Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ ဦးဆောင်လို့ ရနေ ပေမယ့် အစိုးရအဖွဲ့ကိုတော့ ဒေါ်စုတစ်ယောက်တည်းနဲ့ လုပ်လို့တော့ မဖြစ်နိုင်

$
0
0



 
လူမှုကွန်ယက် ဟစ်တိုင်းဂျာနယ် အတွဲ (၁) အမှတ် (၄) ပါ ဆောင်းပါးဘုန်းကြီးလူဆိုး အကြမ်းဖက်သမားကြီး ဝီရသူကို ထောက်ခံရဲတဲ့ (၉၀) ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် (ဒေးဗစ်လှမြင့်) ရဲ့သတ္တိကို မချီးကျူးဘဲ မနေနိုင်ပါဘူး။အတ္တကိုဗဟိုပြုတဲ့ နိုင်ငံရေးစနစ်ကျင့်သုံးနေသမျှ ဒီမိုကရေစီခေတ်မှာလည်း အာဏာရှင် ထွန်းကားနေမှာပါပဲ။ နိုင်ငံရေးအမြင်အရ ကြည့်ပြီး ရွေးချယ်ရရင် ဒေါ်စုကို ရွေးချယ်မှာပါ။

အမျိုသားရေးမျက်စိနှင့် ရှုမြင့်ခဲ့လို့ သမ္မတကြီးကိုပဲ ရွေးချယ်ခဲ့ပါတယ်။
တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာ နိုင်ငံ့မျက်နှာ သာသနာတော်မျက်နှာကိုကြည့်ပြီး အားနားပါးနားနဲ့ ရာဇဝင်ထဲ မှာပဲ အမေ့ကိုထားရစ်ခဲ့ရပါတယ်။ စိတ်မရှိပါနဲ့နော်။
“ဆရာတော်ဦးဝီရသူ ပြောကြားတာကို လုံးဝထောက်ခံပါတယ်”
ဆရာတော်ရဲ့ သုံးသပ်ချက်ဟာ အခြေအနေအားလုံးကို ခြုံငုံပြီး ပြောထားတပါ။ အသေးစိတ် တိတိကျကျသာ ပြောခဲ့ရင် အားလုံးက သဘောပေါက်နားလည်သွားကြမှာပါ။ 

ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် ခဲ့ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ထောက်ပြသွားပါတယ်။ မှန်ကန်တဲ့စကားတွေဖြစ်သလို သတိပေးတာလို့ လည်း ယူဆလို့ရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဖြစ်သင့်သေးပါဘူး။ နိုင်ငံကို ဦးဆောင်လို့ မရသေးပါဘူး။ အများကြီး လိုအပ်နေပါသေးတယ်။ အများကြီး ပြင်ဖို့လိုပါသေးတယ်။ သမ္မတတစ် ယောက်ဖြစ်နိုင်ဖို့ရာ အုပ်ချုပ်ရေးစွမ်းရည် ပြည့်ပြည်ဝဝ ရှိနေပါပြီလား။ စီမံခန့်ခွဲမှုအပိုင်းကရော ကျွမ်းကျွမ်း ကျင်ကျင် ရှိပါရဲ့လား။ ဥပဒေအရာမှာ ဘယ်လောက်ထိ နားလည်တတ်မြောက်ထားပါပြီလဲ။ လူမှန် နေရာမှန်ကို ရော မှန်မှန်ကကန် ရွေးချယ်နိုင်ပါပြီလား။ မေးစရာတွေ အများကြီးပါ။ ဒီလို အရည်အသွေးတွေရဲ့ အတိမ် အနက်ကို NLD ပါတီအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအကျိုး ဆက်စပ်နေမှုတွေကနေ ကြည့်ရင်မြင်ရင် ရနိုင်သလို ကုန်လွန်ခဲ့တဲ့အတိတ်ကာလက အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်လည်း ထင်ထင်ရှားရှား သိရှိနိုင်ပါလိမ့်မယ်။

နောက်တစ်ခု အစိုးရဖွဲ့ဖို့ကိစ္စပါ။ NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ ဦးဆောင်လို့ ရနေ ပေမယ့် အစိုးရအဖွဲ့ကိုတော့ ဒေါ်စုတစ်ယောက်တည်းနဲ့ လုပ်လို့တော့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်က သမ္မတဖြစ် ချင်ပါတယ်လို့ ပြောနေပေမဲ့ သမ္မတဖြစ်လာခဲ့ရင် ဘယ်သူတွေနဲ့များ အစိုးရဖွဲ့မှာလည်း။ ဘယ်သူတွေကိုများ ရည်ရွယ်ထားပါသလဲ။ ဘယ်သူတွေကိုများ တည်ဆောက်ထားပါသလဲ ဘယ်သူတွေကိုများ လေကျင့်ပျိုးထောင် ထားပါသလဲ ဒါတွေဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ အမှန်တကယ်ကြည့် လိုက်ရင် ရည်ရွယ်ထားတဲ့သူ ရှိကောင်းရှိနိုင်ပေမယ့် အရည်အချင်းမှီတဲ့သူ ဘယ်သူကိုမှ မတွေ့ရပါဘူး။ တည်ဆောက်ရေးဆိုတဲ့နေရာမှာလည်း ယခင် စစ်အစိုးရလက်ထပ်တုန်းကလည်း မတည်ဆောက်ခဲ့သလို ယခု အစိုးရခေတ်မှာလည်း တည်ဆောက်မထားပြန်ပါဘူး။ ဒေါ်စုတည်ဆောက်ခဲ့တာက ကိုယ့်ကိုကိုယ်ပါ။ အဲဒါ ကြောင့် ဒေါ်စုက ထင်ပေါ်ကြော်ကြားခဲ့ရပြီး ကျဆုံးသွား NLD အဖွဲ့ဝင်တွေ အခြေအနေမှန်ကို သဘောမပေါက် ကြသေးပါဘူး။ သူတို့ရဲ့ အနာဂတ်ကိုလည်း ခန့်မှန်းတွက်ဆနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ ပုံအပ်မျှော်လင့် စောင့်စားနေကြပြီး ဒေါ်စုမရှိရင် မဖြစ်၊ ဒေါ်စုလုပ် နိုင်တယ်၊ ဒေါ်စုလုပ်ပါလိမ့်မယ်၊ ဒေါ်စုသိပါတယ်။ ဒေါ်စုသိပါလိမ့်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေဟာ ပါတီဝင်တွေအပေါ်မှာ လွှမ်းမိုးနေတော့တာပါပဲ။ အကျိုးဆက်ကတော့ ဒေါ်စု လောင်းရိပ်မိပြီး မျိုးဆက်သစ် ဆိုတာ မရှိသလောက်ကို ဖြစ်သွားတော့တာပါပဲ။ ဒီလိုဖြစ်နေခဲ့တာ အချိန်ကာလ (၂၅) နှစ် တိုင်ခဲ့ပါပြီ။ ဒီနေ့ ဒီအချိန်ထိလည်း ဒီအတိုင်းပါပဲ။ ဒီလိုမျိုး တည်ဆောက်ထားတဲ့သူကို နိုင်ငံတော်သမ္မတတာယန်ပေးပြီး အစိုးရ အဖွဲ့ကို ဦးဆောင်မယ်ဆိုရင် ဒီနိုင်ငံ ဘယ်လိုဖြစ်သွားမှာလည်း ပြည်သူတွေ ဘယ်လိုအကျိုးဆက်တွေ ခံစားကြ ရမှာပါလဲ။ ဆရာတော် ဦးဝီရသူပြောတဲ့ အခြေအနေကို ရောက်သွားမှာ သေချာသလောက်ပါပဲ။ 

ဒါကြောင့် ဒေါ်စုကို အမှန်အတိုင်းပြောဆိုထောက်ပြတာတွေကို သေသေချာချာ စဉ်းစား စဉ်ခြင် လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အကြောင်းမဲ့သက်သက် ဝေဖန်ပြောဆိုနေတာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘဝတိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်နေတဲ့သူ မှန်သမျှကို ဘယ်သူကမှ အပြစ်တင်ဝေဖန်နေမှာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေရှိနေလို့ ပြင်ဆင်တာတွေပြင်နိုင်ဖို့ မလုပ်သင့်တာတွေ မလုပ်စေဖို့ရာ ပြောဆိုနေကြခြင်းဖြစ်ပါတယ်။ ဒီလို ဝေဖန်အကြံပြုမှုမျိုးတွေကို NLD အဖွဲ့ဝင်တွေအနေနဲ့ ပါတီ အတွင်းမှာ မလုပ်ဆောင်ရဲပါဘူး။ အရင်တုန်းကပြောခဲ့တဲ့သူတွေရဲ့ အခြေအနေဆိုးကို မြင်ဖူးကြားဖူးပြီးသားပါ။ ဒါကြောင့်လည်း ရင်ထဲက အမှန်တရားတွေကို မျိုသပ်ထားကြတာပဲ မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် မဖြစ်ဘူး။ အစားထိုးစရာလူမရှိဘူးဆိုတာ မှားယွင်းတဲ့အမြင်တွေပါ။ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အယူအဆတွေပါ။ ပါတီအတွက်လည်း အန္တရာယ်ရှိသလို နောင်လာမယ့် မျိုးဆက်တွေအတွက်လည်း အပိတ် အဆို့ အဟန့်အတားသဖွယ် ဖြစ်လို့နေပါတယ်။ အစားထိုးစရာလူမရှိတဲ့သူတစ်ဦးရဲ့ ဦးနှောက်နဲ့ အသက်ဆက် နေရတဲ့ ပါတီရဲ့ အနာဂတ်နိဂုံးတွေကို တွေးမြင်မိကြပါရဲ့လား။ NLD ရဲ့ သက်တမ်းဟာ ဒေါ်စုရဲ့သက်တမ်းလို့ သတ်မှတ်ထားကြတာပါလား။ ဒေါ်စုမရှိတော့ရင် ဒေါ်စုကြဆုံးသွားရင် NLD လည်း သူနဲ့အတူ ပါသွားအောင် လုပ်နေကြတာ မဟုတ်ပါလား။ ဒီလိုအခြေအနေမျိုး အခင်းအကြင်းမျိုးတွေဖြစ်အောင် ထူထောင်ထားတဲ့ သူတစ်ယောက်ထံ နိုင်ငံတော်အာဏာ လွှဲအပ်လိုက်လို့ နိုင်ငံတော်လည်း သူနဲ့အတူ ပါသွားရင် ဖြစ်ပေါ်လာ မယ့် ဆိုးကျိုးတွေကို မြင်ကြပါရဲ့လား။ အကောင်းတွေကိုပဲ မျှော်လင့်လို့ မနေကြပါနဲ့။ အဆိုးတွေကိုလည်း စဉ်းစား ဆင်ခြင်ကြပါဦး။ ဒါကြောင့် ပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်ဖွံ့ဖြိုး သာယာနိုင်ဖို့ယာ သမ္မတမဖြစ်ချင်ပါနဲ့ဦး နိုင်ငံတော်အာဏာလည်း မယူချင်ပါနဲ့ဦး တိုင်းပြည်ကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ မကြိုးစားချင်ပါနဲ့ဦး ရှိနေတဲ့ လိုအပ်ချက်တွေ့ကို ပြင်ဆင်ပါဦး ဖြည့်ဆည်းပါဦး မှန်မှန်ကန်ကန် တည်ဆောက်ပါဦး မှန်မှန်ကန်ကန် ရွေးချယ်ပါဦး။ NLD ကိုလည်း ချောက်ထဲ ခေါ်မသွားပါနဲ့ဦးလို့ စေတနာရှေ့ထားပြီး ပြောလိုက်ပါတယ်။

ဒေးဗစ်လှမြင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၉၉၀)

From: Wira Thu  


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>