Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆီးဂိမ်းနှင့် ရေတစ်ဝက်အမြင်

$
0
0


(၂၇) ကြိမ်မြောက် SEA Games ဖွင့်ပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဝှဲချီး ကျင်းပခဲ့ပါတယ်။ ကိုယ့်မြန်မာမို့လို့ ပြောတာ မဟုတ်ပါဘူး တကယ့်ကြီးကျယ် ခမ်းနားစွာ လုပ်ဆောင် ပြနိုင်ခဲ့တဲ့အတွက် နိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဟိုပွဲလည်း မကျင်းပရဲ၊ သည်ပွဲလည်း မလုပ်ရဲနှင့် နှစ်ပေါင်း များစွာ ဂျီအီးဂျီလန့် ဖြစ်နေခဲ့တာ ကာလတွေ ကြာသွားမှပဲ။ ခုတော့ မြန်မာ ဆိုတာကို ပြန်ပြီး ဂုဏ်ဆည်နိုင်တဲ့ အခွင့်အရေးကို လက်လွှတ် မခံဘဲ လုပ်ဆောင် ပြနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။
ခက်တာက ဘယ်လောက်လုပ်လုပ် အကောင်းမမြင်ချင်တဲ့ သူတွေကလည်း မိနစ်ပိုင်းအတွင်း အပြစ်ပြောချင် တာတွေကို မထိန်းနိုင် မအောင့်နိုင် Facebook ပေါ်ကနေ မပြတ်တင်နေတယ်။ လူတိုင်း လွတ်လပ်စွာ မြင်ခွင့် ဝေဖန်ခွင့်တော့ ရှိပါတယ်။ ဒါပေမဲ့ လွန်ကျူးတဲ့ ကိုယ့်မြန်မာ အချင်းချင်း ဝေဖန် နှိမ့်ချမှုတွေကိုတော့ စိတ်မကောင်း ဖြစ်မိရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။


မြန်မာတွေက မြန်မာအချင်းချင်း ပြန်ပြီး အပြစ်မြင်နေချိန်မှာ နိုင်ငံတကာ မီဒီယာတွေက မြန်မာ့ SEA Games နဲ့ ပတ်သက်ပြီး ဘာတွေ ဝေဖန်နေကြသလဲ ဆိုတာ လေ့လာကြည့်မိပါတယ်။
မလေးရှားနိုင်ငံ 'Malaysian Insider'သတင်းမှာ မြန်မာတွေ ဆီးဂိမ်း အခမ်းအနားအတွက် ရက်ရောစွာ သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး "Myanmar 'Open for business' with lavish ceremony"ဆိုပြီး သုံးထားတဲ့ စကားလုံးတွေကိုတော့ သဘောကျမိတယ်။
သူတို့ပြောတာ ထောက်ခံပါတယ်။ ဒီလို အားကစားပွဲကြီးကို ခမ်းနားကြီးကျယ်စွာ လုပ်ဆောင် ဖွင့်ပြလိုက်တာ အားကစား သက်သက် တစ်ခုတည်း ကြည့်လို့ မရပါဘူး။ စီးပွားရေးလောက၊ စီးပွားရေး ဈေးကွက်ကြီး တစ်ခုကို ဖွင့်လိုက်သလို ရှုမြင် သုံးသပ်နိုင်စွမ်းတွေ ရှိဖို့လိုပါတယ်။
ပြီးတော့ မလေးရှား သတင်းထောက် ရေးထားတာက မြားပစ်သူရဲ့ မြားက မီးရှူးတိုင်ဆီ မရောက်သေးဘူး မီးထတောက်တယ် ဆိုတဲ့ စူးရှတဲ့အမြင်နဲ့ ဝေဖန်ချက်လေးကိုလည်း သတိထားလိုက် မိတယ်။
စင်ကာပူနိုင်ငံ Asia One အားကစား သတင်းမှာတော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းပွဲကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်လိုက်တာကို ‘အတောင်အလက် စုံလာသော ဒီမိုကရေစီ’ လို့ ချီးကျူးထားတာ တွေ့ရပါတယ်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းကြီးကို မြန်မာတွေ ဒီလို ဖွင့်လှစ် နိုင်လိုက်တာဟာ အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ပိတ်ထားတဲ့ တံခါးကို ဖွင့်ပြနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားတယ်။ ပြီးတော့မှ ခမ်းနားကြီးကျယ်တဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အချို့သော ဝန်ဆောင်မှုတွေကိုတော့ အပြည့်အဝ မရသေးဘူးလို့ ရေးထားတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ Asia One မှာပဲ သတင်းအနေနဲ့ ရေးထားတာကတော့ ရှက်စရာ ကောင်းပါတယ်။ ခြင်တွေ၊ နှံကောင်တွေ၊ ပင့်ကူတွေနဲ့ ယင်ကောင်တွေကို အိပ်ဆောင်တွေ အတွင်းမှာ တွေ့ရတယ် ဆိုပြီး အသက် ၁၇ နှစ်အရွယ် ပိုလီတက်ကနစ် ကျောင်းက ကျောင်းသူလေး တစ်ယောက် ပြောတာကို ရေးထားပါတယ်။
ပြိုင်ပွဲဝင် တစ်ဦးကတော့ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ ကိုရက်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ လေးယောက်တစ်ခန်း နေခဲ့ရပြီး၊ မြန်မာနိုင်ငံမှာတော့ ခြောက်ယောက်တစ်ခန်း နေရတာကို ပြောထားပေမယ့် သူက “ဒါပေမဲ့ အခန်းက ကျယ်လည်း ကျယ်ပြီး အလွန်သန့်ရှင်းပါတယ်” ဆိုတဲ့ မှတ်ချက်လေး ပေးထားပါတယ်။
ဝေါင် ဆိုသူကတော့ “ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံရမယ်။ ကျွန်တော်တို့က အားကစားသမား တွေလေ။ အိမ်ရှင်နိုင်ငံ ဆိုတာ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပေးတာပဲ။ ဒီမှာက ကိုယ်ချည်းပဲ မဟုတ်ဘူး။ သူတို့ အားကစားသမား တွေလည်း ဒီအတိုင်း နေထိုင် စားသောက် ကြရတာပဲ” လို့ ဝေဖန် သွားပါတယ်။
The Times of India သတင်းမှာတော့ အရှေ့တောင်အာရှ ဆီးဂိမ်း ဖွင့်ပွဲကို မြန်မာနိုင်ငံမှာ တရုတ် အထောက်အပံ့နဲ့ မျက်စိတွေ ကျိန်းစပ်လောက်အောင် တောက်ပထိန်လင်းစွာ ဖွင့်လှစ် နိုင်ခဲ့ကြောင်း၊ တစ်ချိန်က ဧကစာ ကျင့်သုံးနေတဲ့ နိုင်ငံဟာ ခုတော့ ကမ္ဘာ့စင်မြင့်ပေါ်ကို ဝင့်ထည်စွာ တက်လာပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဲဒီသတင်းမှာ တရုတ်က မြန်မာတွေကို အားကစားဖွင့်ပွဲ ပိတ်ပွဲတွေအတွက် ဒေါ်လာ ၃၃ သန်းဖိုး နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပေးခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြောင်း ရေးသားထားပါတယ်။
ကနေဒါ နိုင်ငံထုတ် The Chronicle Journal သတင်းမှာတော့ အာဏာရှင် အုပ်ချုပ်မှုကြောင့် နှစ်ပေါင်းများစွာ အပယ်ခံဘဝ ရောက်ခဲ့ရတဲ့ နိုင်ငံဟာ ယခုလို ဆီးဂိမ်းကြီးကို ခမ်းနားစွာ ဖွင့်ပြလိုက်တဲ့အတွက် ၂ နှစ်တာကာလ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာ ဘယ်လောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နိုင်ခဲ့တယ်ဆိုတာ ထင်ဟပ် ပြနိုင်လိုက်တာပဲလို့ ဝေဖန် ရေးသားထားပါတယ်။

Bangkok Post သတင်းစာမှာလည်း မီးရှူး မီးပန်းတွေနဲ့ ခမ်းနားကြီးကျယ်စွာ၊ အကတွေ ဝေဝေဆာဆာ သုံးပြီး ဆီးဂိမ်းကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ယခင်ဧကစာ ကျင့်သုံးပြီး မွဲတဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်တော့ဘူး ဆိုတာ ဖော်ထုတ် ပြလိုက်သလို ဖြစ်စေပါတယ်လို့ ချီးကျူးထားပါတယ်။
ဒါပေမဲ့ သူတို့ကလည်း ‘မြားမရောက်ခင် မီးတောက်’ တဲ့ ကိစ္စကိုပဲ အသောလေးထည့်ပြီး ပြောထားပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါဗျာ နိုင်ငံတကာ ဝေဖန်ချက်တွေကို ကြည့်ရင် မြန်မာနိုင်ငံလို နိုင်ငံလေးက သူတို့ ထင်ထားတာထက် ပိုပြီး လုပ်ပြနိုင်လို့ ချီးကျူးကြတာကတော့ အမှန်ပဲ။
ဆီးဂိမ်းကြီးကို အောင်မြင်စွာ ဖွင့်ပြလိုက် နိုင်တာဟာ ပိတ်ထားတဲ့ တံခါးကို ဖွင့်ပြလိုက်တာမျိုး၊ အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ လမ်းစ၊ မြန်မာကို ကမ္ဘာက သိအောင် တရားဝင် လုပ်ပြနိုင်မှုရဲ့အစလို့ ဖြည့်တွေး လိုက်ကြရအောင်လားဗျာ။
From:   The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


TTA Oreo Gapp Installer


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>