Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တတိတိ ဖဲ့ချွေခံနေရသော မြန်မာပြည်......

$
0
0
စာခေါင်းစဉ်ကို မြင်လိုက်တာနဲ့ သို့လော သို့လော တွေးကြမယ့်လူ များမယ်ထင်ပါတယ်...... အနောက်ဘက်က ဘင်္ဂါလီတွေလား၊ နိုင်ငံထဲဝင် ဂုတ်သွေးစုတ်နေတဲ့ တရုတ်ပြည်မကြီးက လူတွေကြောင့်လား အစရှိသဖြင့် တွေးထင်ကြမယ် ထင်ပါတယ်..... ဒီစာပါ အကြောင်းအရာနဲ့ ခေါင်းစဉ်ဟာ အဲ့ဒိနှစ်ခုကို ပြောတာ မဟုတ်ပါဘူး.....

ကျွန်တော်တို့ရဲ့ အိမ်နီးခြင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ကြောင့် ချမ်းသာလာတဲ့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်..... ဆိုရှယ်လစ်ခေတ် မှောင်ခိုလက်ထက်မှသည် ဒီနေ့ဒီအချိန်ထိ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး ရိုက်စားလုပ်နေတဲ့နိုင်ငံဆိုလည်း မမှားပါဘူး.... ပေါချောင်ကောင်း အပေါစား ဆင်ကြယ် ဖိနပ်မှသည်၊ အချိုမှုန့်အလယ်၊ အဝတ်အထည်တွေအဆုံး မြန်မာပြည်ကို ကောင်းကောင်းရိုက်စားခဲ့တာပါပဲ.......

မြန်မာနိုင်ငံဘက်ကနေတော့ ကျွန်းသစ်၊ တွင်းထွက် ကျောက်သံပတ္တမြား၊ သစ်ခွ အစရှိတာတွေကို အောက်ဈေးနဲ့နှိုက်၊ သူနေမှတဆင့် ကမ္ဘာကို ဖြန့်ဖြူးရင်းနဲ့ တစ်ချို့ ပစ္စည်းတွေဟာ သူ့နိုင်ငံကထွက်သယောင်တွေ လုပ်လာပါတယ်..... စစ်အစိုးရလက်ထက် စီးပွားရေး ပိတ်ဆို့ခံရချိန်မှာ မြန်မာနိုင်ငံက ထုတ်တဲ့ ပစ္စည်းတွေဟာ Made in Myanmar လို့ ရေးခွင့်မရှိလို့ ထိုင်းကနေတစ်ဆင့် Export လုပ်ရင်း Made in Thailand ဖြစ်ဖို့အတွက် ကြားက အညွန့်ခူးစားခံခဲ့ရတာ အချိန်တော်တော် ကြာခဲ့ပါတယ်......

ဆိုရှယ်လစ်ခေတ် မှောင်ခိုလက်ထက်မှသည် ဒီနေ့အထိ မြန်မာနိုင်ငံ အနှံ့အပြားက စဥ့်ထည်၊ သစ်သားဗီရို အစရှိတဲ့ ရှေးဟောင်းပစ္စည်းမှန်သမျှကို သူ့နိုင်ငံကို တင်သွင်းစေပါတယ်..... ဒါတွေဟာ ပေါ့သေးသေးမှတ်လို့မရတဲ့ ကိစ္စတွေပါ.... အထူးသဖြင့် ရှေးဟောင်းလက်ရာတွေ၊ ရှေးဟောင်း ယဉ်ကျေးမှုတွေဟာ နိုင်ငံ တစ်နိုင်ငံရဲ့ သမိုင်းကြောင်းတွေနဲ့ သက်ဆိုင်နေပါတယ်..... အဲ့ဒိ ရှေးဟောင်း ပစ္စည်းတွေကနေ သမိုင်းကို လိုချင်သလို ပုံဖော်သွားလို့ရပါတယ်.....

အခုဆိုရင်ပဲ ဂျပန်မှာ ပြိုင်ပွဲဝင်နေတဲ့ ဂုဏ်ရည်အေးကျော်ရ့ ကိန္နရာဝတ်စုံကို ထိုင်း ဝတ်စုံကို ဝတ်လို့ဆိုပီး ဝေဖန်နေတာလည်း တွေ့ရပါတယ်...... အဲ့ဒိ ဝတ်စုံကို တီထွင်တဲ့ ဒီဇိုင်နာဖြစ်တဲ့ ပြည့်ဖြိုးအောင်ကတော့ ဒါဟာ အကယ်ဒမီ ရွှေစင်ရုပ်ထုက ဒီဇိုင်းကို မှီးပြီး ထုတ်ထားတာ ဖြစ်တယ်လို့ ဆိုပေမယ့် ထိုင်းတွေကတော့ သူတို့ရဲ့ ဝတ်စုံကို ဝတ်တယ်လို့ ပြောနေပါပီ......

မြန်မာနိုင်ငံက ပဒေါင်လူမျိုးကို သူ့လူမျိုး ဖြစ်သယောင်ယောင် နိုင်ငံခြား ခရီးသွားတွေကို ပြစားနေခဲ့တာဟာ အတော်ကြာပီ ဖြစ်ပါတယ်.... Human Zoo လို့တောင် နိုင်ငံတကာက သိနေတာ မြန်မာပြည်ပ ပဒေါင်လူမျိုးတွေပဲ ဖြစ်ပါတယ်.... မြန်မာ့သစ်ခွ မျိုးစိတ်တွေလည်း သူ့နိုင်ငံကို ရောက်တော့မှ သူ့မျိုးစိတ်ပုံစံမျိုး ပုံမှားရိုက်ပီး လုပ်စားပါတယ်..... အခုလည်း မြန်မာ့မျိုးရင်း ရွှေဘို ပေါ်ဆန်းမွှေးကို သူတို့အပိုင်ဆိုတဲ့ပုံစံနဲ့ မှတ်ပုံတင်ဖို့ လုပ်နေတယ်လို့ ကြားရပါတယ်...... ဒါတွေရဲ့ ရလာဘ်ဟာ တစ်ချိန်မှာ အဲ့ဒိမျိုးစိတ်တွေရဲ့ မူလအစ မြန်မာပြည်က ဆိုတာ ပျောက်သွားမှာပါ.....

အခုလက်ရှိမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်ကို ဆန်အလုံးအရင်းနဲ့ တင်ပို့နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်..... အာဆီယံ - တရုတ် ကုန်သွယ်မှုကင်းလွတ်ခွင့် ပြုထားတဲ့အထဲမှာ ဆန်စပါး ဟာ လုံးဝကို အမှားမခံတဲ့ ကုန်စည်တစ်ခုလည်း ဖြစ်နေပါတယ်...... မြန်မာနိုင်ငံကလည်း ဆန်တွေ အမြောက်အများ ထုတ်လုပ်နိုင်ပီး အရည်အသွေး ပြည့်မှီလာချိန် နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ ဆန်စပါးတွေရဲ့ မူလမျိုးစိတ် မူပိုင်ခွင့် ပြဿနာဟာ တော်တော်လေး ကြီးထွားလာမှာပါ......

ဒါတွေဟာ မြန်မာနိုင်ငံက ပိုင်ဆိုင်ခွင့်ရှိရမယ့် ဟာတွေကို တတိတိနဲ့ ဖဲ့ယူခံနေရခြင်းပဲ ဖြစ်ပါတယ်..... မြန်မာ့မျိုးစိတ်တွေကို သူတို့မျိုးစိတ်အဖြစ်နဲ့ နိုင်ငံတကာမှာ မှတ်ပုံတင်ခြင်းရဲ့ ရလာဘ်ကတော့ မြန်မာနိုင်ငံကလည်း အဆိုပါ မျိုးစိတ်တွေကို အလုံးအရင်းနဲ့ ကမ္ဘာကိုတင်သွင်းချိန်မှာ မူပိုင်ခွင့်ပြဿနာဟာ တော်တော်လေး ကြီးထွားလာမှာပါပဲ....

ဒီလိုပြဿနာတွေ မဖြစ်စေဖို့အတွက် မိမိနိုင်ငံရဲ့ မူလဘူတ ပိုင်ဆိုင်ခွင့်ရှိတဲ့အရာတွေကို မလိမ့်တပါတ်နဲ့ ဖဲ့ယူခြင်း မခံရအောင် ဂရုတစိုက် ကာကွယ်ဖို့ လိုပါတယ်..... ထိုင်းနဲ့ မြန်မာဟာ နယ်နိမိတ်ခြင်းလည်း ထိစပ်နေတဲ့အတွက်ကြောင့် အငြင်းပွားချိန်မှာ ကိုယ့်ဘက်က ဘာမှပြင်ဆင်မထားရင် ရှုံးနိမ့်ပါလိမ့်မယ်...... ဒါကြောင့် အိမ်နီးခြင်းနိုင်ငံတွေထဲမှာ အမြဲလိုလို မြန်မာကို လူလည်ကျ၊ ရိုက်စားလုပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ခြေလှမ်းတွေကို ဂရုစိုက်ဖို့ လိုပါလိမ့်မယ်..... ဒီလိုအခြေအနေတွေကို နိုင်ငံက သက်ဆိုင်ရာလူကြီးတွေ ဂရုပြုမိပါစေလို့ပဲ ဆုတောင်းရပါတယ်......

From:Voice of James Mint

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>