Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးဆက်သစ်များ အတုမယူသင့်သည့် ဗိုလ်မှူး သမီး၊ ဗိုလ်မှူးကြီး သမီး နှင့် ဗိုလ်ချုပ်သမီး ၃ ဦး

$
0
0



လက်တလော အင်တာနက်ပေါ်တွင် ဗြောင်းဆန် သွားခဲ့တဲ့ အကြောင်းကတော့ ဗိုလ်မှူးစိုးမြင့် ရဲ့ သမီး စိုးမြတ်သူဇာ နဲ့ ဗိုလ်မှူးကြီး ကိုကိုရဲ့ သမီး နဝရတ် တို့ရဲ့သမီးတို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဖေက စစ်သားတွေဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်တင်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်လိုပဲ စစ်သား သမီးဖြစ်ပြီး မူးယစ်ဆေးထက် သုံးစွဲတာထက် ဆိုးတဲ့ လူကိုတော့ အပြစ်တင်ဖို့ မေ့နေကြပါတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး ရဲ့ အမျိုးမစောင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။ 
ဗိုလ်မှူးသမီး စိုးမြတ်သူဇာနဲ့ ဗိုလ်မှူးကြီး သမီး နဝရက် တို့က မူးယစ်ဆေးနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးပေမယ့် သားသမီး တာဝန်ဝတ်တရားဖြစ်တဲ့ အမျိုးစောင့်ခြင်း တာဝန်ကိုတော့ ကျေပွန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ် သမီး ဒေါ်စုကြည် ကတော့ နိုင်ငံခြားသားကို လက်ထက် ပေါင်းသင်းခဲ့ပါတယ်။ ဗိုလ်မှူး နဲ့ ဗိုလ်မှူးကြီး သမီးတို့ တစ်ချိန်က မှားခဲ့တာက အခုချိန်မှာ ပြင်လို့ ရသွားပြီ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်စုကြည် မှားခဲ့တာကတော့ တစ်သက်လုံးပြင်လို့မရအောင် မျိုးဆက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။စိုးမြတ်သူဇာ နဲ့ နဝရတ်တို့ ၂ ယောက် မူးယစ်ဆေးဝါး သုံးတာက သူတို့ ဘဝ နဲ့ သူတို့ မိသားစုနဲ့ ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ကို အိမ်ထောင်ပြုတာက သူ့မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ မျိုးဆက်ပျက်သွားတဲ့အပြင် အမျိုးသားခေါင်းဆောင်ရဲ့ ပုံရိပ်၊ စစ်တပ်ရဲ့ ပုံရိပ် နဲ့ နိုင်ငံရဲ့ ပုံရိပ်တွေကို အများကြီး ပိုထိခိုက်စေခဲ့ပါတယ်။ ဗိုလ်မှုး နဲ့ ဗိုလ်မှုးကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာသလို အနုပညာသည် တွေကလည်း နောက်တစ်ဆက် သမ္မတလုပ်မယ့်လူနဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာလွန်းပါတယ်။ဒါပေမယ့် သမ္မတလုပ်မယ့်လူရဲက အမှားက အနုပညာသည်တွေ အများထက် အဆပေါင်းများစွာ ပိုဆိုးလွန်းပါတယ်။ ဒါ့အပြင် ပြင်လို့ရတဲ့ အမှားကို ကျူးလွန်ခဲ့သူက သုံးယောက်ထဲမှာ အသက်အကြီးဆုံးသူ ဖြစ်နေပါတယ်။ တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့ သူကိုသာ သမ္မတတင်လိုက်ရင် တနိုင်ငံလုံး ဒုက္ခရောက်ကုန်မှာပါ။
 ၃ ဦးလုံးရဲ့ အမှားတွေကတော့ လူငယ်တွေ အတုမယူသင့်တဲ့ အမှားတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ် တို့လို မူးယစ်ဆေးနဲ့ ပတ်သက်တာကို လူငယ်တွေ အတုမယူသင့်သလို ဒေါ်အောင်ဆန်းစုကြည်လို့ မျိုးမစောင့်တာကိုလည်း လူငယ်တွေ အတုမယူသင့်ပါဘူး။ ဒါပေမယ့် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ အမြင်မှန် ရသွားတာကိုတော့ အများကြီး အတုယူသင့်ပြီး ဘယ်တော့မှ ပြင်မရတော့တဲ့ ဒေါ်စုအမှားကိုတော့ သံဝေဂ ယူသင့်ပါတယ်။အနုပညာသမား ငရုတ်သီး တွေ စစ်တပ် ကြက်သွန်နဲ့ ပေါင်းပြီး အထောင်းခံရသလိုပဲ အခုလောလောဆယ် စစ်တပ် ကြက်သွန်နဲ့ အတင်းပေါင်းဖို့ ကြိုးစားနေတဲ့ ငရုတ်သီးမ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ထောင်းဖို့ မေ့နေကြပြန်ပါတယ်။ လူတိုင်းဟာ မှားဖူးပေမယ့် ပြင်လို့ရတဲ့ အမှားကို မှားတာက တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့လူထက်စာရင် အများကြီးကောင်းပါသေးတယ်။ 

From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ