Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဒေါ်စုကို လက်ချာပေးခဲ့ပါ ဒေါ်ရင်လတ်"

$
0
0
ဒေါ်ရင်လတ်ရေ...
ခင်ဗျား ပြည်သူတွေ မထိခိုက်ဖို့ ခင်ဗျား တိုင်းပြည် ဒုက္ခမရောက်ဖို့
ခင်ဗျားရဲ့ ရာဇပလ္လင်ကို စွန့်ရဲတဲ့ သတ္တိ
ကျုပ် လေးစားတယ်ဗျာ...

ခင်ဗျားအကို အရိပ်က မထွက်နိုင်သေးတဲ့ ရုပ်သေးရုပ်
သက်ဆင် ကြိုးဆွဲရာကတဲ့ ရုပ်သေးအစိုးရ....

ဘယ်လိုပဲ ခင်ဗျားကို အပုပ် ချချ
ခင်ဗျားဟာ ဒေါ်ရင်လတ်....ပါ
ခင်ဗျားဟာ စွန့်ဝံ့သူပါ..
ခင်ဗျားဟာ ကိုယ့်အကျိုး ပါတီအကျိုးထက်..
ပြည်သူတွေအကျိုးကို တကယ် ဦးထိပ်ထားခဲ့သူပါ...

သူများတွေ ပါးစပ်ဖျားက ပြောနေတာတွေ...
ခင်ဗျားက နှလုံးသားနဲ့ သက်သေပြလိုက်တာပါ...

လေးစားပါတယ် ဒေါ်ရင်လတ်...
ဂုဏ်ယူပါတယ် ဒေါ်ရင်လတ်...

ပြည်သူတွေ ဒုက္ခ မရောက်အောင် ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးတဲ့ အဖြစ် ..
သတ္တိရှိပါရဲ့ဗျာ...

ဒီမှာလေ နိုဘဲဆုရှင်ကြီး..
ဆုပေါင်းများစွာ မရေနိုင်အောင် ရနေသူကြီး...

သမ္မတရာထူး ငမ်းငမ်းတက်...
အာဏာတွေ တပ်မက်ပြီး..

ပြည်သူကို ဆင်းရဲတွင်းပို့နေတာ ခင်ဗျား ကြည့်ပါဦး..

ဘာတဲ့...

ရင်းနှီးမြုပ်နှံမှုတွေ မလာပါနဲ့ဦး...
ထောက်ပံ့မှုတွေ မလုပ်ပါနဲ့ဦး..
မြန်မာနိုင်ငံ တကယ် မပြောင်းလဲသေးဘူး...

ပြည်ပနိုင်ငံတွေရောက်တိုင်း ဒီလိုတွေ ပြောရတာ အမော...

ပြည်တွင်းရောက်ရင်တော့..
ဒီအစိုးရလက်ထက် ဘာမှ မပြောင်းလဲသေးဘူး..
ပြည်သူတွေ ဘာမှ ဖြစ်မလာသေးဘူး...

ဒီလိုမျိုး နွားသေ ကြိုးချည်ရိုက်တတ်တဲ့ စိတ်ဓါတ်လေးက..

လူထုအားနဲ့ အခြေခံဥပဒေ ပြင်ဖို့ ချောင်းနေလေရဲ့..

မြန်မာ စစ်တပ်က ထိုင်းစစ်တပ် မဟုတ်လေတော့.
သွေးချောင်းစီးမယ့် လူထုတိုက်ပွဲတွေ ဖြစ်လာတော့မယ်...

တစ်ကယ်တော့ ခင်ဗျားဟာ မြင့်မြတ်သူပါ...

တစ်ကယ်တော့ ခင်ဗျားဟာ ပေးဆပ်သူပါ...

ဒေါ်ရင်လတ်ရေ...

ဝန်ကြီးချုပ် ရာထူး ရမှ ပြည်သူကို အကျိုးပြုနိုင်မှာ လို့ ဒေါ်စုလို ခင်ဗျား မပြောခဲ့ပေမယ့် ခင်ဗျားလုပ်ရပ်က ဒေါ်စုထက် သာပါတယ်...

သမ္မတ ဖြစ်ချင်တယ် လို့ အရှက်မရှိ လျှောက်လျှောက်ပြောနေတဲ့ ဒေါ်စုနဲ့ ယှဉ်ရင် ၀န်ကြီးချုပ် မဖြစ်ချင်ဘူး လို့ တစ်ခွန်းမှ မပြောဘဲ နှုတ်ထွက်ပြလိုက်တဲ့ စိတ်ဓါတ် အကွာကြီး ကွာပါတယ်...

ပြည်သူကို ချစ်တတ်အောင်..
ပြည်သူကို ဦးထိပ်ထားတတ်အောင်...


ဒေါ်စုကို လက်ချာလေးတစ်ခုတော့ ချီးမြှင့်ခဲ့ပါဦးဗျာ...

From: (Ko Lin Aung)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>