( အခြေခံဥပဒေပြင်ရေး ကာချုပ်ပေါ် မူတည်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော)
အစကတည်းက ဒီလိုအကွက်လာမယ်ဆိုတာ သိပြီးသား
ခုချိန်မှာ ဒေါ်စု ဘာ့ကြောင့်တပ်မတော်ကိုကပ်နေလဲဆိုတာရိပ်မိတယ်
နောက်တချက် သိပ်မကြာသေးခင်အချိန်မှာပဲ တပ်မတော်ကို
ဘယ်လိုမြင်ရမယ် ညာလိုမြင်ရမယ်ဆိုပြီး မြောင်းပေးလာတာကို
တွေ့ရတယ်.. အများသူငါ ပြည်သူတွေထင်နေကြတဲ့ ပြည့်သူဆန္ဒ
ဘယ်လောက်ပဲ ကောက်ယူထားထား ဘယ်လိုပဲ ရာနှုန်းပြည့်
ထောက်ခံနေပါစေ အဓိက က လွှတ်တော်ပဲ.....
ခု အချိန်လွှတ်တော်ထဲမှာ စစ်တပ်က 25% ပါဝင်နေတယ်
ဒီတော့ ခြေဥ ပြင်ဖို့ကိစ္စအတွက် အမတ်တွေအားလုံး
ထောက်ခံတယ်ထားဦး တပ်မတော်သား 25% ကန့်ကွက်နေသ၍
ဒေါ်စု ဘာမှလုပ်လို့မရဘူး... ၀၈ ဖွဲ့စည်းပုံမှာလည်း
တပ်မတော်ဟာ ခြေဥကို ကာကွယ်ရမယ်လို့ ပါသလို စစ်တက္ကသိုလ်
ကျောင်းဆင်းမိန့်ခွန်းမှာလည်း ထူးထူး ခြားခြား ခြေဥ ကိစ္စကို
ထည့်သွင်းပြောသွားတာကိုလည်း သတိပြုရမယ်လို့ ထင်တယ်..
အဲတော့ ခု အချိန်မှာ အများသူငါ အာရုံစိုက်နေကြတဲ့ ခြေဥကိစ္စဟာ
ထင်သလောက်မလွယ်ဘူးဆိုတာ သေချာတယ် ဘယ်သူတွေ
ဘယ်လိုပဲ ဖိအားပေးနေနေ နဂိုဦးအစကတည်းက Plan A B C
ရှိပြီးသားဖြစ်နေရင်တော့ ဒေါ်စု သမ္မတ ဆိုတာကိုလည်း တပ်အက်
ပြောလို့မဖြစ်နိုင်သေးဘူး... အဲတော့ ဒေါ်စု သမ္မတ ဖြစ်/မဖြစ်ဆိုတာ
တပ်မတော်အပေါ်မှာ အလွန်အရေးပါနေတယ်....
ဒေါ်စုက ခုချိန်မှာ သမ္မတ ကာချုပ်နဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ပေမဲ့
ကာချုပ်ဘက်က တုန့်ပြန်ချက်ကတော့ တွေ့ဆုံဖို့မလိုကြောင်း
လွှတ်တော်ထဲမှာရှိနေတဲ့ 25 % နဲ့ ဆွေးနွေးဖို့လိုကြောင်းကိုလည်း
ကြားသိထားတယ် သမ္မတကြီးအနေနဲ့ကလည်း တွေ့ဆုံဖို့ဆိုတာ
ဖြစ်မလာနိုင်သေးဘူး....
အဲတော့ လက်ရှိ စာရင်းကောက်မယ်ဆိုရင်
၂၀၁၅ မှာ သမ္မတအတွက် / ဦးမန်း / ဒေါ်စု / (လက်ရှိကာချုပ် ခန့်မှန်း )
ဘယ်သူဖြစ်မယ်ဆိုတာ မသေချာပေမဲ့ ဒေါ်စု ခြေဥ ပြင်ဖို့ဆိုတာ
တပ်မတော်အနေနဲ့ဘယ်လိုတုန့်ပြန်နိုင်မလဲ ဆိုတာ
ဆက်ပြီးစောင့်ကြည့်ဖို့လိုတယ်....
From:Nay Minအစကတည်းက ဒီလိုအကွက်လာမယ်ဆိုတာ သိပြီးသား

www.mmdailystar.com