အဆိုပါစာရင်း၌ သမ္မတ ဦးသိန်းစိန်ကို လူဦးရေ ၁၄၀၁ဦးမှ မဲပေးထားပြီး ၅၄.၇၉ ရာခိုင်နှုန်း၊ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည် ကို ၁၀၃၂ ဦးမှမဲပေးကာ ၄၀.၃၆ ရာခိုင်နှုန်းနှင့် အခြားသူများကို အယောက်၈၄ဦး မဲပေးကာ၃.၂၉ရာနှုန်းနှင့် ဦးသူရ ရွှေမန်း ကို အယောက်၄၀ မဲပေးကာ၂ရာနှုန်းရှိကြောင်း အွန်လိုင်းအသုံးပြုသူများထံမှ သိရှိရသည်။
“ဒီဆန္ဒမဲက အတည်ဟုတ်မဟုတ်မပြောနိုင်ပေမယ့် ပြည်သူအများစုကကိုယ်စိတ်ထဲရှိတာ ကို Vote လုပ်ကြတာလေ၊ ၂၀၁၅ ကျရင်တော့ ဘယ်သူသမ္မတဖြစ်မလဲဆိုတာပေါ်လာမှာပါ”ဟု အွန်လိုင်းအသုံးပြုသူတစ်ဦး က ပြောသည်။
ထိပ်တိုက်ရင်ဆိုင်ရေးနည်း လမ်းများ ကို ရှောင်ရှားပြီးဆွေးနွေးညှိနှိုင်ရေးနည်းလမ်များနှင့် အဖြေရှာလုပ်ဆောင်သင့်သည် ဟု လက်ရှိမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ(၃၀)ရက်နေ့ရ န်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ပြေကြားထားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း သမ္မတအနေဖြင့် ၀င်ရောက်အရွေးချယ်ခံတော့မည် မဟုတ်ဟုလည်း မီဒီယာများသို့ပြောကြားထားသည်။
“ဦးသိန်းစိန်ကို လူကြိုက်တာက အလယ်အလတ်လမ်းစဉ်ကြောင့်လို့ ထင်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည် က တော့ လွှတ်တော် ထဲ ရောက်သွားပြီးကတည်းကပြည်သူ အတွက်သိပ်ပြောတာဆို တာမျိုးမတွေ့ရတော့ ဘူး”ဟု မန္တလေးမြို့ခံ ကိုနန္ဒကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သြစတြေးလျခရီးစဉ်မှ ဒီဇင်ဘာလ(၂)ရက်နေ့ ညနေပိုင်းကပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်အပြည် ပြည် ဆိုင်ရာလေဆိပ်၌ NLDနာယကဦးတင်ဦးနှင့် အဖွဲ ချုပ်အဖွဲဝင်များအပါအ၀င် ပြည်သူအများမှနွေးထွေးစွာ ကြိုဆိုခဲ့သည်။
www.mmdailystar.com