နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ လွှင့်တင်ပေးနိုင်မည့် လူမှုကွန်ရက် စာမျက်နှာကို သမ္မတအပေါ် မူတည်၍ ဖွင့်လှစ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ အာဆီယံထိပ်သီး နိုင်ငံကြီးများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများနှင့် အခြားသော အာဆီယံနိုင်ငံအချို့တွင် ဝန်ကြီးချုပ်များနှင့် သမ္မတများက လူမှုကွန်ရက် စာမျက်နှာများ ဖွင့်လှစ်ထားပြီး နိုင်ငံ့ခေါင်းဆောင်များကို ကိုယ်စားပြုသည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ထားပေးခြင်း ဖြစ်သည်။ “ကျွန်တော်တို့လည်း အခုလောလောဆယ်တော့ စဉ်းစား နေတုန်းပါပဲ။ လုပ်ဖြစ် မလုပ်ဖြစ်ကလည်း သမ္မတကြီးအပေါ်လည်း မူတည်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များဖြစ်သည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ အင်တာနက် စာမျက်နှာတွင် ဝင်ရောက် ကြည့်ရူသူပေါင်း သုံးသိန်းကျော်ရှိနေပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ်ထရာ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုသူ ၁၀ သိန်းကျော်အထိ ရှိနေသည်။ ဖိလစ်ပိုင်သမ္မတ အကီနို၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ကြည့်ရူသူ သိန်းသုံးဆယ်ကျော်အထိ ကြည့်ရူနေခြင်း ဖြစ်သည်။
ထို့အပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လူမှုကွန်ရက် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရူသူ သိန်းသုံးဆယ်ကျော်အထိ ရှိနေသည်။ “လူမှုကွန်ရက် သုံးတယ်ဆိုတာ နိုင်ငံ့ခေါင်းဆောင် တွေအတွက် သာမန် လူတန်းစားနဲ့ ထိတွေ့ဆက်ဆံခွင့် ပိုရစေပါတယ်။ ခေါင်းဆောင် ဖြစ်သွားတဲ့အခါ သာမန်လူတန်းစားနဲ့ နည်းနည်း အလှမ်းဝေးသွားတော့ တံတိုင်းတစ်ခု ခြားထားသလို ဖြစ်သွားတယ်။ ဒါကြောင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာ ရှိသင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် မဲဆန္ဒရှင် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဖို့ လူမှုကွန်ရက်က အဓိကပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။ အဆိုပါ လူမှုကွန်ရက် စာမျက်နှာများကို သမ္မတနှင့် ဝန်ကြီးချုပ်တို့ကိုယ်တိုင် အသုံးပြုနေသည်ဟု အတိအကျ မပြောဆိုနိုင်သော်လည်း ၎င်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက သတင်းများ အချိန်နှင့် တစ်ပြေးညီ တင်ထားပေးနိုင်ရန် ကိုယ်စားပြု လုပ်ပေးနေခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်ထို့အပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လူမှုကွန်ရက် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရူသူ သိန်းသုံးဆယ်ကျော်အထိ ရှိနေသည်။ “လူမှုကွန်ရက် သုံးတယ်ဆိုတာ နိုင်ငံ့ခေါင်းဆောင် တွေအတွက် သာမန် လူတန်းစားနဲ့ ထိတွေ့ဆက်ဆံခွင့် ပိုရစေပါတယ်။ ခေါင်းဆောင် ဖြစ်သွားတဲ့အခါ သာမန်လူတန်းစားနဲ့ နည်းနည်း အလှမ်းဝေးသွားတော့ တံတိုင်းတစ်ခု ခြားထားသလို ဖြစ်သွားတယ်။ ဒါကြောင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာ ရှိသင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် မဲဆန္ဒရှင် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဖို့ လူမှုကွန်ရက်က အဓိကပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။ အဆိုပါ လူမှုကွန်ရက် စာမျက်နှာများကို သမ္မတနှင့် ဝန်ကြီးချုပ်တို့ကိုယ်တိုင် အသုံးပြုနေသည်ဟု အတိအကျ မပြောဆိုနိုင်သော်လည်း ၎င်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက သတင်းများ အချိန်နှင့် တစ်ပြေးညီ တင်ထားပေးနိုင်ရန် ကိုယ်စားပြု လုပ်ပေးနေခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.mmdailystar.com