ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ
သတင်းထုတ်ပြန်ချက်(၃/၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပတ်သက်၍ အကြံပြုချက် တောင်းခံခြင်း အပေါ်
ဌာန၊ အသင်းအဖွဲ့ပါတီ အသီးသီးနှင့် ပုဂ္ဂိုလ်များထံမှ ရရှိမှု အခြေအနေ သတင်းထုတ်ပြန်ခြင်း
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီမှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၃) ဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များထံမှ လေ့လာ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မတိုင်မီပေးပို့နိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။
၂။ သို့သော်လည်း ပြည်သူများ၊ အဖွဲ့အစည်းများ၊ ဌာနအသင်းအဖွဲ့ ပါတီများမှ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုစာများ ရရှိရန် အလို့ငှာ (၃/၂၀၁၃) ပူးပေါင်း ကော်မတီ အစည်းအဝေးကို (၃၁-၁၀-၂၀၁၃) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ သဘော တူညီချက်ဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပါကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။
၃။ သတင်း ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီထိ အကြံပြုစာပေါင်း ၁၂၄ စောင် ရရှိခဲ့ ပါသည်။
၎။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၃၁၆ စောင်ရရှိခဲ့ပါသည်။
၅။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး ပါတီအဖွဲ့အစည်းနှင့် အသင်းအဖွဲ့အသီးသီးမှ-
(က) အခန်း(၁)တွင် အကြံပြုချက် (၅၉၀) ချက်၊
( ခ ) အခန်း(၂)တွင် အကြံပြုချက် (၃၆) ချက်၊
(ဂ ) အခန်း(၃)တွင် အကြံပြုချက် (၂၆၁) ချက်၊
(ဃ) အခန်း(၄)တွင် အကြံပြုချက် (၃၀၉) ချက်၊
( င ) အခန်း(၅)တွင် အကြံပြုချက် (၄၃၈) ချက်၊
( စ ) အခန်း(၆)တွင် အကြံပြုချက် (၁၇၉) ချက်၊
(ဆ) အခန်း(၇)တွင် အကြံပြုချက် (၂၈) ချက်၊
( ဇ ) အခန်း(၈)တွင် အကြံပြုချက် (၁၂၀) ချက်၊
( ဈ ) အခန်း(၉)တွင် အကြံပြုချက် (၄၉) ချက်၊
(ည) အခန်း(၁၀)တွင် အကြံပြုချက် (၂၀) ချက်၊
( ဋ ) အခန်း(၁၁)တွင် အကြံပြုချက် (၈၃) ချက်၊
( ဌ ) အခန်း(၁၂)တွင် အကြံပြုချက် (၂၁၈) ချက်၊
( ဍ ) အခန်း(၁၃)တွင် အကြံပြုချက် (၁၁) ချက်၊
( ဎ ) အခန်း(၁၄)တွင် အကြံပြုချက် (၂၂) ချက်၊
(ဏ) အခန်း(၁၅)တွင် အကြံပြုချက် (၁၂) ချက်၊
(တ) ဇယား(၁)တွင် အကြံပြုချက် (၅၉) ချက်၊
(ထ) ဇယား(၂)တွင် အကြံပြုချက် (၄၅) ချက်၊
( ဒ ) ဇယား(၃)တွင် အကြံပြုချက် (၁၀) ချက်၊
( ဓ ) ဇယား(၄)တွင် အကြံပြုချက် (၁) ချက်၊
( န ) ဇယား(၅)တွင် အကြံပြုချက် (၂၁) ချက်၊
စုစုပေါင်း အကြံပြုချက် (၂၅၁၂) ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြံပြုစာများ ရောက်ရှိလျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံး
www.mmdailystar.com