နို့မို့ စာမေးပွဲမှာ တစ်ဘာသာမဖြေနိုင်တာနဲ့ ကျန်တဲ့ဘာသာတွေ လွှင့်ပစ်လိုက်သလိုဖြစ်လိမ့်မယ်”ဟု ရန်ကုန်မြို့ခံပရိသတ်တစ်ဦးက ပြောသည်။

အမျိုးသား ယူ-၂၃ ဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခဲ့ရမှုကြောင့် တစ်နိုင်ငံလုံးကြေကွဲခဲ့ရသော်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခွင့်ရရှိထားသည်။

ယူ-၂၃ အသင်း ပြိုင်ပွဲမှထွက်ရမှုကြောင့် ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးသွားမည်ဟု ဆိုနေကြသည်မှာ အခြားအားကစားနည်းပြိုင်ပွဲဝင် အားကစားသမားများအတွက် အားနာစရာကောင်းလှသည်။ ထို့အပြင် မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်မျှော်မှန်းချက်ရှိနေသေးသည့် ရိုးရာလှေ၊ ဗိုဗီနမ်၊ ဂျူဒို၊ တိုက်ကွက်ဒို၊ မွေ၊ ရွက်လှေ (ဗိုလ်လုပွဲစဉ်) အားကစားနည်းများမှာ ဒီဇင်ဘာ ၁၆ ရက်နောက်ပိုင်းမှ စတင်ကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၆ရက် အားကစားပွဲစဉ်များပြီးသည်အထိ အိမ်ရှင်မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၃၉ ခု ရယူပေးထားသည့် အားကစားနည်းများမှာ ရိုးရာခြင်းလုံး၊ ၀ူရှူး၊ နပန်း၊ ကွင်းသွင်းခြင်းခတ်၊ သေနတ်ပစ်၊ ကာယဗလ၊ ကရာတေးဒို၊ လက်ဝှေ့၊ ကနူး/ကယက်၊ ရိုးရာစစ်တုရင်၊ မြားပစ်၊ ပြေးခုန်ပစ်(လမ်းလျှောက်)၊ ဘိလိယက်၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အလေးမ စသည့်အားကစားနည်းတို့ဖြစ်သည်။

ရွှေတံဆိပ် ၁၇ ခု ချီးမြှင့်မည့် ရိုးရာလှေလှော်ပြိုင်ပွဲတွင် မြန်မာတို့အနေဖြင့် အနည်းဆုံးရွှေတံဆိပ် ၁၀ ခုအထိ မျှော်မှန်းထားပြီး အခြားအားကစားနည်းများမှလည်း ရွှေရောင်မျှော်လင့်ချက်များ ရှင်သန်လျက်ရှိရာ ပြိုင်ပွဲပြီးဆုံးချိန်၌ အိမ်ရှင်အသင်း၏ မူလမျှော်မှန်းချက်ဖြစ်သည့် ရွှေတံဆိပ်အရေအတွက်တစ်ရာအား ပြည့်မီရန် မသေချာသော်လည်း အနိမ့်ဆုံးမျှော်လင့်ထားသည့် ရွှေတံဆိပ်ခုနစ်ဆယ်ဝန်းကျင်မှာမူ အိမ်ရှင်လက်တွင်းသို့ကျရောက်ရန် သေချာသလောက်ရှိနေသည်။

နှစ်ပေါင်းလေးဆယ်ကျော်မှ အိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ပြန်လည်ရရှိသည့် ဒေသတွင်း အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲတွင် တစ်နိုင်ငံလုံးပရိသတ်များ၏ အဓိကအားထားရာ ယူ-၂၃ အမျိုးသားဘောလုံးအသင်းမှာ ရွှေတံဆိပ်မျှော်လင့်ချက်ဝေးခဲ့ပြီဖြစ်သော်လည်း မြန်မာအမျိုးသမီးအပါအ၀င် ကျန်အားကစားနည်းများ၏ ရွှေရောင်မျှော်လင့်ချက်များအတွက် ပရိသတ်အားပေးမှုများက လိုအပ်နေမည်သာဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲသည် ဒီဇင်ဘာ ၂၂ ရက်တွင်မှ ကြီးကျယ်ခမ်းနားသော ပိတ်ပွဲအခမ်းအနားနှင့် ပြီးဆုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲသည် မပြီးဆုံးသေးပေ။

လက်ရှိထိုင်းငံက ရွှေတံဆိပ်အများဆုံးနှင့် ထိပ်ဆုံးမှဦးဆောင်နေသည့်အတွက် ဆီးဂိမ်းပြိုင်ပွဲကျင်းပရာ အားကစားရုံများတွင် ထိုင်းနိုင်ငံတော်သီချင်းက ပျံ့လွင့်နေရာယူနေခဲ့သည်။

အိမ်ရှင်မြန်မာအားကစားအဖွဲ့ကို ရွှေတံဆိပ် ၃၉ ခု ရရှိသည့်အချိန်အထိ ရယူပေးထားသည့် အားကစားနည်းများမှာ ရိုးရာခြင်းလုံး၊ ၀ူရှူုး၊ နပန်း၊ ကွင်းသွင်းခြင်းခတ်၊ သေနတ်ပစ်၊ ကာယဗလ၊ ကရာတေးဒို၊ လက်ဝှေ့၊ ကနူး/ကယက်၊ ရိုးရာစစ်တုရင်၊ မြားပစ်၊ ပြေးခုန်ပစ်(လမ်းလျှောက်)၊ ဘိလိယက်၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အလေးမအားကစားနည်းတို့ဖြစ်သည်။
From: 7Day News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>