Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆီးဂိမ်းတွင် အကြမ်းဖက်သမားများ ၀င်မလာနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များ လာရောက်ကူညီလျက်ရှိ

$
0
0
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကာလအတွင်း နိုင်ငံတကာမှ အကြမ်းဖက်သမားများနှင့် လုံခြုံရေးစည်းကို ကျိုးပေါက်အောင် လုပ်ဆောင်မည့်သူများ၊ ရာဇ၀တ်သားများ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်မလာနိုင်စေရန် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) မှ ရဲတပ်ဖွဲ့ဝင် ကိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လာရောက်ပူးပေါင်း ကူညီပေးနေကြောင်း နေပြည်တော်ရဲချုပ်ရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကပြောသည်။

“နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ဒီဇင်ဘာ ၂ ရက်ကစပြီး အင်တာပိုလ်က အရာရှိငါးဦး စတင်ရောက်ရှိလာပြီး ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ နိုင်ငံတကာ အ၀င်ဧည့်ဝင်ရောက်မှုကို စိစစ်နေပါတယ်။ သူတို့ဆီမှာ နိုင်ငံတကာရာဇ၀တ်ကောင်တွေနဲ့ အကြမ်းဖက်သမားစာရင်းတွေထည့်ထားတဲ့ Hard Disk တစ်လုံးလည်း ပါလာတယ်။ သံသယရှိသူတစ်ယောက်ပါလာတာနဲ့ အဲဒီလူကို စစ်ဆေးဖို့လည်း စက်ကိရိယာတွေပါ တစ်ပါတည်းယူလာတာပါ”ဟု အဆိုပါအရာရှိကြီးကပြောကြားသည်။

အချို့သော နိုင်ငံတကာဧည့်သည်များ၏ ပတ်စ်ပို့များမှာ Smart Card များ ဖြစ်နေသည့်အတွက် ကတ်များ အတုဟုတ်၊ မဟုတ် စစ်ဆေးနိုင်သည့်စက်၊ လက်ဗွေစက်ကဲ့သို့ စက်များကိုလည်း ပံ့ပိုးထားပြီး ဧည့်သည်များ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေဘဲ စစ်ဆေးသည့်နည်းလမ်းများကို ယခုဆီးဂိမ်းကာလအတွင်း၌ပင် အင်တာပိုလ်အရာရှိများက မြန်မာအရာရှိများအား တစ်ပါတည်း သင်တန်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဆင်ရေးမှာ အင်တာပိုလ်မပါပေမယ့် တစ်ခုခုပြဿနာဖြစ်တာ၊ အခက်အခဲဖြစ်တာနဲ့ တစ်ပြိုင်တည်း စစ်ဆင်ရေးထဲကို အင်တာပိုလ်ကအရာရှိတွေကို လှမ်းချိတ်ဆက်လိုက်ရုံပါပဲ။ အင်တာပိုလ်ကတော့ ရန်ကုန်လေဆိပ်မှာ Stand by (အဆင်သင့်) ရှိနေမှာပေါ့” ဟု ၎င်းက ပြော ကြားသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လုံခြုံရေးအင်အားကို ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အရန်မီးသတ်တပ်ဖွဲ့များ အပါအ၀င် အင်အား ၂၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောထားသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနအားလုံးအား လုံခြုံရေးအဆင့်ကို ထိပ်တန်းအမြင့်ဆုံးဖြစ်သည့် အမျိုးသားလုံခြုံရေးအဆင့် (ြational Security) အဆင့်သတ်မှတ် တပ်လှန့်ထားကြောင်း ၎င်းကပြောကြားထားသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် ငွေဆောင်တို့တွင်လည်း ဆီးဂိမ်းကျင်းပမည့်နေရာများနှင့် အထင်ကရနေရာများကို လုံခြုံရေးတိုးမြှင့်ထားပြီး အထူးသဖြင့် ဆီးဂိမ်းကျင်းပမည့် အားကစားကွင်းနှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို ယာဉ်နှင့်လူအသွားအလာမရှုပ်ထွေးစေရန် စီစဉ်ထားကြောင်း ၎င်းကပြောကြားသည်။

“ဒီဇင်ဘာ ၁၀ ရက် မတိုင်မီ အင်တာပိုလ်အရာရှိ နောက်ထပ်လေးယောက် ထပ်ရောက်ပါမယ်။ နေပြည်တော်မှာတော့ ရဲချုပ်ကိုယ်တိုင် နေ့တိုင်း ကစားပွဲကျင်းပမယ့်ကွင်းတွေအထိ ဆင်းကြည့်ပါတယ်။ အင်တာပိုလ်နဲ့ ပူးပေါင်းပြီးလုပ်သလို အာဆီယံပိုလ် (Aseanpol) နဲ့လည်း နိုင်ငံအချင်းချင်း သတင်းတွေ အဆတ်မပြတ် ဖလှယ်နေပါတယ်။ ခုထိတော့ အနှောင့်အယှက်တစ်စုံတစ်ရာ မတွေ့သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

အင်တာပိုလ်သည် မြန်မာအပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံလုံးတွင် အကြမ်းဖက်ရာဇ၀တ်ကောင်များ ပူးပေါင်းထောက်လှမ်းရေးကို တစ်ပြိုင်တည်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုဆီးဂိမ်းအပြီးတွင် ၁၀ နိုင်ငံလုံးမှရရှိသည့် သတင်းအချက်အလက်များကို ဖလှယ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

From:7day 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>