Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်အစီရင်ခံစာ စောင့်သင့် ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို

$
0
0
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံထားသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးအဖြေရှာရေး အစီအစဉ်ကို "ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာထွက်သည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း"နိုင်ငံတော်သမ္မတကိုယ်စား ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းရာတွင် NLD ပါတီနည်းတူ တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၅၈ ခု၏ သဘောထားအကြံပြုချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော်၏ အခွင့် အာဏာကို လေးစားရန် လိုအပ်သဖြင့် အစီရင်ခံစာ ထွက်ပြီးချိန်မှသာ ညှိနှိုင်းမည့် အစီ အစဉ်ကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဘယ်လိုပူးပေါင်း ဆွေးနွေးညှိနှိုင်းသင့်သလဲ ဆိုတာ ဆက်လုပ်သင့်ပါတယ်"ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ပြောဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် နိုင်ငံရေးပါတီအားလုံး တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက မှတ်ချက်ပြုသည်။

"ပါတီတွေအားလုံးနဲ့ တွေ့နိုင်တဲ့ နည်းလမ်း စဉ်းစားရမှာပေါ့။ တွေ့လည်းတွေ့ရမှာပဲလေ။ လူချင်းတွေ့တာလည်း ရှိနိုင်တယ်။ တင်ပြချက်တွေနဲ့ တွေ့တာလည်း ရှိနိုင်တယ်"ဟု ဦးဌေးဦးက မှတ်ချက်ပြုသည်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါတီအားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ညှိနှိုင်းလုပ်ဆောင်ပါက ပြင်ဆင်ရေးကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည် ဟု ယူဆကြောင်း၊ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ရှိသည့်အပြင် အခြေခံဥပဒေမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်သဖြင့် ယင်းသို့ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး NLD ပါတီသည် ၄င်းတို့ပါတီမှ ကိုယ်စားလှယ် ခုနှစ်ဦး ပါဝင်နေသည့် အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီမှတစ်ဆင့် လုပ်ဆောင်ပါက ပိုပြီး နည်းလမ်းကျကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောဆိုသည်။

"အဲဒီ လေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ကို ချပေးမယ် ဆိုရင် လွှတ်တော်က ရော်ဘာတံဆိပ်တုံးနှိပ်တဲ့လွှတ်တော် ဖြစ်သွားမှာပေါ့"ဟု ၄င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတေယ်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း မေတ္တာရပ်ခံသည့်စာကို လက်ခံရရှိကြောင်း၊ ယင်းစာပါ "နိုင်ငံသူနိုင်ငံသားများအတွက် အသက်တမျှအရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့ရန် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မှာ ကောင်းမွန် သင့်မြတ်ကြောင်း"နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ဖြည့်စွက်ပြောကြားသည်။

The Voice
From:Hmuu Zaw

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>