Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့ဘောလုံး ပရိသတ်ကြီးအား အထူး မေတ္တာရပ်ခံချက်

$
0
0



၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ဘောလုံးပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် ယူ ၂၃ အသင်း၏ ပွဲစဉ် များအား ရုပ်သံများမှသာမက ကိုယ်တိုင်ကိုယ်ကျ ကွင်းလုံးပြည့် လာရောက် အားပေးကြည့်ရှုခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပရိသတ်ကြီးအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ မြန်မာအသင်း ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘောဒီးယား၊ အရှေ့ တီမော တို့နှင့် ပွဲစဉ်များတွင် မြန်မာအသင်း အနိုင်ရခဲ့ခြင်းမှာ ပရိသတ်ကြီး၏ အားပေးမှုကလည်း အရေးပါသည့် ကဏ္ဍမှ ပါဝင်ပါသည်။ ကွင်းလုံးပြည့် ပရိသတ်ကြီး၏ မြန်မာဟု သံပြိုင်ကြွေးကြော်သံများနှင့် ဇာတိမာန် တက်ကြွဖွယ်ရာ ကောင်းသော အားပေးမှုများကြောင့် လှပသော ပွဲစဉ်များ ဖြစ်ခဲ့ရပြီး နိုင်ငံတကာမှ တိုက်ရိုက်ကြည့်ရှုနေကြသူများ အနေဖြင့်လည်း ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ဆီးဂိမ်းစ် ဘောလုံး ပွဲစဉ်များကို လေးစား တန်ဖိုးထား အသိအမှတ်ပြု ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ပရိသတ်များ အဆင်ပြေ ချောမွေ့စွာဖြင့် ကြည့်ရှုအားပေး နိုင်ရေးကို အဓိက ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လာမည့် ပွဲစဉ်များသည် မြန်မာ ယူ၂၃ အသင်းအတွက် အရေးကြီးသည့် ပွဲစဉ်များ ဖြစ်သလို ပြိုင်ပွဲအရှိန်လည်း ပိုမြင့်လာမည် ဖြစ်သည့်အတွက် ဘောလုံးပရိသတ်များ ပိုမို စိတ်ဝင်တစား အားပေးကြမည်ဟုလည်း မျှော်လင့်ထား ပါသည်။ ထိုသို့ မျှော်လင့်ထားသည့် အတိုင်းပင် မြန်မာနှင့်ထိုင်း အသင်းယှဉ်ပြိုင် ကစားမည့်ပွဲစဉ်အတွက် လက်မှတ်ရောင်းချရာ နေရာ များသို့ လာရောက် လက်မှတ်ဝယ်ယူသူ ပရိသတ် အရေအတွက်ကို မြင်တွေ့ရသည်မှာ အားရစရာ ကောင်းလွန်းလှပါသည်။ ပရိသတ် များ၏ မြန်မာအသင်းကို ကွင်းအတွင်း ၀င်ရောက်၍ အားပေးရန် ပင်ပင်ပန်းပန်း လက်မှတ်ဝယ်ယူနေကြခြင်းကိုလည်း အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။ သို့သော် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သုဝဏ္ဏအားကစားကွင်း၏ ပရိသတ်ဝင်ဆံ့မှု နှုန်းဖြစ်သည့် ပရိသတ် ဦးရေ(၃၀၀၀၀)အတွက်သာ လက်မှတ်များကို ရောင်းချနိုင်မည် ဖြစ်ပြီး ထိုအရေအတွက် ၃၀၀၀၀ ထက်ကျော်လွန်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်ရောင်းချနိုင်ခြင်း မရှိသည်ကိုလည်း ပရိသတ်များမှ နားလည်ပေးစေလိုပါသည်။

သို့သော် လက်မှတ်မရရှိသူ ပရိသတ်များအတွက် ကွင်းပြင်ပတွင် LED Board ဖြင့် အတူတကွ ကြည့်ရှုအားပေး နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ပေးထားပါသည်။ ကွင်းအတွင်း ၀င်ရောက်အားပေး နိုင်ခြင်းမရှိသည့် ပရိသတ်များအနေဖြင့် LED Board တွင် ပျော်ရွှင်စွာ အားပေးကြည့်ရှုရင်း ဆီးဂိမ်းစ် အောင်မြင်မှုအတွက် ပရိသတ်များဘက်မှလည်း တစ်ဖက်တစ်လမ်း မှ ကူညီပါဝင် ပေးကြပါရန် အထူးပင် မေတ္တာရပ်ခံပါသည်။ ပရိသတ်များ၏ မြန်မာအသင်းကို အားပေးလိုစိတ်ဖြင့် လက်မှတ်ရရှိရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရမှု များအပေါ် လေးစားစွာ အသိအမှတ်ပြုပါကြောင်းနှင့် လက်မှတ်မရရှိသော ပရိသတ်များအားလုံးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အနူးညွတ် တောင်းပန်ပါကြောင်း အထူးမေတ္တာရပ်ခံအပ်ပါသည်။


လေးစားရပါသော မြန်မာ့ ဘောလုံး ပရိသတ်ကြီးခင်ဗျား
From: Myanmar Football Federation

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


လုလုအောင် HD အသစ်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


.ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( ၁ )