Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မွတ်ဆလင်တွေကို မိတ်ဆွေဖြစ်အောင် ဦးဝီရသူ စည်းရုံးတော့မည်

$
0
0

မြန်မာနိုင်ငံတွင် နေထိုင်ပြီး တိုင်းတစ်ပါးကို ချစ်ခင်သော မွတ်ဆလင် များကို စောင့်ကြည့်၍ မိတ်ဆွေဖြစ်အောင် စည်းရုံးသွားမည် ဖြစ်ကြောင်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေသည့် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တာဝန်ခံ အစ္စလာမ် ဘာသာဝင် ဦးရွှေကြည်တို့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပါအချက် အပါအဝင် အချက်သုံးချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည့် အချက်အပြင် ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံကို ချစ်ခင်သည့် မွတ်ဆလင် များကို မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ကာ မေတ္တာပေးပြီး အကာအကွယ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်
နေထိုင်ပြီး မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံ ပြုလုပ်နေသူများ၏ အန္တရာယ်ကို ဥပဒေ ဘောင်အတွင်းမှ ကာကွယ်သွားမည် ဆိုသည့် အချက်သုံးချက်လည်း ပါဝင်သည်။

အင်တာနက် လူမှုစာမျက်နှာ များတွင် ပျံ့နှံ့နေသည့် အစ္စလာမ် ညီညွတ်ရေးအသင်း အမည်ခံ "မွတ်ဆလင် အဖွဲ့၏ ပြည်သိမ်း စီမံချက် မဟာဗျူဟာ ၁၀ ခုနှင့် နည်းဗျူဟာ"ဟူသည့် အချက်များသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးရွှေကြည်ခေါ် ဒိုင်းမွန်းရွှေကြည်က ပြောကြားသည်။

ယင်းကိစ္စကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် သာသနာ အဖွဲ့ချုပ်ကြီးနှင့် မွတ်ဆလင် အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။

၉၆၉ အဖွဲ့နှင့် ၄င်းကို အကြမ်းဖက်သူများဟု ကမ္ဘာ့မျက်နှာစာတွင် စွပ်စွဲခံ ထားရသော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ ပယောဂ လုံးဝမရှိကြောင်း၊ အဓိကရုဏ်း များကို မလိုလားသူ ဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေတားဆီး နိုင်ရန် စွမ်းနိုင်သမျှ ကြိုးပမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် လက်တွဲ၍ ရသည့် အစ္စလာမ် ဘာသာဝင်များနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်သည် ဆိုခြင်းမှာ စိတ်ကူးထဲတွင်ပင် မရှိကြောင်း၊ အခြားလူများ ထင်သကဲ့သို့ အစ္စလာမ်များတွင် လက်နက်လည်း မရှိဘဲ စိတ်ကူးယဉ်ပြီး ပြောခြင်းသာ ဖြစ်မည် ထင်ကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြားသည်။

From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>