Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တိုကျိုမြို့သို့ ရောက်ရှိ

$
0
0

နေပြည်တော် ဒီဇင်ဘာ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်း အဝေးများ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဒီဇင်ဘာ (၁၂) ရက်တွင် ရန်ကုန်မြို့မှ ဂျပန်လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ (၁၃) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီ (၄၅) မိနစ်တွင် ဂျပန်နိုင်ငံ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင်၊ မြန်မာ-ဂျပန် အသင်း ဥက္ကဋ္ဌ ဦးစောလှမင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် Imperial ဟိုတယ်သို့ ရောက်ရှိကြသည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၁၉၇၃ ခုနှစ်တွင် စတင် ထိတွေ့ ဆက်ဆံခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အာဆီယံနိုင်ငံများ၏ မိတ်ဖက်ဆွေးနွေးဘက် နိုင်ငံ အဖြစ် အဆင့်တိုးမြှင့်ခဲ့ရာ ယခုနှစ်တွင် နှစ်ပေါင်း (၄၀) ပြည့်မြောက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပသည့် ဂျပန်- မဲခေါင် နိုင်ငံများ၏ ထိပ်သီးဆွေးနွေးပွဲနှင့် မြန်မာ-ဂျပန် ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီလဝါအထူးစီးပွားရေးဇုန်အတွက် ပင်မ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှုအပေါ် ရည်ရွယ်သည့် စာလွှာနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး အတွက် ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၁၃ ခုနှစ် မေလအတွင်း သုံးရက်တာ ခရီးစဉ်ဖြင့် လာရောက် လည်ပတ်ခဲ့သည်။

From:သမ္မတရုံး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>