Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒီမိုကရေစီသို့လား….ရာဇ၀တ်မှုသို့လား

$
0
0

မြန်မာဒီမိုကရေစီသက်တမ်းသည်၃နှစ်လွန်မြောက်ခဲ့ပြီဆိုသော်လည်း ကျော်လွှားဖြတ်သန်း ခဲ့ရသည့် အခြေအနေ၊ပြုပြင်ပြောင်းလဲခဲ့ရသည့်ကာလအရ မီးတွင်းမှထွက်ခါစ သွေးနုသားနုအခြေနေဟု ဆိုရပေမည်။

ဤသို့သော အခြေနေအတွင်း မထိတ်သာ၊မလန့်သာ ဖြစ်ရပ်များဖြင့်ကြုံခဲ့ရပြီး ခန္ဓာကိုယ်တွင်း ပဋိဇီဝဖြစ်စဉ် ပြုပြင်ပြောင်းလဲမှုမျိုးနှင့် တိုးခဲ့ရသည်။

ဒီမိုကရေစီဆိုသောစကားလုံးကို လိုရာသုံးကာ တစ်ချို့သော မီဒီယာများမှလည်းကောင်း၊ဆန့်ကျင်ဘက်အဖွဲ့ အစည်းများမှလည်းကောင်း၊တိုင်းရင်းသား အရေခြုံ အဖွဲ့စည်းများကလည်းကောင်း ၊ဗိုလ်ချုပ် ပြောစကားအရ လမ်းပေါ်ဆေးရိုးတက်လှမ်းကြသော မသိဆိုးဝါး လူတစ်စုကလည်းကောင်း၊ ဆန္ဒပြမှ ၀မ်းခါးလှသော ပုဂ္ဂိုလ်မြတ်အပေါင်းကလည်းကောင်း ကသောင်းကနင်းအခြေနေမျိုးကို ဇွတ်တိုးဖန်တီးနေသည်ကိုလည်း တွေ့နေရပါ၏။

မိမိအမှန်တကယ် မပိုင်ဆိုင်သော မြေယာများပေါ်တွင် ကျူးကျော်ဝင်ရောက်၍ မိမိတို့ မတရားပြုခံရသယောင် လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ မည်ပါ၏လော။

လွတ်လပ်စွာရေးသားထုတ်ဝေခွင့်၊လွတ်လပ်စွာပြောဆိုစည်းရုံးခွင့် ခေါင်းစဉ်တပ်ကာ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ခြင်း၊အသေရေဖျက်ခြင်း၊သိက္ခာချခြင်းများသည် ဒီမိုကရေစီ မည်ပါ၏လော။

သူတစ်ပါးစိတ်ကသိကအောက်ဖြစ်စေရန်အတင်းအကြပ်စည်းရုံးခြင်း
၊ထောက်ခံပါသည်ဟု ဇွတ်လက်မှတ်ရေးထိုးခိုင်းခြင်း၊အတင်းအဓမ္မ ဆန္ဒကောက်ခံနေခြင်းများသည်ဒီမိုကရေစီ မည်ပါ၏လော။

ဒီမိုကရေစီဆိုသည်မှာ အခြေခံသဘောအားဖြင့်မိမိလွတ်လပ်မှုကြောင့်၊မိမိနေထိုင်ပြုမူပြောဆိုမှုကြောင့် သူတစ်ပါး စိတ်ကသိကအောက်မဖြစ်စေဘဲ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာမှု မရှိစေသော၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေမှုမရှိစေသော ၀ိုင်းဝန်းစောင့်ထိန်းမှုတစ် ရပ်ဖြစ်ပြီး နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့် လွတ်လပ်ခွင့်များကို သိမ်မွေ့ညင်သာစွာ ဖော်ထုတ်ပြုမူဆောင် ရွက်ရမည့် လမ်းစဉ်တစ်ရပ်ပင်ဖြစ်ပါသည်။

သို့ရာတွင် တစ်ချို့ တစ်ချို့သော လူပုဂ္ဂိုလ်အဖွဲ့စည်းများ၏ ငါပြောတာအဟုတ်၊ ငါလုပ်တာအမှန်ဟူသော ဖီလာဆန့်ကျင်မှုများက သွေးနုသားနုဒီမိုကရေစီအပေါ် များစွာဂယက်ရိုက်ခတ်နိုင်သည်ကို သတိပြုမိကြဖို့ကောင်းပေ သည်။

ဒီမိုကရေစီကို အမှန်လိုလားသည်ဆိုပါက မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေကြသော အပြုအမူ၊အပြောအ ဆိုများ သည် ဒီမိုကရေစီသို့ ဦးတည်နေသည်လား၊ရာဇ၀တ်မှုများသို့ ဦးတည်နေသည်လား ပြန်လည်စဉ်းစားဖို့ အမှန်ပင်ကောင်းနေပါကြောင်း။ 
 
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>