Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သူမနှင့် ကိုယ်တိုင်ရေး ဖြတ်မှတ်များ

$
0
0
ကျွန်တော်သည် ယခုမှစတင် လေ့လာခွင့်ရသော မည်သူ့ကိုမဆို အမှတ်၅၀ပေးထားလေ့ရှိသည်။

ဆက်ဆံရသော ကာလတစ်လျှောက် ထိုသူ၏ ပြုမူပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုများအပေါ် အခြေခံကာ တဖြည်းဖြည်းချင်း ရမှတ်တိုးမြှင့်ပေးမှုနှင့်ရမှတ်လျှော့ချမှုကို လုပ်ဆောင်လေ့ရှိသည်။

ကျွန်တော့်အပေါ်တွင်လည်း အလားတူစွာ ပြုမူသုံးသပ်ဆုံးဖြတ်ကြသော သူများလည်းရှိကောင်းရှိပေမည်။

လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့်ရှိသော ပြည်သူတစ်ဦးအနေဖြင့်မြန်မာ့နိုင်ငံရေးတွင်လည်း ထိုသို့သတ်မှတ်ဆုံးဖြတ်သူ ထိပ်ပိုင်းနိုင်ငံရေးသမားများစွာ ရှိနေပါ၏။

အာဏာရ နိုင်ငံရေးပါတီအတွင်း၌လည်းကောင်း၊အတိုက်အခံပါတီတို့၌လည်းကောင်း ထိုသို့အကဲဖြတ်မှတ်ချက်ပြုရာတွင် ကမ္ဘာကျော်နိုဘယ်လ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။

ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် များစွာ မျှော်လင့်အားထားခဲ့ပြီး ပုံမှန်သတ်မှတ်နေကျ ပေးမှတ်ထက်များစွာ ကျော်လွန်ကာ အမှတ်ရာပြည့် ပေးထားသည်အထိ ဖြစ်ခဲ့ပါ၏။

အားကိုးမှုအတိနှင့် စောင့်ကြည့်ယုံကြည်ခဲ့သမျှ တစ်စစနှင့် စိတ်ပျက်လာရသော အရေအတွက် များသည်ထက် များလာသော အခြေနေတစ်ရပ်နှင့် ကြုံရဖန်များလာသောအခါ ကျွန်တော်၏ ပေးမှတ်များမှ သုညအောက် အနှုတ်ဒီဂရီအထိ ယနေ့ရောက်ရှိနေပေပြီ။

သူမသည် အမျိုးသားရေးကို မသိကျိုးကျွန်ပြုသည်။လူ့အခွင့်ရေးဟူသည့် စကားလုံးလှလှအပေါ် ပိုမိုရှေးရှုသည်။

သူမသည် တိုင်းရင်းသားရင်ကြားစေ့ရေး စိတ်မ၀င်စား။မိမိ သမ္မတဖြစ်ရေးတွက်သာ အားတက်သရော် လှုပ်ရှားသည်။

သူမသည် ပြည်သူတို့၏ လူမှုစီးပွားမြင့်မားမှုကို မဦးတည်။အခွင့်အလန်းတိုးတက်မှုကို ဟန့်တားခြင်းသို့ ဦးတည်သည်။

သူမသည် နိုင်ငံ့မီးရှုးတန်ဆောင်ဖြစ်ရေးကို မကြိုးပမ်း။တိတ်တဆိတ်ထောက်ပံ့နေသည့်နိုင်ငံများတွက် အမှုတော်ထမ်းသည်။

သူမသည်တိုင်းပြည်တည်ငြိမ်းရေးကို မဖော်ဆောင်။ဝရုန်းသုန်းကားဖြစ်နိုင်သည့် အခြေနေများကို ဖော်ဆောင်သည်။

သူမအပေါ်၌ ကျွန်တော့်နည်းတူ အကဲဖြတ်အမှတ်ပေးနေသူ ပြည်သူများစွာရှိနေပေသည်။
သူမ၏ ဗောင်းတော်ညိတ်၊စိတ်တော်ကျ (သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူ)ကပ်ပါးတစ်ချို့ကလွဲ၍ တော်တော်များများက သူမကို စိတ်ပျက်နေကြပြီဖြစ်သည်။

သူမသည် သူမနှင့် သူမပါတီ၏ လားရာကို ရေရှည်မမျှော်တွေး။နိုင်ငံတကာက အခြောက်တိုက်၊အမြှောက်ကြိုက်ပေးနေသည့် ဆုများစွာ ရင်မှာပိုက်ထွေး၍ အမယ်ဘုတ်ရဲ့ သူချည်ခင်ဖြစ်နေသည်။

သူမသည် ပြည်တွင်းအားထက် နိုင်ငံတကာဖိအားကို လိုလားသည်။

သူမသည် ပြည်တွင်းနေ တိုင်းရင်းသားများ၏ အသည်းကြားက မဲတစ်ပြားထက် နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို ပိုမိုလိုလားသည်။

သူမ၏ အဖြေလွှာကို ပြည်သူက စစ်နေကြောင်း ကောင်းစွာနားမလည်။

သူမ၌ အမှတ်လက်ကျန် တဖြည်းဖြည်းလျှော့နည်းလာနေကြောင်း ကောင်းစွာ မသိမြင်။

ယခုလည်း တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြိုင်ပွဲကြီးကို လျစ်လျုရှုကာ လူထုက မလိုလားသည့် အာရပ်ကုလားတွေကြား မြူးတူးပျော်ပါးနေလေသည်။

သူမအပေါ် အလွန်တစ်ရာ မျှော်လင့်ထောက်ခံထားသည့် ကျောမွဲများစွာ၏ လိုလားမှုမှန်သမျှကိုမျက်ကွယ်ပြု၍ ပြည်သူ့ပေးမှတ်အား သူမကိုတိုင်ပင်ပြန်လည် ဖြတ်တောက်နေသည်မှာ ၀မ်းနည်းစရာ ကောင်းလှပါဘိတောင်း။

သည်လိုပုံ သည်လိုအချိုးနှင့်၂၀၁၅၌ အားကိုးရန် ထိုက် /မထိုက်ဆိုသည်မှာ ၁၈နှစ်ပြည့်ပြီးသူများ မဆိုထားဘိ လေးတန်းကလေးပင် စဉ်းစားတတ်ပါ၏။

From:We Love True

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>